Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
basic SQL အကြောင်းသိကောင်းစရာ.....................





[You must be registered and logged in to see this link.]

ဒီနေရာလေးမှာ SQL နဲ့  ပတ်သက်တာလေးတွေကို ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ .. ..




SQL မိတ်ဆက်
SQL ဆိုတာ structured query language
ရဲ့  အတိုကောက် စကားလုံးဖြစ်ပါတယ် ။ sql က database ကို
ကျွမ်းကျင်စွာအသုံးပြုနိုင်အောင်အထောက်အကူပေးပါလိမ့် မယ် ။ SQL ဟာ ANSI
(american national standards institute ) အဖွဲ့ ရဲ့  စံ
စနစ်တခုဖြစ်ပါတယ်။



SQL ဟာ ဘာတွေလုပ်နိုင်သလဲဆိုရင်...

  • SQL ဟာ database တခုကို မေးမြန်းစူးစမ်းမှုတွေလုပ်နိုင်ပါတယ်
  • SQLဟာ database တခုက data တွေကိုပြန်လည်ရယူနိုင်ပါတယ်
  • SQL ဟာ database တခုအတွင်းကိုမှတ်တမ်း (records ) တွေရေးသားထည့်သွင်းနိုင်ပါတယ်
  • SQL ဟာ database တခုအတွင်းက record တွေကို update လုပ်နိုင်ပါတယ်
  • SQL ဟာdatabase တခုအတွင်းက record တွေကို delete လုပ်နိုင်ပါတယ်
  • SQL ဟာ database အသစ်တခုကိုလဲဖန်တီးပြုလုပ်နိုင်ပါတယ်
  • SQL ဟာ database အတွင်းမှာ produres တွေကိုလဲသိုလှောင်သိမ်းထားနိုင်ပါတယ်
  • SQL ဟာ database အတွင်းမှာ views တွေကိုလဲထည့် သွင်းနိုင်ပါတယ်
  • SQL ဟာ TABLE , PROCEDURES,VIEWS တွေအပေါ်မှာ ခွင့်ပြုချက် permissions တွေကိုလဲစီစဉ်နိုင်ပါတယ်

SQL ဟာANSIရဲ့ 
စံစနစ်တခုဖြစ်သော်လည်းအမျိုးကွဲတွေများစွာရှိပါတယ်…different versions
တွေပေါ့နော်..။ဒါပေမယ့် အဲဒီမျိုးကွဲတွေဟာလဲ….ANSI စနစ်နဲ
့လိုက်လျောညီထွေဖြစ်စေရန် အနဲဆုံးတော့ major commands တွေဖြစ်တဲ့ 
SELECT , UPDATE , DELETE , INSERT, WHERE
စတာတွေကိုထောက်ခံကြပါတယ်..တူညီကြတယ် ။ SQL DATABASE PROGRAMS
အများစုကတော့ သူတို့ ရဲ့ ကိုယ်ပိုင်မူပိုင်စနစ်တွေကို SQL STANDARD
မှာ ပေါင်းထည့် ထားတတ်ပါတယ် ။

website တခုတည်ဆောက်တော့မယ်ဆိုရင်..ဒါတွေကိုလဲလေ့ လာထားရမှာပါ…..

  • AN RDBMS database program ( i.e.MS access , SQL server , my SQL )
  • A server-side scripting language, like : php or asp
  • SQL
  • HTML/CSS

RDBMS
RDBMS ဆိုတာက ( relational database
management system ) ကိုခေါ်တာပါ ။အဲဒါကတော့ SQL အတွက်သာမက ခေတ်မှီ
database system တွေအားလုံးရဲ့  အခြေခံပါ ။ ဥပမာ…MS SQL SERVER , IBM
DB2 , ORACLE , MY SQL , MICROSOFT ACCESS အဲဒါတွေပေါ့ ။ database
objects အတွင်းသိုလှောင်ထားတဲ့ RDBMS အတွင်းက data တွေကိုတော့  TABLE
လို့ ခေါ်ပါတယ် ။ table တခုအတွင်းမှာ columns တွေ ၊ rows တွေပါဝင်ပါတယ် ။

DATABASE TABLE အကြောင်းလေ့ လာကြည့်ရအောင်ဗျာ….
database တခုမှာ table
တွေဟာတခု၊ဒါမှမဟုတ်..တခုထက်ပိုပြီးပါဝင်ကြပါတယ် ။ table တခုစီမှာသူရဲ့ 
ပိုင်ဆိုင်ထားတဲ့ နာမည်တွေရှိပါတယ်….ဥပမာ…” customers” ဒါဆိုရင်
customers table လို့ ခေါ်ပါတယ် ၊ “person” ဒါဆိုရင် persons table ပါ
။ table တခုမှာ records (rows ) တွေပါရှိပါတယ်…rows တွေမှာ data
တွေရှိပါတယ် ။
ဥပမာလေး…ကြည့် ကြည့် ဗျာ…
p_ID lastname firstname address city
1 linn mr 166 mdy
2 moe dr 167 npt
3 phyo tc 168 ygn
4 ispy tc 169 ccp

အထက်မှာ ဖော်ပြထားတဲ့  table လေးကို persons table လို့ ပဲခေါ်ကြရအောင်ဗျာ.။
( p_id , lastname , firstname ,address , city ) အဲဒါတွေကို column name လို့ ခေါ်တယ် ။
အဲဒီအောက်က အတန်းတွေကတော့ row လို့ ခေါ်တယ် ။အဲဒီrow တွေထဲမှာထည့် ထားတာက data တွေပေါ့ ။

SQL statements
(1) SELECT statement
SELECT column_name(s)
FROM table_name
ဒါလေးကတော့ table က ကိုလိုချင်တဲ့  အချက်တွေကိုပြမယ့် ပုံစံပါ ။ column_name ဆိုတဲ့ နေရာမှာ columnname တွေထည့် ရမှာပါ ။
ဥပမာ။ ။

SELECT lastname, firstname
FROM persons

အဲလိုရေးရင် table လုံးမပေါ်ပဲ..lastname column နဲ့  firstname column ပဲပေါ်မှာဖြစ်ပါတယ် ။ ဒီလိုပေါ်မှာမှာ
LASTNAME FIRSTNAME
lin mr
moe dr
phyo tc
ispy tc
ဒီ SQL statement ကတော့ table
တခုလုံးကိုပြတဲ့  ဟာဖြစ်ပါတယ်.. column name တွေမရွေးပဲ…( * )
ခရေပွင့်လေးထည့် မယ်ဆိုရင်တော့အားလုံးပေါ်ပါလိမ့်မယ် ။

SELECT *
FROM persons

SQL SELECT DISTINCT STATEMENT
table တခု အတွင်းမှာ တချို့  column
name တွေမှာပါဝင်တဲ့ အချက်တွေဟာ တူညီနေတတ်ပါတယ် ။ ဒါဟာပြဿနာမဟုတ်ပေမယ့် 
တခါတရံ table အတွင်းမှာ ကွဲပြားခြားနားတဲ့  different values
တွေကိုပဲ..ဖော်ပြချင်တဲ့  ဆန္ဒဖြစ်လာတဲ့ အခါမှာ…ဒီ STATEMENT ကို
အသုံးပြုရမှာဖြစ်ပါတယ် ။

SELECT DISTINCT column_name(s)
FROM table_name

ကျွန်တော်တို့ ဟာ firstname တူနေတဲ့  အချက်တွေကိုမလိုချင်ဘူး ၊ ကွဲပြားခြားနားတဲ့ အချက်တွေကိုပဲယူမယ်ဆိုပါဆို့  ။
select distinct firstname
from persons

အဲလိုရေးလိုက်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ ရမှာဖြစ်ပါတယ်………………..
firstname
mr
dr
tc


အဲဒီမှာ တွေ့ ရမှာက မူလ table မှာ firstname ” tc ” နှစ်ထပ်နေတဲ့ အတွက်
အခုတခုပဲဖော်ပြတော့တာတွေ့ ရမှာပါ ။ တူနေတာတွေ၊ထပ်နေတဲ
့dataတွေကိုမဖော်ပြချင်ရင်၊ table ထဲမှာ ကွဲပြားခြားနားတဲ့  data
တွေကိုပဲ သိချင်တယ်ဆိုရင် ဒီ statement ကိုသုံးရမှာဖြစ်ပါတယ် ။

SQL WHERE clause
ဒါကတော့ coloumn name တခုက data
တွေကို ကောက်နုတ်ရွေးချယ်နိုင်ပါတယ် ။ ဥပမာ ။ ။ ကျွန်တော်တို့ ဟာ
အထက်မှာပြထားတဲ့  person table ထဲက column firstname မှာရှိတဲ့  data
တွေဖြစ်တဲ့  mr ,dr ,tc,tc တွေက dr
မှစပြီး.အောက်ပိုင်းတွေပဲလိုချင်တယ်၊ dr ရဲ့ အပေါ်ဘက်မှာရှိတဲ့  data
တွေကိုမလိုချင်ဘူးဆိုရင် ဒီလိုရေးရပါလိမ့် မယ် ။

SELECT *
FROM persons
WHERE firstname>’dr’

အဲဒီလိုရေးရင်ဒီလိုပေါ်လာမှာဖြစ်ပါတယ်။
p_id lastname fristname address city
2 moe dr 167 npt
3 phyo tc 168 ygn
4 ispy tc 169 ccp


အဲဒီမှာ firstname “ dr “ ရဲ့ အပေါ် က firstname ” mr “ ပါ တဲ့ 
row တခုလုံးမပါတော့ တာတွေ့ ရမှာပါ ။ ဘာလို့ လဲဆိုတော့ ရေးထားတာကိုက dr
မှစပြီး အောက်ပိုင်းတွေကိုပဲဖော်ပြရန်လို့  commend ပေးထားလို့ ပါ ။
> ဒီသင်္ကေတလေးတော့ ထည့် ဖို့ မေ့ မသွားပါနဲ့  ။ တကယ်လို့  dr
မှစပြီး အပေါ်ပိုင်းတွေပဲလိုချင်တယ်ဆိုရင်တော့  <
လေးပြောင်းလိုက်ပါ ။ဒါဆိုရင် ဒါဆိုရင် firstname “mr” နဲ့  ” dr”
ပါတဲ့  rows တွေပဲတွေ့ ရမှာဖြစ်ပါတယ် ။ ဥပမာ ။ ။
SELECT *
FROM persons
where firstname<’dr’

အဲဒီလိုရေးမယ်ဆိုရင်တော့ ဒီလိုပေါ်လာမှာဖြစ်ပါတယ် ။

p_id lastname fristname address city

1 linn mr 166 mdy
2 moe dr 167 npt
သတိထားရမယ့် အချက်လေးတချက်တော့ရှိပါတယ် ။
အဲဒါကဘာလဲဆိုတော့ ( ‘ ’ ) အဲဒီ quotes ဆိုတဲ့ ဟာလေးပါ ။ ဒါလေးက
စာသားတွေမှာဆိုရင် ခံပေးရမှာပါ ။ဥပမာ ။ ။

SELECT *
FROM person
WHERE firstname> ‘ mr ‘
အဲလိုရေးမှမှန်မှာပါ ။
SELECT *
FROM person
WHERE firstname> mr
ဒီလိုရေးရင်မှားပါတယ် ။
အဲ…ဂဏန်း တွေဆိုရင်တော့ quotes ခံစရာမလိုပါဘူး ……….ဥပမာ ။ ။
SELECT *
FROM person
WHERE address> 166
ဒီလိုရေးရင်မှန်ပါတယ် ။
SELECT *
FROM person
WHERE firstname> ‘166′
ဒီလိုရေးရင်မှားပါတယ် ။
OPERATORS allowed in the WHERE clause
operator description
= equal
< > not equal
> greater than
< lesstthan
> = greater than or equal
< = less than or equal
BETWEEN between an inclusive range
LIKE search for a pattern
IN
if you know to return for at least one of the columns

တခုသတိပေးချင်တာက < > အဲဒီ operator ကို တချို့  SQL versions တွေမှာ ! = အဲဒီလိုရေးပါတယ် ။(နည်းပညာပြန့်ပွားရေးအတွက် ကျနော်သူငယ်ချင်း [You must be registered and logged in to see this link.] ဆီမှ ပြန်လည်ဖော်ပြပါတယ်၊)[You must be registered and logged in to see this link.]

http://alinkarnya.blogspot.com/

သီရိ

သီရိ
MITR New User



ကျွန်တော်နည်းနည်းလေးဆက်လိုက်မယ်.... Smile

date/month/year နဲ့ query စစ်ချင်သူတွေအတွက်ပါ....

SELECT column_name FROM table_name WHERE month(order_receiving_date) ='09'

month နေရာမှာ date/year ကြိုက်တာထည့်စစ်လို့ရတယ်...
order_receiving_date ဆိုတာကတော့ ကိုယ်စစ်ချင်တဲ့ column_name ပါ
'09' ကတော့ condition စစ်တာပါ...


Character String Comparison Operator


SELECT * FROM customer WHERE customer_name LIKE '%John'


ဒါကတော့ character ကိုစစ်တာပါ
LIKE ဆိုတာကတော့ အနီးစပ်ဆုံးကိုယူတာပါ
% ကတော့ John ဆိုတဲ့ စကားလုံးရှေ့က ဘာပဲရှိရှိ ယူမယ်ဆိုတဲ့သဘောပါ... John နဲ့ဆုံးတဲ့ records တွေအကုန်လုံးကိုယူမယ်လို့ဆိုလိုတယ်
% ကို ကြိုတ်တဲ့ နေရာမှာထားသုံးနိုင်ပါတယ်... 'Smith%' , 'Joe%Paul'

နောက်တစ်မျိုးရေးလို့ရသေးတယ်..ဒီတစ်ခုကတော့ ကိုယ်အတိအကျသိမှရမှာ


SELECT customer_name FROM customer WHERE customer_name LIKE '_ _ _ _ _ John'


ဒါကတော့ John ရဲ့ရှေ့မှာ စာလုံးငါးလုံးရှိတဲ့ customer_name တွေကို ထုတ်ယူမယ်လို့ဆိုလိုတာပါ...


သီရိ

sHa92

sHa92
Founder



Founder
မသီရိ ရဲ့ Database အကြောင်း Thread အရှည်ကြီးကို ဒီမှာလာမျှပါဦးလား။
ကျနော်လည်း အခု Project က အဲ့ဘက်ပိုင်းတွေပါလာပြီဆိုတော့ ပြန်လေ့လာရအောင်လို့ပါ။

http://www.myanmaritresource.info

soezaw2008

soezaw2008
MITR New User



basic အကြောင်း ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်
ကျွန်တော်က sqlserver2005 နဲ့ vb.net ကို တွဲပြီး program ရေးနေတဲ့သူပါ ကျွန်တော်အနေနဲ့ sql stored procedured ရေးထားတဲ့ ebooks လိုချင်ပါတယ် link မပေးပါနဲ့ ebooks ကိုဘဲ ဖြစ်နိုင်ရင် လိုချင်ပါတယ်...

Smith

Smith
MITR New User



Hi! SQL na pak tak pi thi chin tar lay she lo par..............Relationla Algebra nar ma lo kuu nyi pi shin pya pay lo ya yin explain load pay par.....Thanks a lot!

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com