1 Google မှ အင်တာနက်ပါ အသုံးပြုနိုင်သော TV ထုတ်လုပ် [Global News] 24th July 2010, 1:20 am
ET
Moderator
Google မှ အင်တာနက်ပါ အသုံးပြုနိုင်သော TV ထုတ်လုပ်
အင်တာနက်ရော ၊ TV ပါ နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ TV ကို Google ကနေ ထုတ်လုပ်လိုက်ပါပြီး။
အဆိုပါ Google TV မှာ facebook နဲ့ youtube ဗီဒီယိုတွေကို အခန်းတွင်းမှာ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။
Sony ၊ Intel တို့နဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ ဒီ TV ဟာ remote control နဲ့ အဝေးကနေ အင်တာနက်နဲ့ TV ကို ပြောင်းလဲ ကြည့်ရှုနိုင်ပြီး ၊
wireless keyboard နဲ့ အသုံးပြုနိုင်အောင် ပြုလုပ်စီမံထားပါတယ်။
အိမ်သုံး HDTV ပဲရှိသူများအတွက်လဲ အသုံးပြုနိုင်အောင် set-top box ကို ပြုလုပ်ထားပြီး ကြားခံအသုံးပြုရမှာဖြစ်ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ Google TV ကို အခုလာမဲ့ ဆောင်းဦးရာသီမှာ US မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ၊
ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။