Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

ဒီပွဲကို ?

Programming ပြိုင်ပွဲ Vote_lcap89%Programming ပြိုင်ပွဲ Vote_rcap 89% [ 24 ]
Programming ပြိုင်ပွဲ Vote_lcap11%Programming ပြိုင်ပွဲ Vote_rcap 11% [ 3 ]
Programming ပြိုင်ပွဲ Vote_lcap0%Programming ပြိုင်ပွဲ Vote_rcap 0% [ 0 ]
Total Votes : 27

Poll closed

View previous topic View next topic Go down  Message [Page 1 of 1]

1Programming ပြိုင်ပွဲ Empty Programming ပြိုင်ပွဲ 24th October 2009, 11:20 am

sHa92

sHa92
Founder



Founder
ကျနော် Programming ပြိုင်ပွဲလေး လုပ်ဖို့ စဉ်းစားပါတယ်။ ဒါပေမယ့် မလုပ်ခင် ပြိုင်မယ့်သူရှိမရှိ မဲအရင်ကောက်တာပါ။ တော်ကြာ လုပ်လိုက်ပြီးမှ တစ်ယောက်မှ လာမပြိုင်ရင် အရှက်ကွဲမှာ။ [You must be registered and logged in to see this image.]

ကျနော်လုပ်မယ့်ပုံစံကတော့ ခေါင်းစဉ်တစ်ခုပေးပါမယ်။ လုပ်ရမယ့် အချက်တွေလည်းရေးပေးပါမယ်။
ပြီးရင် အဲဒီ့အတိုင်း အနီးစပ်ဆုံးရအောင် ၁ လ အတွင်းရေးရပါမယ်။
ရေးလို့ပြီးတဲ့သူက Source Code တွေကို ကျနော့်ဆီ Mail နဲ့ ပို့ရပါမယ်။
မြန်လည်း မြန်ရမယ် ၊ မှန်လည်း မှန်ရမယ်။ အဲဒီ့ကမှ Source Code တွေ မှန်မမှန်စစ်ပြီးတော့ Function ရေးသားပုံ ၊ ရေးသားနည်း များပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။
အနိုင်ရရှိတဲ့သူ ၁ ယောက် ရွေးပါမယ်။ ဆုကတော့ ဘာလဲဆိုတာ မစီစဉ်ရသေးပါဘူး။ လုပ်ဖြစ်မှ ဘာဆုပေးမယ်ဆိုတာ ကြေငြာပါ့မယ်။
လောလောဆယ်တော့ ဒိုင်က ကျနော်တစ်ယောက်ဘဲရှိဦးမှာ။ ပါဝင်ကူညီချင်ရင်လည်း ပြောနိုင်ပါတယ်။

ဒါက လုပ်ဆောင်မယ့် ပုံစံ အကြမ်းဖျင်းပါ။ Poll လုပ်ပေးထားပါတယ်။ Poll ကို ၁၅ ရက် လုပ်ထားပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးမှ သေချာအစီအစဉ်ဆွဲပေးပါမယ်။

Vote လုပ်ရာမှာ ရမ်းပြီးတော့ ရွေးချင်တာရွေးသွားတာမျိုးမလုပ်ပါနဲ့ ကိုယ်ရွေးခဲ့တဲ့ အဖြေပေါ်မူတည်ပြီး အောက်မှာ ဘာကြောင့်ဆိုတာ Reply ပြန်ခဲ့ပေးဖို့ မေတ္တာရပ်ခံပါတယ်။



Last edited by $ƴǩǾ on 27th October 2009, 4:58 pm; edited 2 times in total

http://www.myanmaritresource.info

2Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 11:23 am

sHa92

sHa92
Founder



Founder
ကျနော်ကိုယ်တိုင်ကတော့ လုပ်ချင်တဲ့သူဆိုတော့ Vote က Yes ပေါ့နော်။ Very Happy Very Happy

ကျနော့်အထင်တော့ ဒီလိုပွဲလေးတွေ လုပ်ချင်းအားဖြင့် Programming ကို လူငယ်များစိတ်ဝင်စားလာမယ်ထင်လို့ပါ။

http://www.myanmaritresource.info

3Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 12:21 pm

ET

ET
Moderator



Moderator
ကောင်းပါတယ်ဗျာ
ကျနော်လည်း ထောက်ခံပါတယ်
ဝင်ပြိုင်ကြတာပေါ့

http://alinkarnya.blogspot.com/

4Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 1:34 pm

sHa92

sHa92
Founder



Founder
အဲ ထောက်ခံရင် အပေါ်မှာ Vote ပေးခဲ့ဦးလေ။ Very Happy Very Happy Very Happy

http://www.myanmaritresource.info

5Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 1:53 pm

C0D3R

C0D3R
MITR Master



MITR Master
အင်းပြိုင်ချင်တယ် သားက အခုမှ C++ ကိုတွားတုန်း ဟီး

အားပေးတယ်ချကွာ

အစ်ကိုလည်းတနေ့တော့ဆုရအောင်တော့လုပ်မယ်

http://www.myanmaritresource.info

6Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 2:10 pm

sHa92

sHa92
Founder



Founder
ဟေ့ မလုပ်ပါနဲ့တဲ့
ဘယ်သူ Vote တာလဲ။
ကျနော်ပြောတယ်လေဗျာ။ မလုပ်နဲ့ဆို ဘာလို့ မလုပ်ခိုင်းလည်း ဆိုတာလေး အကြောင်းပြချက်ပေးပါဆို။
အခုလိုကြီး ဘယ်သူမှန်းလဲမသိဘူး။ [You must be registered and logged in to see this image.]

ဘူလဲဘူလဲ [You must be registered and logged in to see this image.] ။ ပြောကြဦး။ ဘာကြောင့်မှန်းမသိ မလုပ်ပါနဲ့တဲ့။ [You must be registered and logged in to see this image.]



Last edited by $ƴǩǾ on 24th October 2009, 2:19 pm; edited 1 time in total

http://www.myanmaritresource.info

7Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 24th October 2009, 2:14 pm

C0D3R

C0D3R
MITR Master



MITR Master
တားမလုပ်ဘူးနော်အဲဒီ ဟာကို

အစ်ကိုကလုပ်လို့ vote ပေးတာဟီ

လုပ်သွားတဲ့လူရေနည်းနည်းလောက်အကြောင်းပြန်ပေးတာဦး

http://www.myanmaritresource.info

8Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 6:29 pm

Htet Naing

Htet Naing
Moderator



Moderator
ကောင်းတယ်။ ဘယ် Language နဲ့လဲ။
As you like ဆိုရင်တော့ပြိုင်ဖို့က 80% သေချာတယ်

9Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 6:51 pm

sHa92

sHa92
Founder



Founder
language ကတော့ ကိုယ့်စိတ်ကြိုက်ပါ။
ပြိုင်ရမယ့်ဟာကတော့ ကျနော် IDCS မှာလုပ်ခဲ့ရတဲ့ NCC ရဲ့ Project ပါ။
ကျနော်ကနည်းနည်းပြင်ဆင်ပြီး လုပ်ခိုင်းမှာပါ။ (KMD က IDCS အောင်ပြီးသား ကျောင်းသားတွေလည်း ပါချင်ရင်ပါလို့ရပါတယ်။ ဦးမျိုးထွန်းကြောင့် IDCS ကျထားတာ လုံးဝမကျေနပ်လို့ပါ။ အခု IDCS အောင်ထားတဲ့ သူတွေနဲ့လည်း ကျနော်နဲ့ တစ်ယောက်ချင်း Programming Skill ပြိုင်ဖို့ကိုပါ စီစဉ်သွားမှာပါ)
ကျနော် Poll ကို ၁၅ ရက် ကန့်သတ်ထားတာနော်။
အခု ၃ ရက် ကုန်သွားပြီထင်တယ်။ လုပ်ကြပါဦး။ ကျန်တဲ့သူတွေ ဒီဟာကို ပြိုင်ပွဲလုပ်ခိုင်းရမလား ၊ မခိုင်းရဘူးလားဆိုတာ။

http://www.myanmaritresource.info

10Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 7:32 pm

kyizin

kyizin
MITR New User



လုပ်ပါဗျာ။ Programming ကိုတော့ မသိဘူး။ ဒါပေမဲ့ သိတာတစ်ခုတော့ရှိတယ်ဗျာ။ [You must be registered and logged in to see this image.]
ဘာလဲဆိုတော့ Programmer ဆိုတဲ့သူတစ်ယောက်ဆီက Software တစ်ခုတော့ ထွက်ကိုထွက်ရပါမယ်တဲ့။ မထွက်ခဲ့ရင်တော့ အဲဒီသူ Programmer အစစ်မဟုတ်ဘူးတဲ့။ ဟုတ်မဟုတ်တော့မသိဘူး။ [You must be registered and logged in to see this image.]

ဘာပဲဖြစ်ဖြစ် ခံစားမှုတစ်ခု၊ အတွေ့အကြုံတစ်ခုတော့ ရမှာပါ။

မွှားသွားရင်ခွင့်လွှတ်ကြနော် ။ အစ်ကိုကြီးတို့ .. ဦးဦးတို့ [You must be registered and logged in to see this image.]

11Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 7:35 pm

sHa92

sHa92
Founder



Founder
အိုကေ အိုကေ
အားပေးတဲ့သူတွေ များလာပြီ။ လုပ်ဖြစ်ဖို့တော့ သေချာတော့မယ်။

ပြီးတော့ ၀င်ပြိုင်မယ့်သူတွေပါ တစ်ခါတည်းပြောခဲ့ကြပါဦးဗျာ။

ဒါမှ ဘယ်နှယောက်ပြိုင်မယ်ဆိုတာ ခန့်မှန်းလို့ရမှာပေါ့။

http://www.myanmaritresource.info

12Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 8:44 pm

cppghost

cppghost
MITR New User



နောက်နှစ်မှ ဝင်ပြိုင်တော့မယ်နော် [You must be registered and logged in to see this image.]

13Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 25th October 2009, 11:24 pm

K0ht3t

K0ht3t
Moderator



Moderator
လုပ်ပါ ဗျာ .. Language ပိုင်းကို သေချာ အတိ အကျ ကြီး မကျွမ်းပေမယ့်လည်း အကို ကတော့ အားတော်တော် ပေးပါတယ်ဗျာ.. Vote တော့ ပေးခဲ့ပြီနော် ....လုပ်ပါဆိုတာကို.. Smile

14Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 26th October 2009, 3:13 am

kyawmin

kyawmin
MITR Reader



MITR Reader
အစီအစဉ်ကတော့ကောင်းပါတယ်ဗျာ ၊ ဒါပေမဲ့ ဝင်ရောက်ယှဉ်ပြိုင်မဲ့လူက ဘယ်နှစ်ယောက်ရှိမလဲဆိုတာ
ကပိုအဓိကကျမယ် ။ အဲဒါကိုအရင် စာရင်းလုပ်ပြီးမှ လုပ်တာအဆင်ပြေလိမ့်မယ်ထင်တယ်ဗျ ။ အစီအစဉ်
ကိုတော့ ကောင်းလို့ vote ခဲ့ပါတယ် ၊ ကျွန်တော်ကတော့ မသိလို့ မပြိုင်နိုင်ပါဘူးခင်ဗျ [You must be registered and logged in to see this image.]

15Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 26th October 2009, 9:35 am

ပိုးဟတ်ဖြူ

ပိုးဟတ်ဖြူ
MITR New User



ကျွန်တော် လဲအားပေးတယ်ဗျ
လုပ်တာလုပ် အဲလိုလုပ်တာ က ကျွန်တော် တို့ကို ပိုပြီး သိစေတယ်လို့ထင်ပါတယ်ဗျာ
အဲ ကျွန်တော် တော့မပြိုင်တော့ဘူးဗျ
နောက်မှပဲဗျ (ဟီး အရှက်ကွဲမှာဆိုးလို့ [You must be registered and logged in to see this image.] ) တစ်ခုတော့ပြောချင်တယ်ဗျ
အကိုတို့ပြိုင်ပွဲပြီးရင်တော့ ပြိုင်တဲ့သူတွေရဲ့ code တွေကို ပြလို့ရမလားမသိဘူးဗျ
ကျွန်တော် တို့လေ့လာလို့ရအောင်လို့ပါဗျာ

16Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 26th October 2009, 2:46 pm

alt.332

alt.332
Administrator



Administrator
Vote ပေးခဲ့ပါတယ်... ပြိုင်ဖြစ်မှာတော့မဟုတ်ပါဘူး IDCS ကျောင်းသားပါပဲ UMT ( hate ) ထဲမှာလဲပါပါတယ်...ဒါပေမယ့် Programming skill က ဘာမှမရှိသေးတော့ နောင်များမှပေါ့ဗျာ... ကျန်တဲ့သူတွေရဲ့ skill တွေကိုတော့ စောင့်မျှော်လျှက်ပါ

http://www.myanmaritresource.info

17Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 26th October 2009, 2:50 pm

sHa92

sHa92
Founder



Founder
ကို ကျော်မင်း ပြောသလိုဘဲ ၊ ဘယ်သူတွေ ပြိုင်မယ်ဆိုတာ အာရုံစိုက်သင့်တယ်ဆိုတာ ကျနော်နားလည်ပါတယ်။ အစကတော့ အဲလိုတစ်ခါတည်း လူစာရင်းကောက်လိုက်ဦးမလို့။ ဒါပေမယ့်လုပ်ပြီးတော့မှ ဘယ်သူမှဂရုမစိုက်ကျရင် အရှက်ကွဲမှာ။ဟီး။ အဲဒါကြောင့် အရင် Vote ခိုင်းတာပါ။ အခုတော့လုပ်ဖြစ်ဖို့ နည်းနည်းသေချာသွားဘီဆိုတော့ Vote လုပ်တာကို နောက် ၂ ရက်ဘဲစောင့်ပါမယ်။
၂ ရက် ပြည့်တာနဲ့ Vote ခွင့်ပိတ်ပါပြီ။ ပြီးရင် ပြိုင်မယ့်လူစာရင်းကောက်ပါမယ်။ စည်းကမ်းတွေ အစီအစဉ်တွေ ထုတ်ပါမယ်။ ပြိုင်မယ့်လူစာရင်းကို ၃ ရက်ကောက်ပါမယ်။
လူစာရင်းအတိအကျရပြီဆိုရင်တော့ ပြိုင်ရမယ့် ခေါင်းစဉ်ရယ် မေးခွန်းရယ် ရေးပေးပါမယ်။
ပြိုင်ပွဲကာလက ၁ လ ပေးပါမယ်။ စိတ်ကြိုက်နေရာကနေ ref ယူပြီး ရေးနိုင်ပါတယ်။ (ကိုယ်တိုင်တော့ ရေးရမယ်နော်။ ကော်ပီ ကုဒ်ဟုတ်မဟုတ်လည်းသေချာစိစစ်မှာပါ။ အသေးစိတ်ကိုတော့ နောက်မှရေးမယ်)
ကဲ နောက်ထပ် ၂ ရက်ဘဲကျန်တော့တယ်နော်။ Vote ကြဦး။

http://www.myanmaritresource.info

18Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 9:14 am

sHa92

sHa92
Founder



Founder
မနက်ဖြန်ပြီးရင် Vote လုပ်ဖို့ ရက်ကုန်ဆုံးပါပြီ။ Vote ပေးကြပါဦး။

ပြီးတော့ ကြာသပတေးနေ့မှာ ပြိုင်မယ့်လူစာရင်းကောက်ပါမယ်။
ကြာသပတေး ၊ သောကြာ ၊ စနေ ၃ ရက်တိတိ လူစာရင်းကောက်ပါမယ်။ ရှုပ်ပါတယ်။ လေးရက်ကောက်မယ်ဗျာ လေးရက်။ တင်္နဂနွေနေ့အထိကောက်မယ်။ ပြီးရင် တင်္နလာနေ့ ၂ ရက်နေ့ထင်တယ်။ အဲဒီ့နေ့ကစပြီးတော့ နိုဝင်ဘာ တစ်လလုံးပြိုင်ပွဲရက်ပါ။
ကဲ လောလောဆယ်တော့ လုပ်သင့်မလုပ်သင့် ဆက်ပြီး Vote ကြပါဦး။

တခြားဖိုရမ်တွေကို ရောက်ရင်လည်း လာပြိုင်ဖို့ ပြောလိုက်ကြဦးနော်။

http://www.myanmaritresource.info

19Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 9:52 am

z3r0c00l

z3r0c00l
Administrator



Administrator
ပြိုင်တော့ပြိုင်ချင်ပါတယ်။ ဒါပေမယ့် Programming Skill က Hello .... World ကနေကိုမတက်ဘူး။
VB ဆိုလဲ Hello...World ပဲ
Java ဆိုလဲ Hello...World ပဲ
C++ဆိုလဲ Hello..World ပဲ
အဲဒီကနေကို မတက်တော့တာ။ ဟီး....အားပေးပါတယ်။ တစ်ခုပဲပြောချင်ပါတယ်။ ဆုပေးပွဲကျရင် Member Party လေးလုပ်ချင်တယ်။
(American System ဆိုလဲ ရပါတယ်။ ကိုယ်စားကိုယ်ရှင်းကိုပြောတာနော်။)

20Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 11:24 am

Law Shay

Law Shay
VIP Member



VIP Member
$ƴǩǾ wrote:
မြန်လည်း မြန်ရမယ် ၊ မှန်လည်း မှန်ရမယ်။ အဲဒီ့ကမှ Source Code တွေ မှန်မမှန်စစ်ပြီးတော့ Function ရေးသားပုံ ၊ ရေးသားနည်း များပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။

ရေးသားပုံ ရေးသားနည်းထက်စာရင် ... Complexity + Optimization ကို အမှတ်ပေးစေလိုပါတယ်။ ဒါမှလဲ ဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ နီးစပ်ပါမယ်။

Complexity + Optimization နဲ့ပတ်သက်လို့ ဘလော့ဂ်မှာ ရေးထားမိတဲ့ သက်ဆိုင်တဲ့ လင်ခ့်တချို့ကတော့ ...

Code:
http://opera.lawshay.com/search/label/%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%B4%E1%80%90%E1%80%AC%20%E1%80%9E%E1%80%AD%E1%80%95%E1%81%B8%E1%80%B6

21Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 11:41 am

mark

mark
MITR New User



ဒါနဲ့ ဘာခေါင်းစည်းနဲ့ ပြိုင်မှာလဲ မသိဘူး။



Last edited by /-††@Cl<3r on 27th October 2009, 12:02 pm; edited 1 time in total (Reason for editing : စာလုံးပေါင်းပြင်ထားပါတယ်)

22Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 12:47 pm

ဘီလူး

ဘီလူး
Reviewer



Reviewer
လုပ်သာလုပ်ပါဗျို့ .....ကျွန်တော်ကတော့ programming ကိုမုန်းလို့ မပြိုင်တော့ဘူး....ဟီးဟီး....တတ်
လည်းမတတ်ဘူး.... Very Happy Very Happy Razz

23Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 1:15 pm

princeakarit

princeakarit
MITR New User



ကျုပ်တို့ ဗုတ်ပေးလို့ရ၀ူးတော့

24Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 4:53 pm

sHa92

sHa92
Founder



Founder
Law Shay wrote:
ရေးသားပုံ ရေးသားနည်းထက်စာရင် ... Complexity + Optimization ကို အမှတ်ပေးစေလိုပါတယ်။ ဒါမှလဲ ဘာသာရပ်ရဲ့ သဘောသဘာဝနဲ့ နီးစပ်ပါမယ်။

Complexity + Optimization နဲ့ပတ်သက်လို့ ဘလော့ဂ်မှာ ရေးထားမိတဲ့ သက်ဆိုင်တဲ့ လင်ခ့်တချို့ကတော့ ...

[You must be registered and logged in to see this link.]

ဟုတ်ကဲ့
အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သေချာမဆုံးဖြတ်ရသေးဘူးခင်ဗျ။
အခုလို အကြံပေးတာကျေးဇူးတင်ပါတယ်။

mark wrote:
ဒါနဲ့ ဘာခေါင်းစည်းနဲ့ ပြိုင်မှာလဲ မသိဘူး။
အဲ... ကိုစိုးမင်း လားဗျာ။ အခုလိုရောက်လာတာ ၀မ်းသာပါတယ်။ အစ်ကိုကတော့ ကျနော့်ကို မသိပေမယ့် ကျနော်ကတော့ အစ်ကို့ကို သိလည်းသိ လေးလည်းလေးစားနေတာပါ။
ပြိုင်မယ့်ခေါင်းစဉ်ကို မပြောသေးဘူးဗျ။
သဘက်ခါ (ကြာသပတေး)မှပြောမယ်။ လူစာရင်းကောက်ရင်းနဲ့ပေါ့။ အစ်ကို့လိုလူမျိုးအတွက်တော့ လွယ်မှာပါ။ ကျနော်ကတော့ အစ်ကို့ကို ဒိုင်အဖြစ်ပါဝင်စေချင်တယ်။
မေးမှာကတော့ ကျနော်တို့ သင်တန်းတုန်းက ဆရာတွေကိုယ်တိုင် စဉ်းစားတဲ့ Logic မှားပြီးတော့ လုပ်နေကြတဲ့ Assignment တစ်ခုပါ။ အဲဒါကို အခုကော ဘယ်လိုလူမျိုးတွေ မှားယွင်းစဉ်းစားကြမလဲဆိုတာ သိချင်တာရယ်။ Programming ကို စိတ်ဝင်စားတဲ့ သူတွေကို စုစည်းပေးလိုက်ချင်တဲ့ ရည်၇ွယ်ချက်ကြောင့် လုပ်ဖြစ်သွားတာပါ။

[b]princeakarit[/b] wrote:
ကျုပ်တို့ ဗုတ်ပေးလို့ရ၀ူးတော့
အဲ ၊ ဟုတ်လားဗျ။ ကျနော်ပြန်ကြည့်လိုက်ဦးမယ်နော်။


အားလုံး အနေနဲ့ Vote တဲ့အရည်အတွက်ကို ကြည့်ရတာတော့ ကျနော်တို့ ပြိုင်ပွဲလုပ်ဖြစ်ဖို့ များပါတယ်။
အဲဒီ့အတွက် အခု ကျနော့်ကို ပြိုင်ရင် ဘယ်လို အမျိုးအစားလုပ်သင့်တယ် ၊ ဘယ်လို စည်းကမ်းလေးတွေနဲ့ ကန့်သတ်သင့်တယ်။
ဘာဖြစ်သင့်တယ်ဆိုတာလေးတွေ နည်းနည်းလောက် အကြံပြုပေးကြပါ။
ကျနော် လုပ်ချင်လွန်းလို့သာလုပ်လိုက်ရတယ် ၊ တစ်ခါမှမလုပ်ဖူးတော့ စည်းစနစ်မကျဖြစ်မှာစိုးလို့ပါ။
အတွေ့အကြုံရှိတဲ့သူတွေက ကူညီကြပါဦးနော်။

http://www.myanmaritresource.info

25Programming ပြိုင်ပွဲ Empty yes vote 27th October 2009, 5:55 pm

princeakarit

princeakarit
MITR New User



မိုက်တယ်....အဲလိုလေးတွေကို အားပေးပါတယ်....ကျနော်တော့ ကွန်ဖီးဒန့်မရတေးဝူး...နောက်ကြုံဦးမှာပေါ့
yes ပေးခဲ့တယ်နော် [You must be registered and logged in to see this image.]

26Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 6:32 pm

sHa92

sHa92
Founder



Founder
ကျနော်တို့ အစီအစဉ်ပြောင်းပါတယ်။
အခု Vote ရက်က ဒီအပတ် ကြာသပတေး ပိတ်မှာပါ။
လုပ်ဖြစ်ဖို့လဲ သေချာနေပြီဆိုတော့ ကျနော်တို့ မေးခွန်း ရယ် ၊ စည်းကမ်းချက်တွေရယ် ၊ ပြိုင်ပွဲ ကာလရယ် ကို နည်းနည်း အစီအစဉ်ဆွဲပါမယ်။
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ လူစာရင်းကောက်ပါမယ်။
ဘာဖြစ်ဖြစ် ပြိုင်မယ်ဆိုတဲ့သူတွေကတော့ စာရင်းတစ်ခါထဲပေးထားခဲ့နိုင်ပါတယ်။
ဘာလာမယ်ဆိုတာ နည်းနည်းစောင့်ကြည့်ဥိးမယ်ဆိုတဲ့သူတွေကတော့ စည်းကမ်းလေးတွေ ထွက်လာတဲ့အခါမှ စာရင်းသွင်းကြပေါ့။ Smile

အပြောင်းအလဲရှိတိုင်း ပြောပေးသွားပါမယ်။
စိတ်ဝင်တစားရှိလှတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။

http://www.myanmaritresource.info

27Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 7:24 pm

Opera

Opera
MITR Reader



MITR Reader
အော် ညီလေးတို့ လုပ်နေကြတာ တော်တော် တောင် ခရီးရောက်နေပြီကိုး။

အားပေးတယ်ကွာ။

အစ်ကို အကြံတစ်ခုပေးချင်တယ်။

ဒိုင်ကို ညီလေး $ƴǩǾ တစ်ယောက်ထဲမလုပ်နဲ့။ နိုင်မှာမဟုတ်ဘူး။
ပြီးတော့ ဘာမေးခွန်းမေးမယ်ဆိုတာသေချာ စီစဉ်။
ပြီးရင် ဘယ်လိုပုံစံကို အဓိကထားပြီး အမှတ်ပေးမယ်ဆိုတာလည်း သေချာဆုံးဖြတ်ပါ။

တတ်ကျွမ်းတဲ့သူတွေနဲ့လည်း တိုင်ပင်ပါ။ အကူအညီတောင်းကြည့်ပါ။
အစ်ကိုက အစကတော့ ဒီဖိုရမ်ထဲက လက်ရှိလူစာရင်းအတိုင်းပြိုင်ကြမယ်ထင်လို့ ဘာမှဝင်မပြောတာပါ.
အခုတော့ တခြားကလူတော်တွေ အများကြီးရောက်လာတာတွေ့ရတယ်။
အဲဒီ့အတွက် အိမ်ရှင်ဖြစ်တဲ့ သူက ဧည့်သည်ကို ကောင်းကောင်းဧည့်ခံလိုက်ပါကွာ။
မပြန်ချင်တော့လောက်အောင်ကို ဧည့်ဝတ်ကျေပြလိုက်။

အစ်ကိုပြောချင်တာကတော့ အလောတကြီးမလုပ်စေချင်ဘူးကွာ။
သေချာလေးပြန်တိုင်ပင်ပါဦး။
ကြည့်ရသလောက် ဒီ ပြိုင်ပွဲက မင်းတစ်ယောက်ထဲများစီစဉ်နေတာလားကွ။
တခြား Admin တွေ ဖြစ်တဲ့ ကိုနေဇော် တို့ဘာတို့နဲ့လည်း ၀င်ကူဖို့ပြောလိုက်ဦးလေ။
သူတို့တွေလည်းတော်တာဘဲဟာကို။
အစ်ကိုကတော့ မကူညီနိုင်ဘူးကွာ။ အခုလိုဘဲ ဘေးကနေပြီး အကြံပေးတော့မယ်။
(မင်းလုပ်ပေးထားတဲ့ အကောင့်လေးနဲ့လေ Smile Smile )

28Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 27th October 2009, 8:43 pm

သျှန်ဝေ

သျှန်ဝေ
MITR Reader



MITR Reader
ဒိုင်လူကြီးတွေနဲ့ သေချာ တိုင်ပင် ပြီးလုပ်ပါအုံးဗျ
ခုဟာက ကမောက်ကမ ဖြစ်နေတယ်
ကျွန်တော်က IADCS ပြီးပြီးသားပါ
ဝင်ပြိုင်မယ်

29Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 28th October 2009, 7:21 pm

သီရိ

သီရိ
MITR New User



>>>>ပြိုင်ရမယ့်ဟာကတော့ ကျနော် IDCS မှာလုပ်ခဲ့ရတဲ့ NCC ရဲ့ Project ပါ။

IDCS တက်ဖူးပြီး အဲ့ဒီ project ကို လုပ်ဖူးတဲ့သူတွေကော ပြန်ဝင်ပါလို့ရလား... မေးကြည့်တာပါ
ပြိုင်ပွဲလုပ်တာကောင်းပါတယ်.. အားပေးတယ်..
ဝင်ပြိုင်ဖြစ် မပြိုင်ဖြစ်တော့ မသေချာသေးဘူး... vote တော့ လုပ်ပေးလိုက်တယ်
programming သိပ်တော့ မသိဘူး... ဒါပေမယ်. အတွေ့အကြုံတော့လိုချင်တယ်
အဲ့လို ပြိုင်ပွဲမျိုး တစ်ခါမှ မပြိုင်ဘူးလို့... လာပြိုင်မယ်သူတွေက ဆရာကြီးတွေဆိုတော့ နည်းနည်းတော့လန့်တယ်... [You must be registered and logged in to see this image.]

30Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 29th October 2009, 2:09 pm

zarniminn

zarniminn
MITR New User



အလကားကြေးတော့ မလုပ်နဲ့ နဖူးတောက်ကြေးလောက်တော့လုပ်လိုက်

31Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 30th October 2009, 2:39 pm

sHa92

sHa92
Founder



Founder
သီရိ wrote:>>>>ပြိုင်ရမယ့်ဟာကတော့ ကျနော် IDCS မှာလုပ်ခဲ့ရတဲ့ NCC ရဲ့ Project ပါ။

IDCS တက်ဖူးပြီး အဲ့ဒီ project ကို လုပ်ဖူးတဲ့သူတွေကော ပြန်ဝင်ပါလို့ရလား... မေးကြည့်တာပါ

အော် ဟုတ်ကဲ့ IDCS ကျောင်းသားတွေ ထဲက အဲဒီ့ Project လုပ်ဖူးတဲ့ သူတွေကို ပိုလို့တောင်မှ ဖိတ်ခေါ်ပါသေးတယ်။
ဘာလို့လဲဆိုတော့ အဲဒီ့တုန်းက Project က ဘာလုပ်ခိုင်းတယ် ၊ ဘာကိုလိုချင်တယ်ဆိုတာကို သဘောပေါက်တဲ့သူ ၅ ယောက်တောင် မပြည့်ပါဘူး။
အဲဒါကြောင့် ဘယ်သူမဆို ၀င်ပြိုင်လို့ရပါတယ်။

http://www.myanmaritresource.info

32Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 30th October 2009, 5:57 pm

sHa92

sHa92
Founder



Founder
Programming ပြိုင်ပွဲကို လုပ်ဖြစ်မယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါသဖြင့် ဒီ Topic ကို ပိတ်လိုက်ပါပြီ။

နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြိုင်ပွဲ စည်းကမ်းချက်များ ၊ ပြိုင်ရမည့် ခေါင်းစဉ်တို့ကို ထုတ်ပြန်ကြေငြာပါမယ်။

ကျနော့် ကိုယ်ရေးကိုယ်တာ ပြဿနာလေးတစ်ချို့လည်း ရှိနေတဲ့အတွက် အနည်းငယ်နှောင့်နှေးနေရခြင်းဖြစ်ပါတယ်။
ခဏလောက် သည်းခံပြီးစောင့်ပေးကြပါနော်။
ကျနော် အတတ်နိုင်ဆုံး ဒီပွဲဖြစ်မြောက်အောင် လုပ်ပေးပါ့မယ်။

http://www.myanmaritresource.info

33Programming ပြိုင်ပွဲ Empty Re: Programming ပြိုင်ပွဲ 1st November 2009, 11:58 am

sHa92

sHa92
Founder



Founder
ကျနော် အစကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ လုပ်ပေးဖို့ စဉ်းစားထားတာပါ။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျနော်လည်း Online ကနေ ၁ လခန့်နားရမှာ ဖြစ်လို့ ဒီ ပြိုင်ပွဲကို လုပ်ဖြစ်ရင်တောင် ထိန်းမယ့်သူ မရှိတော့မှာစိုးလို့ ကျနော် မလုပ်တော့ပါဘူး။

ကျနော် ပြန်လာမှဘဲ လုပ်ပေးပါတော့မယ်။

စောင့်ဆိုင်းနေသော သူများအားလုံးကို တောင်းပန်ပါတယ်။

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum hosting  | ©phpBB | Free forum support | Report an abuse | Forumotion.com