1 Basic C# Programming [Programming] 9th May 2010, 9:00 am
soeminaung
MITR New User
Microsoft ရဲ့ C# Programming Language ဟာ Microsoft Visual Studio 2008 နဲ့ .Net Framework 2.0 ပေါ်လာပြီးနောက်ပိုင်းကနေ စပြီး တစစနဲ့ လူသိများလာခဲ့ပါတယ်။ C++ Programmer တွေအတွက် ထုတ်လုပ်ထားတာလို့လဲ Microsoft က ပြောပါတယ်။ ကျွန်တော့်အမြင်ပြောရရင် C# ကို Windows Form Application တွေမှာ သိပ်မသုံးဘဲ Web Application မှာ ပိုအသုံးများတယ်လို့ ထင်ပါတယ်။ Microsoft ရဲ့ MCTS Exam မှာလည်း ASP.Net ကို C# နဲ့ စစ်ပါတယ်။ ဒါကြောင့် Server Side Web Development ကို လေ့လာချင်တဲ့ သူတွေ၊ Microsoft Technology ကို စိတ်ဝင်စားတဲ့လူတွေဟာ C# ကိုလေ့လာဖို့လိုပါပြီ။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း JAVA က ရေပန်းအစားဆုံးဖြစ်ပေမယ့်လည်း VB, C# ကလည်း သူ့ကို ကောင်းကောင်းလိုက်နိုင်ပါတယ်။ Data Types in C#
- int - integer
- double double
- bool boolean
- String - string etc..
- ဒါတွေကတော့ အသုံးအများဆုံး Data Types တွေဖြစ်ပါတယ်။
- Parsing String to Others
- int FirstNumber;
- int SecondNumber;
- int Result;
- FirstNumber=int.parse(txtFirstNumber.text);
- SecondNumber=int.parse(txtSecondNumber).text;
- Result=FirstNumber*SecondNumber;
- lblAnswer.text=Result.ToString();]ဖြစ်ပါတယ်။ ဒါကတော့ Visual Studio 2008 မှာ ဂဏန်းပေါင်းတဲ့ program ရဲ့ ရှင်းလင်းချက်ဖြစ်ပါတယ်။