1 Programming Skill တက်လာစေရန် လေ့ကျင့်ခန်းများ 14th October 2009, 6:21 pm
sHa92
Founder
ဒီလေ့ကျင့်ခန်းတွေဟာ Programming ကိုလေ့လာနေသူ များအတွက်သာမက ၊ Reverse Engineering ကိုလေ့လာနေသော ကျနော်တို့လို လူငယ်များအတွက်ပါ အကျိုးရှိစေတဲ့အတွက် သေချာလေး လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။
ဒီလေ့ကျင့်ခန်းတွေကို Binary Auditor ကနေ ရရှိထားတာ ဖြစ်ပြီးတော့ Cracking လုပ်ဖို့အတွက် ကျနော်ကိုယ်တိုင်လည်း လေ့လာခဲ့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
မူရင်းနဲ့တော့ အရေးအသားကွာပါတယ်။ မြန်မာတွေနဲ့ကိုက်ညီမယ့် ဇာတ်လမ်းလေးတွေအနေနဲ့ ပြင်ပြီးရေးထားလို့ပါ။ [You must be registered and logged in to see this image.]
Logic ကောင်းလာစေဖို့အတွက် ရည်ရွယ်၍ ရေးသားပေးပါသည်။
အခန်းဆက်နဲ့ သွားမှာဖြစ်ပါတယ်။ Array အတွက်ဆို Array လေ့ကျင့်ခန်းတွေနဲ့ ၊ File I/O ၊ String စသည်ဖြင့် အခန်းလိုက်လေ့ကျင့်ခန်းတွေရေးပေးသွားမှာပါ။
တစ်ခုပြောချင်တာကတော့ ကျနော်ရေးပေးမယ့် Problem တွေကိုဖြေရှင်းမယ့်သူတွေအနေနဲ့ Reverse Engineering ကိုလေ့လာနေတဲ့သူဆိုရင် Problem များဖြေရှင်းရာမှာ C (သို့) C++ (သို့) Assembly တစ်ခုခုကိုသာ သုံးစေချင်ပါတယ်။ အကုန်လုံးရရင်တော့ အကုန်လုံးနဲ့သာရေးကြည့်ပေတော့။ [You must be registered and logged in to see this image.]
ရိုးရိုးတန်းတန်း Programming သက်သက် ကို လေ့လာတာဆိုရင်တော့ ကြိုက်တာသုံးပြီးရေးပါ။ အဓိကကတော့ Logic ပါဘဲ။
Chapter 1- Common Array Algorithms
1.1 Acid Level of Coffee
ကျနော်တို့ဟိုရက်တစ်ရက်က Coffee တစ်ခွက်မှာပါတဲ့ Acid Level နဲ့ ပါတ်သက်ပြီးတော့ စိတ်ဝင်စားလို့လေ့လာချင်တဲ့အတွက် မြေနီကုန်းက IceBerry ကို သွားခဲ့ပါတယ်။
အဲဒီ့လည်းရောက်ရော ကော်ဖီတစ်ခွက်မှာလိုက်ပြီးတော့ ၊ လာချတဲ့ ကော်ဖီခွက်မှာ ကျနော့်ဆီမှာ အသင့်ပါလာတဲ့ pH meter လေးနဲ့ တိုင်းလိုက်တဲ့အခါမှာရလာတဲ့ result တွေကို စာရွက်တစ်ရွက် နဲ့ မှတ်လိုက်တာ အောက်ပါအတိုင်း ရလာပါတယ်။ (ပထမဆုံးလိုင်းက (13) ဆိုတာကတော့ Data ဘယ်လောက်ရှိလဲဆိုတာကို မှတ်ထားတာပါ)
ကံမကောင်းစွာနဲ့ဘဲ ကျနော်ရဲ့ pH meter က စုတ်နေတော့ တိုင်းတာတွက်ချက်မှု သိပ်ပြီး မတိကျတဲ့အတွက် အမျိုးမျိုးသော အဖြေတွေထွက်လာပါတယ်။ အဲဒီ့အတွက် ကျနော့် အနေနဲ့ ရလာတဲ့ အဖြေတွေထဲကနေ Average ရှာဖို့အတွက်စဉ်းစားမိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ Program ရေးဖို့အတွက်လည်းကျနော့်သူငယ်ချင်း တစ်ယောက်က နည်းနည်း ပြောပြထားပါတယ်။ ဒါပေမယ့် ကျနော်က မရေးတတ်ဘူးဖြစ်နေလို့ ကူညီပါဦးနော်....
သူပြောပြသွားတာကတော့...
text file တစ်ခုကို create လုပ်ပြီးတော့ ခုနက data တွေကိုထည့်ထားပါ။ ပြီးရင် Program ရေးပြီးတော့ array ခန်းထဲကို အဲဒီ့ text file ထဲက Data တွေကို ထည့်လိုက်ပါ။ အဲဒီ့ data တွေကို တွက်ချက်ပြီးတော့ Average တစ်ခုအရင်ရှာပါ။ ရလာတဲ့အဖြေနဲ့ အဝေးဆုံးတန်ဖိုး (ကြီးလည်းရတယ် ၊ ငယ်လည်းရတယ်) ကို ခုနက Array ခန်းထဲမှာသွားပြန်ရှာပါ။ ရှာလို့တွေ့တဲ့ တန်ဖိုးကို -1 ဆိုပြီးတော့ ပြောင်းလိုက်ပါ။ (Program Run ရာမှာ Array ထဲမှာ ထည့်မစဉ်းစားဖူးဆိုတဲ့ သဘောကိုပြောတာပါ)။ အဲလို -1 ကိုပြောင်းပြီးရင်တော့ Average ထပ်ရှာပါ။
ရလာတဲ့ Average ဟာ အဖြေမှန်ပါဘဲ။
သူပြောတာတော့လွယ်တယ်နော်။ ကျနော့်အတွက်ကတော့ Coding ရေးရတာ ရှုပ်နေလို့ ၊ ဖိုရမ်ထဲက ညီအစ်ကိုမောင်နှမများ အနေနဲ့ ကူညီကြမယ်ထင်ပါရဲ့....
အော် သူက ကျနော် ခုနက ရလာတဲ့ အဖြေကို Program Run ပြလိုက်သေးတယ်။ အဖြေမှန်က ဘာလဲဆိုတာသိအောင်လို့တဲ့လေ..
သူ့ Program Run တာကို ကြည့်တာနဲ့တင် အစ်ကို၊အစ်မတို့ Coding ရေးတတ်နေပြီထင်တယ်... ကျနော်ကတော့ ဘယ်လိုသင်သင် မရေးတတ်လို့ဗျာ..... တော်တော် အခက်တွေ့နေရတယ်...
အဲဒါကြောင့် ကျနော့်ကို ကူညီပြီးဖြေရှင်းပေးကြပါနော်။
ဒီနေ့အတွက် ကျနော့်အခက်အခဲကတော့ ဒီလောက်ပါဘဲ။ နောက်နေ့တွေမှာ ဆက်ပြီးတော့ ကျနော့် အခက်အခဲလေးတွေ လာမေးပါဦးမယ်.... [You must be registered and logged in to see this image.]
ပျော်ရွှင်ကြပါစေ....

13
5.6
6.2
6.0
5.5
5.7
6.1
7.4
5.5
5.5
6.3
6.4
4.0
6.9

C:\> CoffeeAverage < CoffeeData.txt
data[ 0 ] = 5.6
data[ 1 ] = 6.2
data[ 2 ] = 6.0
data[ 3 ] = 5.5
data[ 4 ] = 5.7
data[ 5 ] = 6.1
data[ 6 ] = 7.4
data[ 7 ] = 5.5
data[ 8 ] = 5.5
data[ 9 ] = 6.3
data[ 10 ] = 6.4
data[ 11 ] = 4.0
data[ 12 ] = 6.9
average: 5.930769230769231
most distant value: 4.0
new average: 5.6230769230769235