Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
MBA ဆိုတာ ဘာလဲ ကြားဘူးကြမယ်ထင်ပါတယ်


မြန်မာနိုင်ငံမှာရှိတဲ့
Organization, Business တွေရယ်၊ အမျိုးမျိုးသော Management System တွေ အကြောင်းနဲ့
နောက်တစ်ခုက MBA Holder ကိုင်ဆောင်ထားကြတဲ့လူများအကြောင်းပါ။



MBA မှာ Day နဲ့ Executive MBA ရယ်လို့ (၂)မျိုးခွဲထားပြီး သင်ကြားရတဲ့
Subject တွေ အများအားဖြင့်တူပါတယ်



Day ကျောင်းသား၊ ကျောင်းသူတွေကို
ဆရာ၊ ဆရာမများက ကိုယ်ဖိရင်ဖိ အသေးစိတ်သင်ပြနိုင်ပြီး any graduate ၀င်ခွင့်ဖြေ၊ လူတွေ့ဖြေ အောင်တာနဲ့ ကျောင်းတက်ခွင့်ရတာမျိုး၊
Executive မှာလည်း ဒီလိုပဲ ၀င်ခွင့်ဖြေ၊ လူတွေ့ဖြေ
အောင်ရင်ကျောင်းတက်ခွင့်ရတာမျိုး၊ ညနေပိုင်းဖြစ်လို့
စာသင်ကြားချိန်နည်းတယ်……



ကိုယ့်ဘာသာ Self-study ကို
ဇောင်းပေးတယ် အသက်(30)နှစ်အထက် (Executive Level experience 8 years) သတ်မှတ်ထားတာ
ကွာခြားပါတယ်



ဝင်ခွင့်ဖြေတဲ့အချိန်မှာလည်း
ဖြေရတဲ့ ဘာသာရပ်တွေက G- math အဆင့်ဖြစ်ပြီး ရေးဖြေအောင်ရင်လည်း မြန်မာနိုင်ငံက နာမည်ကြီး၊
လူသိများတဲ့ (ကမ္ဘာလှည့်ပြီး ပညာတွေလေ့လာဆည်းပူးလာခဲ့သော ဆရာ/မ အဖြစ် တာဝန်ထမ်းဆောင်လာ
ကြသော) လူများ Group Interview နဲ့ သေချာလူတွေ့စစ်ဆေးပြီးမှ အောင်ရင် MBA တက်ခွင့်ရမှာပါ။
ကျောင်းတက်ခွင့် ရပြီဆိုရင် Core Courses (12)Subjects)



1.
General Management


2.
Management Accounting 1


3.
Mathematic and Statistics for Management


4.
Financial Management


5.
Management Accounting 2


6.
Marketing Management


7.
Macro-Economic Environment


8.
Managerial Computing


9.
Production and Operations Management


10.
Decision Sciences


11.
Legal Framework for Business


12.
Human Resource Management


Elective
Cources



1
Strategic Management


2
International Trade


3
Marketing Research


4
Entrepreneurship and Small Business
Management



5
Banking


6
Business Ethics


7
Privatization


8
Insurance


9
Business Communication


10
Organizational Design and Development


11
International Business Management


12
E- Business


13
Capital Market


14
Industrial Management


15
Taxation


16
Managerial Economics


17
Change Management


18
Tourism Management


19
Public Enterprise Managemnt


20
Project Managemnt


21
Consumer Behavior





အားလုံးပေါင်း (၂၄)ဘာသာပြည့်အောင်
ဆရာ/မ တွေ သင့်တော်တာရွေးချယ်သင်ကြားပေးတာကို သင်ယူကြရပါတယ်

ဆက်လက်ဖော်ပြပါမည်။

http://alinkarnya.blogspot.com/

mars

mars
Moderator



Moderator
လုပ်ပါဦးဗျ... ရပ်မထားပါနဲ့... ကျနော်အဲဒါကိုစိတ်ဝင်စားလို့ပါ... မြန်မာနိုင်ငံကပေးတဲ့ MBA ကလည်း ရဖို့မလွယ်ပါဘူး... တတ်ဖို့အတွက်ဆိုရင် ဘယ်လိုမျိုးတွေ လိုအပ်လဲ၊ ဘယ်လိုတတ်ရင်ရမလဲဆိုတာကိုပါပြောပေးပါ... 

http://sidnaing.co.cc/

ET

ET
Moderator



Moderator
ညနေပိုင်း Executive Level တွေအနေနဲ့ အလုပ်ရှိပြီးသာလည်းပါတယ်
၊ အချို့က ကုမ္ပဏီ Managing Director , Director အစရှိတဲ့သူတွေ ဖြစ်လို့ ကျောင်းပြိးလို
အလုပ်ဝင်ဖို့ အလုပ်ရှာဖို့ အခက်ခဲရှိမရှိပေမဲ့ Day MBA တွေ အဖို့ ဒီပြသာနာက အဓိကလိုဖြစ်နေပါတယ်






2015 Asian Free Trade (AFTA) မှာForeign Investor တွေဝင်လာရင် International အဆင့်ကို မှီတာ
MBA တွေပဲ။



အတွေ့အကြုံမရှိသေးတဲ့သူတွေတောင် သင်တန်းကာလမှာ Project
လေ့လာရေး၊ လက်တွေ့ စက်ရုံလေ့လာရေး၊ လက်တွေလုပ်ငန်းခွင်လေ့လာရေး၊ လက်တွေ့စတဲ့ အဆင့်ပေါင်းများစွာကို
အဆင့်ဆင့် အထက်ကို တင်ပြ အမှတ်ပေးစနစ် တွေနဲ့ လုပ်ခဲ့ရတာပါ






တော်တန်ရုံ Manager လုပ်သက် (၃)နှစ်လောက်ကတော့ MBA က စနစ်ကျမှုမှာ ယှဉ်ပြိုင်နိုင်ပါတယ်။


MBA မှာ သင်တဲ့ သင်ရိုးတွေက Sixth Edition, Seventh
Edition , International text book တွေကိုပဲ
သင်တာပါ။






MBA ဆိုတာ အရမ်းကို တန်ဖိုးကြီးပါတယ် ကိုယ့်တန်ဖိုးကို ကိုယ်သိဖို့ပါပဲ





နောက် ကျနော်ပြောချင်တာတစ်ခုရှိပါသေးတယ်


Opportunity Cost အကြောင်းပါ


ကျောင်းတက်နေစဉ်မှာ ကျောင်းသားအားလုံးက မိမိတို့ရဲ့ အချိန်တွေ အခွင့်အရေးတွေ
ဝင်ငွေတွေကို စွန့်လွတ်ပြီး မျှော်မှန်းချက်ကြီးစွာနဲ့
MBA တက်ကြပါတယ်






နိုင်ငံခြားသားအင်္ဂလိပ်စကားမပီတပီနဲ့လူမျိုးခြားတွေကို
USD 2000-3000 ပေးခန့်ထားပြီး



ကိုယ့် မြန်မာနိုင်ငံသား MBA Holder တွေကို USD 400-500
ပဲ တန်တယ်လို့ ထင်နေလား



တော်တန်ရုံ ကူမ္ပဏီတစ်ချို့မှာ ဧည့်ကြိုတောင် 70,000 ကျပ်ရတယ်
Foreigner Undercontrol ဆိုရင် USD 200 ၀န်းကျင်။ တွေးမီတာတစ်ခုက MBA ကို ဈေးနှိမ်တာ မစားရတဲ့ စပျစ်သီးချဉ်သလိုများဖြစ်နေလား။.



တစ်ချို့ ကုမ္ပဏီပိုင်ရှင်တွေကိုယ်တိုင် MBA တတ်ထားပါလျက်နဲ့
မညှာမတာများ လစာသတ်မှတ်နေကြတာ စာတွေများ သိပ်တတ်သွားပြိး (Cut the fat)များလုပ်နေကြတယ်ထင်ပ။






MBA ကျောင်းဆင်းတစ်ချို့က ငွေလည်း သိပ်မလိုပဲ အတွေ့အကြုံအတွက်ပဲလေ
မြန်မြန်ရပြီးရောဆိုပြီး ရရာလစာနဲ့ ၀င်လုပ်ရာကနေ ကုမ္ပဏီပိုင်ရှင်တွေ ညာညှိပြီး အဲ့လိုလစာနည်းကြတာပေါ့






‘ လှပပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းပုရုပ်ကလေးတစ်ရုပ်ကို
မြင်တဲ့သူတိုင်းတော့ တန်ဖိုးမသိလို့ ဈေးကောင်းပေးမ၀ယ် နိုင်ကြဘူး။ ဒီပန်းပူရုပ်ရဲ့
တန်ဖိုးကို တကယ်သိတဲ့လူ၊ တန်ဖိုးထားတဲ့လူကတော့ ဈေးအများကြီး ပေးပြီးဝယ်မှာပဲ ၊”



မသိသူကျော်သွား၊ သိသူဖော်စား … စကားပုံလိုပဲပေါ့××××××××××


အဓိကကတော့ …………….


ကိုယ့်တန်ဖိုးကို
ကိုယ်သိဖို့ပါပဲ






မြန်မာပြည်မှာရှိတဲ့
ကုမ္ပဏီပိုင်ရှင်အချို့ကတော့ ဗဟုသုတရှိပါတယ်



ပညာတတ်တွေနဲ့၊
သူ့ကုမ္ပဏီ စနစ်တကျနဲ့ လုပ်ငန်းတွေ Smooth ဖြစ်မယ်။ systematically ဖြစ်မယ်ဆိုတာကို
သိတော့ ပညာတတ်တွေကို လစာကောင်းကောင်း၊ ခံစားခွင့်ကောင်းကောင်းပေးပြီးခန့်ထားရမယ်ဆိုတာကို
သိကြပါတယ်၊



တန်ဖိုးမသိတဲံ
ကုမ္ပဏီအချို့သာ……………………………..×××××

http://alinkarnya.blogspot.com/

water

water
MITR Reader



MITR Reader
ပညာ နှင့် သညှာ ဆိုတာ ကွာ တာ ကိုး......
ပညာတက်တဲ့ သူတွေ က လုပ်ငန်း အတွက် ကို ရေရှည် ကြည့်ကြတယ်......
လူမွေးတဲ့ သဘောမျိုးလို့ထင်တယ်...... လစာ လဲ ကောင်းကောင်းမေးတယ်... ခံစားခွင့်လဲ ကောင်းကောင်းပေးတာ ပေါ့....

ကျန်တဲ့ သူတွေ ကတော့.... လာလုပ်တဲ့ ပညာရှင်လေး တွေ ကို... တွေးချက်တွေက

" အော်... အချိန်တန်ရင် လစ်မဲ့ကောင်တွေ ပဲ...လုပ်ငန်းထဲ မှာ လဲ ဘုန်းချင်ဘုန်းနိုင်တယ် "

ဆိုးရွားတဲ့ အတွေးလေး တွေဝင်နေတာ ခက်တယ်... ရေရှည်ကို မကြည့်တက်တဲ့ သဘောလေးပဲ....

အဲဒီလိုမျိုးဆိုရင်တော့.... လက်အောက်ငယ်သားတွေ မမြဲတာတို့ .... လက်အောက်ငယ်သားတွေ ကွက်ကြော်ရိုက်တာတွေ ခံရတော့... ရေရည် မပြောနဲ့... လက်ရှိ အခြေအနေကိုတောင် တိုးတက်အောင် လုပ်နိုင်မယ် လို့ တော့ မထင်ဘူး

mars

mars
Moderator



Moderator
အဲဒိလိုကိစ္စမျိုးတွေက မြန်မာနိုင်ငံမှာတင်မဟုတ်ပါဘူး... ကမ္ဘာနဲ့ချီပြီးတော့ကိုဖြစ်နေတာပါ... နောက်ပြီးတော့ ဒီ MBA မှတင်မဟုတ်ပါဘူး... ကွန်ပြူတ်ာလိုင်းမှာပဲဖြစ်ဖြစ် ... တခြားဘယ်လိုင်းမှာမဆို အဲဒိလိုပွဲဦးထွက်တွေမှာ အဆော်ခံရတာရှိပါတယ်... မြန်မာနိုင်ငံမှာလည်း ကွန်ပြူတာသမားတွေလစာဘယ်လောက်ရလို့လဲ... နောက်ပြီးတခြား ပညာနဲ့မွေးတဲံသူတွေကော ဘယ်လောက်များလစာကောင်းကြလို့လဲ... နိုင်ငံခြားထွက်တော့လည်း လစာကအဲလောက်ကြီးပေးတာမဟုတ်ပါဘူး... ကိုယ်နိုင်ငံနဲ့ ငွေကြေးကွာခြားချက် များသွားလို့သာ များတယ်ထင်ရတာ... တကယ်တော့ သူတို့နိုင်ငံသားတွေ ကိုယ်လိုသာလုပ်ရရင် ..... ကဲထားပါတော့... အဲဒိတော့ နောက်ဆုံးတော့လည်း ကျနော်ဖတ်ခဲ့ဖူးတဲ့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ဆိုတဲ့စာအုပ်ကိုတောင်သွားသတိရသားဗျာ.... ဟားဟားဟားး 

http://sidnaing.co.cc/

ET

ET
Moderator



Moderator
ကိုမားစ်ရေ
နိုင်ငံခြားမှာတော့ ဘယ်လိုတက်ရသလဲတော့ ကျနော်မသိဘူးဗျာ
မြန်မာနိုင်ငံမှာတက်မယ်ဆိုရင် ကိုယ်ဘာသာ Self study လုပ်မလား
မလုပ်ဘူးဆိုရင်တော့ လှိုင်မှာ သင်တဲ့ ပါချုပ်တို့ဆီမှာ ပြောပြီး Learning ယူလို့ရပါတယ် (ကျူရှင်လို့မသုံးဘူးနော်)

MBA တက်ရမှာက လှိုင်ထဲမှာပဲ အဆောင်နာမည်တော့မသိပါ
နေ၇ာတော့သိပါတယ်
သင်ပေးတဲ့ ဆရာနဲ့ ဆရာမ နှစ်ယောက်ကိုသိပါတယ် (လိပ်စာ & ဖုန်း)
ကိုမားစ်သိချင်တယ်ဆိုရင် ဒီနေရာမှာပဲ ဖော်ပြပေးလို့ရလား
ဘာတွေလိုအပ်လဲဆိုရင် Graduate ဖြစ်ရပါမယ်
လုပ်သက်(၃)နှစ်အထက် Experience ရှိရပါမယ်
တကယ်လို့မရှိရင်တော့ ကုမ္ပဏီရဲ့ ထောက်ခံချက်နဲ့ တက်လို့ရပါတယ်
ကိုမာစ်းရေ သိချင်တာရှိရင် ပြောခဲ့ပါ
ကျနော် သိသလောက်တော့ ပြောပြပေးပါမယ်

http://alinkarnya.blogspot.com/

mars

mars
Moderator



Moderator
ET wrote:သင်ပေးတဲ့ ဆရာနဲ့ ဆရာမ နှစ်ယောက်ကိုသိပါတယ် (လိပ်စာ & ဖုန်း)
ကိုမားစ်သိချင်တယ်ဆိုရင် ဒီနေရာမှာပဲ ဖော်ပြပေးလို့ရလား
ဖော်ပြပေးထားရင်ကောင်းမယ်နော်... ကျနော်သိထားချင်လို့... လုပ်ဖြစ်မယ် မလုပ်ဖြစ်ဘူးဆိုတာက အခြေအနေပေါ်မူတည်ပါတယ်...
ET wrote: ဘာတွေလိုအပ်လဲဆိုရင် Graduate ဖြစ်ရပါမယ်
လုပ်သက်(၃)နှစ်အထက် Experience ရှိရပါမယ်
တကယ်လို့မရှိရင်တော့ ကုမ္ပဏီရဲ့ ထောက်ခံချက်နဲ့ တက်လို့ရပါတယ်
အဲဒါက ဘယ်အတွက်လဲ... Day အတွက်လား...

http://sidnaing.co.cc/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com