1 Linux အသုံးပြုသည့်စက်များတွင် trojan ပါဝင်မှုနှုန်းမြှင့်တက်လာ [Global News] 27th June 2010, 2:06 pm
ET
Moderator
Unreal IRCD Forum ၏ဖော်ပြချက်များအရ Linux အသုံးပြုသည့်စက်များတွင်
trojan ပါဝင်သည့် Unreal 3.2.8.1.tar.gz
ဖိုင်တစ်မျိုးကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို trojan သည်
အသုံးပြုသူများကို မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ဆောင်ခွင့်ပြုထားပြီး၊
အတားအဆီးများကိုကျော်ကာ ၀င်ရောက်နိုင်ကြောင်း သိရှိရသည်။ ဖော်ပြချက်များအရ
အဆိုပါ trojan သည် ၂၀၀၉ ခုနှစ်နိုဝင်ဘာလမှစတင်၍ .tar.gz များတွင်
အစားထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ယခုအချိန်ထိ အရေအတွက်မည်မျှ
ကူးစက်ခံထားရသည်ကိုမသိရှိရသေးကြောင်း သိရသည်။ Linux system အများစုသည်
trojan ပါဝင်လေ့ရှိသော်လည်း စီး ပွားရေးလုပ်ငန်းများကို
ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။ Linux system သည်
လုံခြုံရေးကောင်းမွန်သည့် OS မဟုတ်သဖြင့် အသုံးပြုသူများအနေဖြင့်
အပြည့်အ၀လုံခြုံမှုမရရှိနိုင်ကြောင်းကိုလည်း ကျွမ်း
ကျင်သူများ၏ပြောကြားချက်အရ သိရှိရသည်။ IT administrator များအနေဖြင့်လည်း
ပို၍သတိဝီရိယရှိရမည့်အပြင် Linux သည်လည်း Windows ကဲ့သို့ပင်
ခြိမ်းခြောက်မှုများရှိကြောင်းကိုလည်း သိရမည် ဖြစ်ကြောင်းဆိုသည်။ Windows
ကဲ့သို့ပင် Linux ကိုလည်း လုံခြုံရေးဆိုင်ရာစည်းမျဉ်းများပြုလုပ်ကာ trojan
များ၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်းကို ကျွမ်းကျင်သူများကဆိုကြသည်။
source:

- Code:
[url=http://myanmarinternetjournal.com/inernational-news/2279-linux-trojan-]mminternetjournal [/url]
Last edited by ထက်နိုင် on 28th June 2010, 8:02 pm; edited 1 time in total (Reason for editing : adding tag)