ကိုဝေတို့လမ်းထဲတွင်Internetဆိုင်3,4ဆိုင်လောက်ရှိတ ယ်ဗျ..ကိုဝေကြည့်နေတယ်၊ကြည့်နေတယ်ဆို
တာထက်တွေ့မိနေတယ်ပေါ့ဗျာ...ကောင်းလေး၊ကောင်မလေးတွေတော်တော်များများအဲဒိဆိုင်ထဲကိုဝင်
လိုက်ထွက်လိုက်နဲ့တော်တော်များတယ်ဗျ...ကိုဝေရဲ့ညီမလေးလည်းပါတာပေါ့...ကိုဝေညီမလေးကိုမေး
ကြည့်တယ်..နင်Internet ဆိုင်ကိုဘာသွားလုပ်တာလဲ...ဆိုတော့သူက ကြိုကီးကလည်းဘာလုပ်ရမှာ
လည်းChatting သွားထိုင်တာပေါ့တဲ့....ကိုဝေစဉ်းစားကြည့်တယ်..သူတို့ ပြောတဲ့Chattingဆိုတဲ့ဟာ
ကြီးကိုDictionary မှာရှာကြည့်တော့"အလာပသလာပပြောခြင်း"ဆိုဘဲဗျ...ဒါဆိုေ ကာင်မလေးတွေ
လည်းကောင်လေးတွေလို"လဘက်ရည်ဆိုင်"သွားတာပေါ့....ဟုတ် ဘူးလားဗျ..အော်Internetဆိုတာ
ဒါတွေလုပ်ဖို့လား..ကျွန်တော်မသိလို့မေးတာပါ.......တစ်ချို့တွေကြတော့လည်းWebsiteကြည့်တယ်.
Forum ဝင်တယ်တဲ့..ဒါတွေကဘာလည်းလို့မေးကြည့်တော့...တစ်ချို့ ကWebsite ကနေတစ်ဆင့်
အလုပ်ရှာတာတဲ့..အင်းနည်းနည်းတော့မဆိုးပါဘူး..တစ်ချို့ကြတော့နိုင်ငံတကာမှာဘာတွေဖြစ်နေ
တယ်ဆိုတာကြည့်တာတဲ့...အင်းဒါကတော့...ဘာဘဲပြောပြောကို ဝေစိတ်ထဲမှာတွေးမိလိုက်တာက
Chatting ထိုင်တာထက်တော့ကောင်းပိုကောင်းမှာဘဲလို့...သူတို့ကြေ ပာတယ်Chatting ထိုင်တာ
ဘဲအစ်ကိုကြီးတို့လည်းလဘက်ရည်ဆိုင်မထိုင်ဘူးလားတဲ့... ကိုဝေစိတ်နည်းနည်းညစ်သွားတယ်..
နောက်ပြီးဆက်ပြောသေးတယ်နိုင်ငံခြားမှာလည်းChattingထိုင်ကြတာဘဲတဲ့..ကိုဝေစဉ်းစားလိုက်မိ
တာကနိုင်ငံခြားကလူတွေကတစ်နေကုန်အလုပ်လုပ်ပြီးညနေခင်း တို့ညဘက်တို့အားလပ်ကြမှChatting
ထိုင်ကြတာဖြစ်မှာပါ..လေ..အင်းပေါ့သူခေတ်နဲ့သူအခါဘဲ.. .ကိုဝေဒါတွေကိုနားမလည်ပါဘူး..ကိုဝေ
နားမလည်တာလေးတွေတော့နည်းနည်းမေးမယ်နော်...အလာပသလာပ.. ဆိုတာတစ်နေကုန်ထိုင်ပြော
နေကြရတာလားခင်ဗျာ......ဖြေပေးကြပါဦးနော်။