1 VB.NET coding အပိုင်းအစများ [Programming] 7th April 2011, 6:08 pm
Htet Naing
Moderator
ဒီ Topic မှာ ကျွန်တော်လေ့လာရင်း သိရှိခဲ့တဲ့ coding အတိုအထွာလေးတွေကို ပြန်လည်မျှဝေ ပေးသွားပါမယ်။ ကျွန်တော်မသိသေးတဲ့ coding တွေကို သိတဲ့ member များအနေနဲ့ လည်း ဒီ topic အောက်မှာ ဆက်လက်မျှဝေပေးစေချင်ပါတယ်။
ပထမဦးဆုံး Dir$() ဆိုတာလေးအကြောင်းပြောပါမယ်။ သူ့ ကိုတော့ ကျွန်တော်တို့ လမ်းကြောင်းတစ်ခုမှာ file တစ်ခုရှိမရှိ စစ်ချင်တဲ့အခါမှာ သုံးလို့ ရမယ့် coding လေးပါ။ အောက်ကပုံစံအတိုင်း အသုံးပြုနိုင်ပါတယ်။
Bin အောက်က Debug အောက်မှာ sample.jpg ရှိရင် ပထမ MsgBox ဖြစ်တဲ့ The file is under the specified directory. ဆိုတဲ့ MsgBox ကိုပြမှာဖြစ်ပြီး မရှိခဲ့ရင်တော့ The file is not under the specified directory. ဆိုတဲ့ MsgBox ကိုပြမှာဖြစ်ပါတယ်။

- Code:
If Dir$(Application.StartupPath & “\sample.jpg”)<>” “ Then
MessageBox.Show(“The file is under the specified directory.”, “File Exist”)
Else
MessageBox.Show(“The file is not under the specified directory.”, “No File”)
End If