1 Thin Client 24th March 2009, 4:08 pm
ζ. ζ. †
MITR Reader
thin client ဆိုတာ က hard disk မပါတဲ့ PC တွေကို ခေါ်တာ ပါ။ hard disk မပါတော့ operating system တွေ application software တွေ အားလုံးကို server တစ်ခုမှာပဲ install လုပ်ထားပြီးတော့ client တွေ boot တက်တာကအစ application တွေ run တာအဆုံး အားလုံးကို server ကနေတစ်ဆင့် run ရတယ်။ thin client ကို အများအားဖြင့် အနောက်နိုင်ငံတွေက ပိုသုံးကြတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ဆီမှာ software ၀ယ်ရင် license နဲ့ ၀ယ်ရတော့ ဈေးကြီးတယ်လေ။ thin client ကိုသုံးရင် software တွေအားလုံးကို တစ်ခုစီပဲဝယ်ရတော့ ဈေးသက်သာတာပေါ့ဗျာ။ ဆိုလိုတာကဗျာ ရိုးရိုး network တွေဆိုရင် client ငါးခုရှိလို့ software ငါးခွေ ၀ယ်ရမယ်ဆိုရင် thin client မှာက server အတွက် တစ်ခါပဲဝယ်ရတယ်။ နောက် thin client network ရဲ့ client တစ်ခုချင်းစီမှာ hard disk ထည့်စရာမလိုတော့ အကုန်အကျသက်သာတာပေါ့။ ပြီးတော့ ပါဝါအစားသက်သာတယ်။ ပြီးတော့ server တစ်ခုတည်းကထိန်းချုပ်တာဆိုတော့ data security ပိုရှိတယ်။
thin client မှာတစ်ခုဆိုးတာက အပိုပစ္စည်းရှားတယ်ဗျ။ ပြန်ရောင်းချင်ရင်လည်းဝယ်မယ့်လူ သိပ်မရှိဘူး ။ ပြီးတော့တပ်ဆင်ပေးနိုင်တဲ့ technician တော်တော်လေးရှားတယ်။ နောက် thin client မှာသုံးရတဲ့ network card နဲ့ cable တွေက ရိုးရိုး network တွေမှာ သုံးရတဲ့ card တွေ cable တွေနဲ့ မတူဘူး ။ boot တက်နိုင်တဲ့ cable နဲ့ card တွေဖြစ်ရမယ်။ ပြီးတော့ thin client မှာ server ကအသားကုန် run ရတော့ heat ပိုတက်တယ်။ ပြီးတော့ boot တက်တာက အစ application တွေ run တာအဆုံး server ကို ပဲ မှီခိုနေရတာဆိုတော့ client အရေအတွက်များလေ speed နှေးလေပဲ။ ပြီးတော့ thin client တွေက multimedia နဲ့ ပက်သက်လာရင် မနိုင်တော့ဘူး။ နောက် application software တော်တော် များများ နဲ့ compatible မဖြစ်သေးဘူး။ နောက်ဆုံးတစ်ချက်ကတော့ အကယ်၍ server သာ down သွားမယ်ဆိုရင် client တွေက boot မတက်နိုင်ရုံတင်မကဘဲ data တွေပါပျက်သွားလိမ့်မယ်။
ဒီနိုင်ငံမှာတော့ thin client တွေဖွံဖြိုးဖို့ အတွက်တော်တော် အချိန်ယူရဦးမယ်။ ဘာလို့လဲဆိုတော့ thin client ရဲ့ အဓိက အားသာချက်က software အတွက် သိပ်ပိုက်ဆံမသုံးရတာပဲ ရှိတာလေ။ ဒီမှာ က software တစ်ခွေကို အများဆုံးရှိမှ ၁၀၀၀ ပဲလေ။ ဒါပေမဲ့ အကယ်၍သာ copy right law တွေသာ လွှမ်းမိုးလာခဲ့ရင် တော့ တော်တော်လေး သုံးလာကြမှာပါ။ အဲဒီအချိန်ကျရင် အဆင်သင့်ပြင်နိုင်အောင်လို့ ကျွန်တော်တင်ပြလိုက်တာပါ။