Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1IELTS ဘာလဲ .. ? [Guide] Empty IELTS ဘာလဲ .. ? [Guide] 31st May 2010, 7:26 pm

ET

ET
Moderator



Moderator
IELTS
ဆိုတာThe Internationl English Language Testing System (နိုင်ငံတကာ
အင်္ဂလိပ်ဘာ သာစကား စစ်ဆေးနည်းစနစ်) ရဲ့ အတိုကောက်ပါပဲ။ IELTS စာမေးပွဲကို
(၁၉၈၉) ခုနှစ်မှာ
စတင်မိတ်ဆက်ခဲ့ ပြီး (၁၉၉၀) ခုနှစ်မှာ ELTS (The English Languae Testing System)
နေရာမှာ အစားထိုးစစ်မေးခဲ့တာပါ။


IELTS
စာမေးပွဲကို (၁) British Council (၂)IDP Education Australia: IELTS
Australia နဲ့ (၃) University of Cambridge ESOL Examinations (Cambridge
ESLO) တို့က
ပူးပေါင်းကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။


(၁)
British Council ဟာ စာမေးပွဲစီမံခန့်ခွဲမှု ( test administration ) မှာ
အတွေ့အကြုံရင့်ကျက်သလောက် ဗဟုသုတကြွယ်ဝတယ်။ နိုင်ငံပေါင်း (၁၀၀)
ကျော်မှာရှိတဲ့
စာမေးပွဲရုံးတွေ (examinations offices) နဲ့ ကွန်ရက်ချိတ် ဆက်ထားပြီး
ဗြိတိသျစာမေးပွဲစစ်ဆေးရေဘုတ်အဖွဲ့တွေ ကိုယ်စား ပြည်ပစာမေးပွဲ (၅) သိန်းကျော်ကို
စီမံခန့်ခွဲပေး တယ်။


(၂)IDP
Education Australia ဟာ သြစတြေးလျရဲ့ နိုင်ငံတကာပညာရေးအဖွဲ့အစည်း
ဖြစ်ပါတယ်။ ကျောင်း သားအကြံပေးဝန်ဆောင်မှုတွေနဲ့ ပညာရေးစာစောင်တွေ
(education publications)
ကစလို့ စီမံကိန်းအတိုင်ပင်ခံ လုပ်ငန်း (project consultancy) နဲ့ အင်္ဂလိပ်ဘာသာ
စကားသင်ကြားရေးနဲ့ စစ်ဆေးရေးအဆုံး activities မျိုးစုံ ကို
တာဝန်ယူဆောင်ရွက်ပေးတယ်။


(၃)
Cambridge ESOL ဟာ ပညာရေးနဲ့ အသက် မွေးမှုစာမေးပွဲတွေ (academic and
vocational examinatons) ကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့
အစည်းတစ်ရပ်ပါပဲ။
အင်္ဂလိပ်ဘာသာစကားနယ်ပယ်မှာ တင် တစ်နှစ်ကို ဖြေဆိုသူ (candidates) ပေါင်း တစ်သန်း
ကျော် စစ်မေးတယ်။


ကမ္ဘာတစ်လွှား ဖြေဆိုသူများ


IELTS
ဟာ အမြင့်မားဆုံး နိုင်ငံတကာဘာသာ စကားစံချိန်စံညွှန်းတွေနဲ့
ကိုက်ညီမှုရှိတယ်။ သြစတြေးလျ ကနေဒါ၊နယူးဇီလန်၊ ဗြိတိန်နဲ့ ယူအက်စ် အပါအ၀င်
နိုင်ငံ
အတော်များများမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ အလုပ်ရှင်တွေ ကIELTS ကို
အသိအမှတ်ပြုလက်ခံကြတယ်။ အတတ် ပညာအဖွဲ့အစည်းတွေ၊ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်
တွေနဲ့ တခြားအစိုးရအေဂျင်စီတွေကလည်းပဲ အသိ အမှတ်ပြုလက်ခံကြပါသေးတယ်။





ယူအက်စ်တက္ကသိုလ်တွေနဲ့
ကောလိပ်တွေမှာTOEFL ( The Test of English as a Foreign Lanaguage )ကို ပဲ
လက်ခံထားတယ်လို့ တချို့ကျောင်းသားတွေက ယူဆ ကြရဲ့။ ဒါမမှန်ပါဘူး။IELTS ကို
လက်ခံတဲ့
အမေရိကန် အဖွဲ့အစည်းတွေ ( American institutions) များသထက် များလာပါပြီ။Harvard,
Princeton နဲ့ Yale တို့လို Ivy League တွေ အပါအ၀င် အဖွဲ့အစည်းပေါင်း (၁၄၀၀)
ကျော်က အခုအခါ IELTS ကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ (Ivy League ဆိုတာ
''ပညာရေးစံချိန်မြင့်မား ပြီး လူမှုအဆင့်အထက်အတန်းကျတယ်လို့ ကျော်ကြား တဲ့
အစဉ်အလာကြီးမားသော အမေရိကန်အရှေ့ပိုင်းက တက္ကသိုလ်တွေ'' ကို ပြောတာပါ။)


IELTS
ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း (၁၃၀)ကျော် မှာ ၀င်ရောက်ဖြေဆိုနိုင်ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်တာ ကာလအတွင်း IELTS ဖြေဆိုသူဦးရေ နှစ်ဆနီးပါး တိုး
လာတယ်။
၂၀၀၇ခုနှစ်မှာ တစ်သန်းနီးနီး ဖြေဆိုကြတယ်။


အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းသလား


IELTS
စာမေးပွဲဟာ အင်္ဂလိပ်လို ဆက်သွယ် ပြော ဆိုရတဲ့ နေရာမှာ စာသင်ဖို့ ဒါမှမဟုတ်
အလုပ်လုပ်ဖို့ လိုအပ်တဲ့ ဖြေဆိုသူတွေရဲ့ ဘာသာစကားတတ်ကျွမ်းမှု (Language
ability)
ကို အကဲဖြတ်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ စာမေးပွဲစနစ်ပါ။ တစ်နည်းဆိုရရင် IELTS ဟာ
ဖြေဆိုသူရဲ့ တတ်ကျွမ်းမှုကို လက်တွေ့ကျကျမီးမောင်းထိုးပြတဲ့ပုံစံနဲ့ အကဲဖြတ်စစ်မေးတာပါ။
ဘာသာစကားကို ထိရောက် ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်အသုံးချနိုင်စွမ်းရှိမရှိ
သေချာ သိရအောင် လက်တွေ့ကျတဲ့ စကားစပ်တွေ (realistic conterts) နဲ့ Listening,
Reading, Writing နဲ့ Speaking ဆိုတဲ့ ဘာသာစကားစွမ်းရည် (၄) မျိုးစလုံးကို
စစ်မေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ Four Skills စလုံး စစ်မေးရတဲ့ အကြောင်းကတော့...
နဖူးတွေ့ဒူးတွေ့ (in the real world) ကြား၊ ဖတ်၊ ရေး၊ ပြောနေကြမယ့်
ကျွမ်းကျင်မှုတွေ ကို လေ့ကျင့်နေမှုရှိမရှိ သိရအောင်လို့ပါ။





သိဖို့လား သုံးဖို့လား


IELTS
စာမေးပွဲဟာ တခြားအင်္ဂလိပ်ဘာသာစကား စာမေးပွဲတွေနဲ့ အတော်လေး ကွဲပြားပါတယ်။
အင်္ဂလိပ်စာ စာမေးပွဲတချို့ရဲ့ စစ်မေးတဲ့သဘောတရားဟာ လူတွေ အင်္ဂလိပ်လို
ဘာလုပ်နိုင်တယ်ဆိုကို
ပြဖို့ထက် အင်္ဂလိပ်စာ အကြောင်း ဘာသိထားတယ်ဆိုတာကို ပြဖို့ပါပဲ။(The testing
philosophy behind a number of English tests is to show what people know about
English rather than show what they can do in English) grammar
ကောင်းကောင်းတတ်ပြီး vocabulary ကြွယ်ရင် အင်္ဂလိပ် စာကို
ကောင်းကောင်းအသုံးချနိုင်ရမယ်လို့ ယူဆလေ့ရှိ ကြတယ်။ တကယ့်လက်တွေ့ကျတော့
အဲဒီအတိုင်းဖြစ်မ လာပါဘူး။ ကျောင်းသားအတော်များများ grammar မိုးပျံ အောင်တော်ပြီး
vocabulary ထောင်သောင်းမက ကြွယ် ကြပါရဲ့။ ဒါပေမယ့် အဲဒီဘာသာစကားနဲ့ ဆက်သွယ်ပြော
ဆိုမှု (communication) အပိုင်းမှာကျတော့ ချာတူးလံပြီး သုံးစားလို့ကို မရဘူး။





Test
အတော်များများနဲ့ မတူတာက...IELTS စာမေးပွဲမှာgrammar မေးခွန်းတွေ
အထူးသဖြင့် vocabulary မေးခွန်းတွေ မပါတာပါပဲ။ အဲဒီအစားသီးခြား
ရည်မှန်းချက်တွေရှိတဲ့
အလုပ်တချို့ (a number of tasks with specific objectives) မေးတာပါ။ ဒီ test မှာ
မိမိရဲ့ ပန်းတိုင်းက အဲဒီရည်မှန်းချက်အတိုင်း ဖြစ်အောင် ကြိုး စားဖြေဆိုဖို့ပါပဲ။
IELTS စာမေးပွဲဟာ မိမိဘာသိထားတယ် ဆိုတာထက် အင်္ဂလိပ်လို ဘာလုပ်နိုင်တယ်ဆိုတာကို
အလေးထားစစ်မေးတဲ့ စာမေးပွဲပါ။(The IELTS Test is very much a test of what you can
do in English, rather than what you know.)


IELTS
စာမေးပွဲဖြေဆိုနိုင်ဖို့ ကောင်းကောင်းပြော တတ်၊ ကောင်းကောင်းရေးတတ်၊
ကောင်းကောင်းဖတ် တတ်ပြီး ကောင်းကောင်းနားလည်နိုင်ရမယ်ဆိုတာ သတိ
ချပ်ဖို့အရေးကြီးပါတယ်။ အဲဒီလောက် ရိုးရှင်းပါရဲ့။ ဒီ test ကို ပြင်ဆင်နိုင်ပေမယ့်
grammar/ vocabulary အ လွတ်ကျက် အာရုံဆောင်ရုံလောက်နဲ့ မရပါဘူး။ IELTS စာမေးပွဲကို
ဒီလိုနည်းနဲ့ ပြင်ဆင်လို့မရပါဘူး။ နိုင်ငံခြားကို ပညာတော်သင်သွားဖို့
မိမိလိုအပ်တဲ့ IELTS score ရဖို့ဆို ရင် သေသေချာချာ ထိထိရောက်ရောက်
လေ့ကျင့်ပြင်ဆင် ဖို့လိုပါလိမ့်မယ်။


နှစ်မျိုးနှစ်စား သတ်မှတ်ထား


IELTS
ကို Academic (ပညာရေး)နဲ့ General Training (အထွေထွေလေ့ကျင့်မှု) ဆိုပြီး
ပုံစံနှစ်မျိုးနဲ့ ဖြေဆိုနိုင်ပါတယ်။ မိမိသင်ယူလေ့လာမယ့် သင်ရိုးပေါ်မူ
တည်ပြီး
တစ်မျိုးမျိုးကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။


Academic
ပုံစံကဘွဲ့ကြို/ဘွဲ့လွန်အဆင့် (under graduate or postgraduate level) မှာ
အင်္ဂလိပ်ဘာသာ စကား (the medium of English) နဲ့ သင်ယူလေ့လာဖို့ ဖြေဆိုသူမှာ
အဆင်သင့်ဖြစ်မဖြစ်ကို အကဲဖြတ်တာ ဖြစ် ပါတယ်။ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေအတွက်
ဝင်ခွင့် ဟာ ဒီစာမေးပွဲပုံစံရဲ့ အမှတ်တွေအပေါ် အခြေခံရတာ ဖြစ်ပါတယ်။


General
Training ပုံစံကတော့ ယေဘုယျကျတဲ့ လူမှုရေးနဲ့ ပညာရေး အခြေအနေမှာ
အခြေခံရှင်သန်ရပ် တည်နိုင်ရေး စွမ်းရည်များ (basic survival skills) ကို
ဇောင်း ပေးတာဖြစ်ပါတယ်။
အလယ်တန်းပညာ (secondary education)ပြီးဆုံးအောင် သင်ကြားဖို့၊ အလုပ်အကိုင်
အတွေ့အကြုံရဖို့၊ ဘွဲ့ဒီဂရီအဆင့်မဟုတ်တဲ့ သင်တန်းအ စီအစဉ်တွေ (training
programmes) တက်ရောက်ဖို့၊ ဒါမှ မဟုတ် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များ (immigration
purpose) အတွက်ဖြစ်စေ အင်္ဂလိပ်စကားပြောနိုင်ငံတွေ ကို သွားရောက်ကြမယ့်
ဖြေဆိုသူတွေအတွက် သင့်တော် ပါတယ်။


Listening,
Reading, Writing နဲ့ Speaking (၄) ခုစလုံး ဖြေဆိုရပါမယ်။ Acacemic
နဲ့General Training မှာ Listening နဲ့ Speaking နဲ့ Reading နဲ့ Writing
မှာတော့ ကွဲသွားတယ်။
အချိန်နဲ့တကွ ဖော်ပြရရင်






ဒီဆောင်းပါးမှာတော့ Academic Test ကိုပဲ ဆွေး နွေးတင်ပြသွားပါမယ်။



Listening


Sections
(၄) ပိုင်းပါပြီး Listening Skills အမျိုးမျိုး ကို စစ်ဆေးတဲ့ မေးခွန်း
(၄၀) ဖြေဆိုရပါမယ်။ တစ် ယောက်ပြောစကား (monologues) နဲ့ နှစ်ယောက်ပြော
စကား (dialogues) အပါအ၀င် အသံသွင်းထားတဲ့စာသား (recorded texts) ပေါင်းစုံကို နားထောင်ရမှာဖြစ်သလို အင်္ဂလိပ်ဝဲသံ ( Engilsh accents) အမျိုးမျိုးနဲ့ဒေသိယ စကား (dialects) အဖုံဖုံကိုလည်း
ကြားရမှာဖြစ်ပါတယ်။ စစ်မေးတာ ကြာလာလေ ခက်လာလေပါပဲ။ တစ်ခါပဲ ဖွင့် ပြတာမို့
နားထောင်စဉ်မှာ တစ်ပိုင်းစီအတွက် မေးခွန်းတွေ ကို ဖြေဆိုရပါမယ်။ ဒါပေမယ့်
မေးခွန်းတွေကို ကြိုဖတ်ဖို့ နဲ့ အဖြေစစ်ဖို့ အချိန်ပေးပါတယ်။ အဖြေတွေကို
အဖြေ လွှာ (answer sheet) ပေါ် ကူးရေးဖို့ နောက်ဆုံးမှာ အချိန်ပို (၁၀) မိနစ် ပေးပါသေးတယ်။



Reading


စာပိုဒ်(၃)
ပိုဒ်ပေးထားပြီး Reading Skill အမျိုးမျိုး ကို စစ်မေးတဲ့ မေးခွန်း (၄၀)
ကို ဖြေဆိုရပါမယ်။ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ သတင်းစာတွေထဲက
စာပိုဒ်တွေကို ကောက်နုတ်ထားပြီး ကျွမ်းကျင်သူမဟုတ်တဲ့ စာဖတ်ပ ရိသတ် (a
non-specialist audience) အတွက် ရေးထား တဲ့ စာပိုဒ်တွေပါ။ အကြောင်းအရာတွေ
(topics) ကတော့ သူ့ဟာနဲ့သူ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မေးတာ ကြာလာလေ
ခက်လာလေပါပဲ။ အဖြေတွေကို အဖြေလွှာ ပေါ်ကူးရေဖို့ အချိန်ပိုမပေးပါ။



Writing


task
(၂) မျိုးရှိတယ်။ task ၁ မှာ ကားချပ် (chart) ဇယား (table),ဂရပ် (graph),
ပုံ (diagram)ကို ကြည့်ရှု လေ့လာပြီး အချက်အလက်များ (information) ကို
ကိုယ် ပိုင်စကားလုံးတွေသုံးပြီး တင်ပြနိုင်စွမ်းနဲ့ဖြည့်သွင်းထားတဲ့
အချက်အလက် (input) ရဲ့အဓိကထူးခြားချက်တွေ (main features) ကို
အကျဉ်းရုံးတင်ပြနိုင်စွမ်းကို ဖော်ထုတ်ပြရမှာဖြစ်ပါတယ်။ စာလုံရေအနည်းဆုံး
(၁၅၀) ရေးရပါမယ်။



Task 2 မှာ ကျတော့ စာလုံးရေ အနည်းဆုံး(၂၅၀)
ရှိတဲ့ အက်ဆေးတိုတစ်ပုဒ် ရေးရပါမယ်။ ထင်မြင်ယူဆ ချက် (opinion)
သဘောထားရပ်တည်ချက် (position) တစ်ခုကို အကျိုးသင့်အကြောင်းသင့်
တင်ပြတာတို့၊
ယေဘုယျပြဿနာတွေ(abstract issues) ကို ဆွေးနွေး တာတို့၊ ပြဿနာရဲ့အဖြေ
(solution) ကို တင်ပြတာတို့.. အဲဒီကျွမ်းကျင်မှုတွေကို ဖော်ထုတ်ပြရမှာ
ဖြစ်ပါတယ်။



Speaking


ဖြေသူ
(candidate )နဲ့မေးသူ (examiner ) တို့ရဲ့ မျက်နှာချင်းဆိုင် အင်တာဗျူး
(face-to-face/ one-to-one interview ) မှာ သုံးပိုင်းပဲ ရှိပါတယ်။



Part
1 မှာ ကိုယ့်အကြောင်း၊ အိမ်၊ မိသားစု၊ အလုပ်အကိုင်၊ ပညာရေး စတဲ့
အထွေထွေမေးခွန်းအတို အထွာလေးတွေ (short general questions )မေးပါတယ်။ Part
2 မှာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အကြောင်းအရာ တစ်ခု (a familiar
topic ) ကို စာစစ်သူကပေးပါ လိမ့်မယ်။ပြင်ဆင်ချိန်
တစ်မိနစ်ရပြီးတစ်မိနစ်/နှစ်မိနစ် ပြောရပါတယ်။Part 3 မှာတော့ Part 2
ကအကြောင်းအ ရာနဲ့ဆက်စပ်တဲ့ ယေဘုယျကိစ္စရပ်တွေကို ဆွေးနွေးပြော ဆိုရမှာ
ဖြစ်ပါတယ်။





ခင်မင်စွာဖြင့်





Code:
Credit: http://knowledgebridge.net/?option=com_content&view=article&id=144:ielts-&catid=51:english&Itemid=107&fontstyle=f-larger
ဆရာချမ်းဇော်ထက် ၏ ပိုစ်အားပြန်လည်ဖော်ပြပါသည်။

http://alinkarnya.blogspot.com/

2IELTS ဘာလဲ .. ? [Guide] Empty Re: IELTS ဘာလဲ .. ? [Guide] 5th June 2010, 9:54 pm

bigaimboy

bigaimboy
MITR New User



စာမေးပွဲကြေးကကော ဘယ်လောက်သွင်းရပါသလဲ ?

3IELTS ဘာလဲ .. ? [Guide] Empty Re: IELTS ဘာလဲ .. ? [Guide] 7th June 2010, 10:08 pm

ET

ET
Moderator



Moderator
ကျနော်က BC မှာ Member လုပ်ထားပါတယ်
သူတို့ဖွင့်ထားတဲ့ဆိုက်မှာလည်း အသင်းဝင်လုပ်ထားပါတယ်
[Only admins are allowed to see this link]
သူတို့မူရင်းဆိုက်မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်
[Only admins are allowed to see this link]


IELTS Preparation Course offered by us would probably open in July. It
is a 20-hour course and the fees is USD 140 including the library
membership card. First of all, you need to sit for the placement test
and you need to get Level 3 ( Intermediate ) and above to join the
course. The placement test timetables will be available probably in 2nd
or 3rd week of June. Please contact us again by that time.
Thank you.

http://alinkarnya.blogspot.com/

4IELTS ဘာလဲ .. ? [Guide] Empty Re: IELTS ဘာလဲ .. ? [Guide] 7th June 2010, 10:10 pm

ET

ET
Moderator



Moderator
IELTS သင်တန်းကို British Council မှာတက်မည်ဆိုပါက အရင်ဆုံး Placement
Test ကို အရင်ဖြေဆိုရမှာပါ။ ဖြေဆိုပြီး Level 3 and above ရမှသာလျှင်
တက်ရောက်နိုင်မှာပါ။ သင်တန်းများကတော့ ဇူလိုင် ၂ဝရက်နေ့နောက်ပိုင်းမှ
ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ အဲဒီသင်တန်းအတွက် Placement Testကို ဇွန်လ
ဒုတိယပါတ် (သို့) တတိယပါတ်လောက်မှ ပြန်လည် စုံစမ်းပေးပါ။ Placement Test
အချိန်စာရင်းများ ထွက်ခါမှ မြန်မာငွေ ၁ဝဝဝဝ ကျပ်နှင့် မှတ်ပုံတင် နဲ့
လာရောက်စာရင်းပေးသွင်းရမှာပါ။ သင်တန်းအချိန်စာရင်းများနှင့်
သင်တန်းအချိန်ဇယားများကို [Only admins are allowed to see this link]
[Only admins are allowed to see this link]
သွားရောက်ကြည့်ရှုပေးပါ။

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com