Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကျနော်တို့ ယနေ့ခေတ် Programming လောကထဲမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ..

Java , C++ တို့လိုမျိုး သက်ဆိုင်ရာ Language တွေထဲက တစ်ခုစီကို Professional အဖြစ် ကျွမ်းကျင်နေဖို့အရေးကြီးတာလား???

Network programmer, Database programmer, System programmer, Game programmer တို့လို သက်ဆိုင် field တခုခုမှာ professional အဖြစ်ရပ်တည်နိုင်အောင် လုပ်ဖို့ အရေးကြီးတာလား ???

ဆိုတာတွေကို ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးပေးကြပါ။




Last edited by $ƴǩǾ on 28th May 2009, 1:05 am; edited 1 time in total

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder

ကျနော်ထင်တာကတော့ သက်ဆိုင်ရာ Field တစ်ခုစီမှာ ကျွမ်းနေဖို့ လိုတယ်လို့ထင်ပါတယ်....

သက်ဆိုင်ရာ ဘာသာရပ်တစ်ခု စီမှာ ကျွမ်းကျင်မှုရှိဖို့လည်း လိုတယ်ဆိုတာ မှန်ပေမယ့်
အဓိကကတော့ Logic ဖြစ်မယ်ထင်ပါတယ်....
Language ဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပါတယ်.....
လူတွေ ပြောနေတဲ့ ဘာသာစကားမှာတောင် (“မင်္ဂလာပါ” , "Hello") စသည်ဖြင့် ကွဲသော်လည်း ရည်ရွယ်ချက်ကတော့ တူပါတယ်... Game တစ်ခုကို Logic သိရုံနဲ့ ကြိုက်တဲ့ Language သုံးပြီးရေးနိုင်ပါတယ်.... ဒါပေမယ့် Logic ကောင်းကောင်းမစဉ်းစားတတ်ဘဲ Language ကို ဘဲ အလွတ်ရနေသလို ရနေရင်တော့ ဘာမှ လုပ်လို့ရမှာမဟုတ်ပါဘူး....(စာစီစာရိုက်သမားနဲ့ ဘဝတူနေမှာပါ)
ဒီနေရာမှာ Logic တစ်ခုတည်းရှိပြီးတော့ ဘာ Language မှမတတ်ရင်လည်း ရေးလို့ရမှာမဟုတ်ဘူး ဆိုပြီးတော့ ငြင်းစရာရှိနေပါတယ်.... ဟုတ်ပါတယ်... Programming Language တစ်ခုမှ မတတ်ရင်တော့ အချောသတ် Program တစ်ပုဒ်အနေနဲ့ ထွက်လာမှာတော့ မဟုတ်ပေမယ့် Pseudo Code နဲ့ရေးထားသလိုမျိုးတော့ ထွက်ကောင်းထွက်လာနိုင်ပါတယ်.... Logic သာ ကောင်းကောင်း ရှိထားလို့ကတော့ SA တောင် ဖြစ်နိုင်ပါသေးတယ်...
Language တစ်ခုတည်းကိုဘဲ ကျွမ်းနေရင်တော့ သာမာန် Programmer ပေါက်စလောက်အဆင့်ဘဲ ဖြစ်ဦးမှာပါ... SA ဖြစ်ဖို့ အများကြီးကြိုးစားရဦးမှာပါ...

အဓိကကတော့ Language ပေါ်မမှီခိုသင့်ပါဘူး... Language ကိုလေ့လာပါ...ဒါပေမယ့် Language တစ်ခုခုရဲ့ Professional တစ်ယောက်ဆိုပြီးတော့ ရပ်မနေပါနဲ့.. ကိုယ်လုပ်ချင်တဲ့ Field တစ်ခုမှာ ဝင်ဆန့်အောင် အဲဒီ့ဘက်ပိုင်းနဲ့ ဆိုင်တဲ့ Logic လေးတွေ များများ စဉ်းစားပါ...
Language ဆိုတာမျိုးက Logic ရှိရင် ခဏလေးနဲ့ လေ့လာလို့ရပါတယ်... ရေးပုံရေးနည်းလေးတွေ ဘဲကွဲနေမှာပါ။

ကျနော်ကိုယ်တိုင်လည်း Programmer တစ်ယောက်မဟုတ်သလို ၊ ဘာမှ လည်း မဟုတ်ပါဘူး....
ဒါပေမယ့် အခုတလော ကျနော့် သူငယ်ချင်းတွေ ကြားထဲမှာ ငြင်းခုံနေတာလေးကို သတိရလို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်...

ဆွေးနွေးမှုများကို ကြိုဆိုလျက်ပါ....
~$ƴǩǾ~

http://www.myanmaritresource.info

ဘီလူး

ဘီလူး
Reviewer



Reviewer
ကျွန်တော်လည်း field တစ်ခုချင်းစီမှာကျွမ်းကျင်ဖို ့လိုအပ်တယ်လို ့ထင်ပါတယ်...ဘာဖြစ်လို ့လဲဆိုတော့ ဘယ် field ကိုမဆို professional တစ်ယောက်ဖြစ်အောင်လုပ်မှသာ.မိမိအတွက်လုပ်ငန်းအဆင်ပြေမှု ့ရှိမှာပါ.......Language ကတော့ဘယ်field ကိုမဆို coding ပိုင်းသာကွဲချင်ကွဲမယ်. thinking အပိုင်း ကအတူတူပဲမို ့..........မိမိ field ကိုကျွမ်းကျင်နေရင်လိုက်လေ့လာဖို့ မခက်ခဲဘူးလို့ ထင်လို့ပါ.....
ကျွန်တော်ကိုတိုင်လည်းဘာမှမသိသေးသူတစ်ယေက်မို ့အမှားပါရင်ခွင့်လွတ်ကြပါ............ပို့စ်ရဲ့ မေးခွန်းလေးကိုစိတ်ဝင်စားလို့ ဝင်ရောက်ရေးသားခြင်းဖြစ်ပါတယ်......

sHa92

sHa92
Founder



Founder
ကျနော့်ရဲ့ ဒီ Topic လေးကို ဆက်ပြီး ဆွေးနွေးပေးကြပါဦးဗျာ။

မျက်နှာငယ်လိုက်တာ။ ၁ ယောက်ဘဲဝင်ဆွေးနွေးသွားတယ်။ နောက်ထပ်မဆွေးနွေးကြတော့ဘူး

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ကျွန်တော်လည်းဒီလိုပါပဲ

အကုန်လုံးကိုစိတ်ဝင်စားပေမယ် တစ်ခုကိုတော့အပိုင်ကိုင်မှရမယ်ထင်တယ်

ဒါမှပိုက်ဆံရမှာပေါ့
အခုတော့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်တုန်းဟီး

စိတ်ဝင်စားတဲ့လိုင်းကလည်းပိုက်ဆံမရ ဟီးတော်ပြီ ဒီလိုင်းမလိုက်တော့ဘူး

http://www.myanmaritresource.info

သီရိ

သီရိ
MITR New User



အမှန်တော့.. Logic / concept ကိုသိရင် လွယ်လွယ်လေးပဲ...
language တစ်ခုရဲ့ concept ကိုသိတာနဲ့.. ကျန်တာတွေကို အားလုံးကိုယ့်ဘာသာကိုယ်လေ့လာလို့ရတယ်....
တစ်ချို့တွေက .. language အသစ်တစ်ခုထွက်တာနဲ့.. အဲ့ဒီ language နဲ့ဆိုင်တဲ့သင်တန်းတွေကို ထပ်တက်ကြတယ်...
အဲ့လိုမျိုူးသာဆိုရင်..အသက်သာကြီးသွားမယ်.. ငွေကုန်မယ်.... အချိန်ကုန်တာပဲရှိမယ်...

အမှန်တော့..programming language ကို လေ့လာရတာလွယ်ပါတယ်....
language တစ်ခုကို ပိုင်ပိုင်နိုင်နိုင်လေ့လာပြီး.. ကျန်တဲ့ language တွေကို သူနဲ့နှိုင်းယှဉ်ပြီးလေ့လာရင် လွယ်ကူပါတယ်...

အကယ်လို့ ကိုယ်က java မှာ output ထုတ်ပြချင်တယ်ဆိုရင် System.out.println() ကိုသုံးတယ်...
PHP မှာဆိုရင် print ဆိုတဲ့ keyword ကိုသုံးတယ်....

အဲ့လိုမျိုးနှိုင်းယှဉ်လေ့လာရင် လွယ်ကူပါတယ်... အချိန်ကုန်လည်းသက်သာပါတယ်...

အမှန်တော့.. ကျွန်တော်လည်း programming အကြောင်းသိပ်တော့မသိပါဘူး....
ကျွန်တော်က ဟိုစပ်စပ်ဒီစပ်စပ်ပဲသိတာ... တိတိကျကျသိတာဆိုလို့ ဘာတစ်ခုမှမရှိသေးဘူး....

ဒါပေမယ့်.. အခုကျွန်တော်ပြောလိုက်တာက ... ကျွန်တော်ရဲ့ထင်မြင်ချက်လေးပေါ့...

sHa92

sHa92
Founder



Founder
မသီရိ ပြောတာ ဟုတ်ပါတယ်။
ကျနော့် အသိတွေထဲမှာဆို VB.NET ရူးနေတုန်းက VB.NET တွေလိုက်တက်တယ်။
C# ပိုကောင်းတယ်လဲပြောရော C# နဲ့ ဆိုင်တာတွေ လိုက်တက်ရော။ Very Happy
အဲလိုတွေသာ လိုက်တတ်နေတာ ခုထိ ဘာမှရေရေရာရာမသိသေးဘူး။ တစ်ခါတစ်လေဆိုရင် ကျနော့်လို ဘာသင်တန်းမှ မတက်ထားတဲ့သူဆီကတောင် လာမေးနေတယ်။ Razz Razz

မိမိဉာဏ်ကို သေချာ အသုံးချတတ်ရင် Programming ဆိုတဲ့ပညာဟာ လုံးဝကို မခက်ခဲတဲ့ ပညာတစ်ခုပါ။

ဆက်လက်ဆွေးနွေးကြပါဦး

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com