Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
အင်တာနက်ပေါ်မှ ချစ်သူခင်သူများကို လက်ဖြင့်ထိတွေ့ခံစားနိုင်ပြီး [Global News] Humanhandcyberhand87486အင်တာနက်ပေါ်ကနေ သင်၏ ချစ်သူခင်သူများကို ထိတွေ့ခံစားစေနိုင်တဲ့စက်ရုပ်လက်ကို ဟောင်ကောင်သိပ္ပံပညာရှင်များမှ တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။
အဆိုပါလက်ဟာ အင်တာနက်ကနေ လက်ဆွဲနှုတ်ဆက်ခြင်း ၊ လက်ကိုခိုင်မြဲစွာဆုပ်ကိုင်နိုင်ခြင်းများအပြင်
OK တို့ V ဆိုတဲ့ victory သင်္ကေတများကိုပါလုပ်ဆောင်နိုင်ကြောင်း သိရှိရပါတယ်။
ဟောင်ကောင်ရှိ Chinese University မှသုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ပရောဖက်ဆာ Liu Yunhui က ပြောရာမှ
" ဒီအချိန်မှာတော့ စက်ရုပ်လက်ရဲ့ လုပ်ဆောင်နိုင်မှုတွေကမပြည့်စုံသေးပါဘူး။ သူက စက်ရုပ်လက်ဖြစ်တာကြောင့် တကယ့်လူသားတစ်ယောက်ရဲ့လက်အထိအတွေ့ ၊ လှုပ်ရှားနိုင်မှုတွေနဲ့ ထပ်တူကျအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ သူကဆက်လက်ပြောကြားရာမှာ အခုအခါ စက်ပိုင်းဆိုင်ရာနဲ့ ထိန်းချုပ်ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသော်လည်း နောင်မှာ ဒီထပ်ပိုမိုများပြားသည့် အသေးစိတ်လက်လှုပ်ရှားများကို ထိန်းချုပ်နိုင်ရန်အတွက်
ကြိုးပမ်းလျက်ရှိကြောင်းကိုလဲ ပြောကြားသွားပါတယ်။

အင်တာနက်ပေါ်မှ ချစ်သူခင်သူများကို လက်ဖြင့်ထိတွေ့ခံစားနိုင်ပြီး [Global News] 44256746

အစပထမက သက်ကြီးရွယ်အိုများအနေနဲ့ သူတို့ချစ်ခင်သူများ၏ ထိတွေ့မှုကို ရရှိသကဲ့သို့ ခံစားစေနိုင်ရန် ရည်ရွယ်တီထွင်ခဲ့ဖြင်းဖြစ်ပါတယ်။

မိမိချင်ခင်သူများကို ဖုန်းမှတဆင့် ဂရုစိုက်မှုကို ပြသနိုင်သော်လည်း အထိအတွေ့သည်လည်း ချစ်ခင်မှုကို ဖော်ပြရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်း ဖြစ်ကြောင်း

ပရော်ဖက်ဆာ လျူက ထပ်လောင်းပြောကြားသွားပါတယ်။ အဓိက အခက်အခဲမှာ ထုတ်လုတ်မှုကုန်ကျစရိတ်ပင်ဖြစ်ပြီး ၊ မိမိတို့ ပရောဂျက်၏ ရည်ရွယ်ရင်းမှာ ကစားစရာအဖြစ် ထုတ်လုပ်လိုခဲ့ဖြင်း

သာဖြစ်ကြောင်း ပြောကြားပါတယ်။ သူတို့အဖွဲ့အစည်းအနေနဲ့ နောင်တွင် လူသားလက်အစစ်နဲ့တူသည့် စက်ရုပ်လက်ပုံစံများ တီထွင်သွားနိုင်ရန်နှင့် တစ်နေ့မှာ လူသားတစ်ဦးကဲ့သို့ပင်

ထိတွေ့ခံစားနိုင်မှု ၊ လှုပ်ရှားမှုများ ကိုလုပ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရပါတယ်။

ယခုလက်ရှိ စက်ရုပ်လက်မော်ဒယ်ကို ဈေးကွက်သို့ ယခုနှစ် ခရစ်စမတ်တွင် ရောင်းချသွားနိုင်ရန် မျှော်လင့်ထားပြီး ၊ ဈေးနှုန်းမှာ ပေါင် ၂၀ ၀န်းကျင်ခန့်ဟု သိရှိရသည်။


Ref:
Code:
http://www.thesun.co.uk/sol/homepage/news/2931764/Cyber-hand-lets-net-users-touch.html

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com