Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

ကဲ့ရဲ့ခြင်း၊ ရှုံ့ချခြင်း၊ တိုက်ခိုက်ခြင်း [Article]

Go down  Message [Page 1 of 1]

mgpyone

mgpyone
VIP Member



VIP Member

I want to share a post from MMITP by Ko Myint Kyaw Thu.. I hope that our community can continue like this post.. then..

Original Post : [url=http://myanmaritpros.com/forum/topics/1445004:Topic:180224]
Code:
[/url][url=http://myanmaritpros.com/forum/topics/1445004:Topic:180224]http://myanmaritpros.com/forum/topic...4:Topic:18022[/url]
================================================== ====
ကဲ့ရဲ့ခြင်းဆိုတာ သူတပါးကို မကောင်းအမြင်နဲ့ ကြည့်ပြီး၊ တကယ်မဟုတ်တာကို
ပုံကြီးချဲ့ ကဲ့ရဲ့တာပါ။ ကဲ့ရဲ့ခြင်းဆိုတာ တကယ်တော့ negative word ပါ။
ကဲ့ရဲ့ခြင်းနဲ့ အဓိပါယ်တူသလို နဲ့မတူတာကတော့ ရှုံ့ချခြင်းပါ။
ရှုံ့ချတယ်ဆိုတာ သူတပါးမကောင်းတာ လုပ်နေတာကို အကောင်းမြင်စိတ်နဲ့
ဝေဖန်တာပါ။ ဒါမှနောက်တခါ မကောင်းတာ မလုပ်ရဲမှာလေ။ ဥပမာ၊ Library
မှာစကားကျယ်ကျယ် ပြောတာကို ရှုံ့ချတာ၊ public places တွေမှာ
ဆေးလိပ်သောက်တာကို ရှုံ့ချတာတွေပါ။ လူအများဝိုင်းပြီူ ရှုံ့ချပေးမှ
နောက်ဒီလိုမကောင်းတဲ့ အကျင့်တွေ မလုပ်ရဲတော့မှာပါ။

ဒါကြောင့် ရှုံ့ချခြင်းဆိုတာ positive word လို့ထင်ပါတယ်။ ဒီနေရာမှာ online
community နဲ့ဆိုင်တာဘဲ ပြောချင်ပါတယ်။ ခုကျွန်တော်တို့တတွေ Forums တွေမှာ
ရှုံ့ချတာကို ကဲ့ရဲ့တာနဲ့ မှားနေပါတယ်။ ရှုံ့ချတာကို မလုပ်သင့်ဘူးလို့
မြင်တဲ့သူတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။
ရှုံ့ချတာ (သို့) ဝေဖန်တာ လုပ်ကိုလုပ်သင့်ပါတယ်။ Community
လိုက်များများလုပ်သင့်ပါတယ်။ ဒါဆို Community လိုက်ပိုကောင်းလာနိုင်ပါတယ်။
ဥပမာ၊ Foumr မှာအသစ်ဝင်လာတဲ့ newbie တယောက်ကို ၀ါရင့်ကြီးတယောက်က
ဗလိုင်းကြီး နှိပ်ကွပ်နေရင် ကျန်တဲ့ community က၀င်ပြီး အဲဒီဝါရင့်ကို
ရှုံ့ချသင့်ပါတယ်။ "Java is dead" လိုမျိုး မဟုတ်သုတ်ခ Post တွေလာတင်ရင်
community အနေနဲ့ ၀ိုင်းပြီး ရှုံ့ချသင့်ပါတယ်။ ဒါမှ wrong information
တွေကို beginner တွေက အဟုတ်လို့မယူဆမိမှာပါ။ "Java is dead" ဆိုတဲ့ Blog
ကို beginner တယောက်ဖတ်မိရင် မကောင်းနိုင်ပါဘူး။ သူ
အမှားတွေထင်သွားနိုင်ပါတယ်။

ဒီနေရာမှာ MITP လို ပြင်ပ real-life ကို impact လုပ်နိုင်တဲ့ forums
တွေမှာ ရှုံ့ချတာ၊ ဝေဖန်တာကို များများလုပ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။
ဥပမာ၊ training center တွေမကောင်းရင် ဝေဖန်ရှုံ့ချသင့်တယ်။ MCPA မကောင်းရင်
ရှုံ့ချသင့်တယ်။ ဘယ် company က developer တွေကို ဘယ်လို အမြတ်ထုတ်နေတယ်ဆို
ရှုံ့ချသင့်ပါတယ်။ ဒါဆို IT industry တခုလုံးပိုကောင်းလာနိုင်ပါတယ်။ ဒီ
forums မှာ pro ကော၊ none-pro ကို၊ လုပ်ငန်းရှင်ကော အလွှာပေါင်းစုံက IT
ပညာရှင် တွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ကတော့ ရှုံ့ချတဲ့ posts
တွေများများ မြင်ချင်ပါတယ်။

တိုက်ခိုက်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် အမြင်မတူလို့ တိုက်ခိုက်ကြတာပါ။ MITP
မှာ Unicode နဲ့ Zawgyi စစ်ပွဲတွေက အကောင်းဆုံး ဥပမာပါ။ စစ်ပွဲဆိုတာ
အကျိုးမရှိတဲ့ စစ်ပွဲတွေရှိသလို၊ အကျိုးရှိတာတွေလဲ ရှိပါတယ်။ ရှေးခေတ်
စစ်ပွဲတွေကြောင့်၊ ယဉ်ကျေးမှု ကူးဆက်တာမြန်ပြီး တိုးတက်မှုမြန်လာပါတယ်။
ဒါပေမဲ့ အီရတ်စစ်ပွဲကြောင့်တော့ ယဉ်ကျေးမှုအဆောက်အအုံတွေ ပျက်စီးစေပါတယ် [You must be registered and logged in to see this image.]
ဒါကြောင့် ဒီ forums war တွေဖြစ်ရင် final result မှာအကျိုးရှိရင်
အလွန်ကောင်းပါတယ်။ အကျိုးမရှိရင်တော့ flame war တွေဟာ အချိန်ကုန်သက်သက်ဘဲ
ဖြစ်ပါတယ်။ ဒါကြောင့် member အများစုအနေနဲ့ flame war
လို့တွေ့လိုက်တိုင်းလဲ၊ မကောင်းမမြင်သင့်ပါဘူး။ MITP က flame war
ဆင်နွဲနေကျ general ကြီးတွေလဲ (ဘယ်သူတွေလဲ သိတယ်နော်? [You must be registered and logged in to see this image.]) good result ရရှိအောင်ဦးတည်မယ်ဆို အလွန်ကောင်းပါလိမ့်မယ်။

ကာကွယ်ပေးခြင်းဆိုတာ forums မှာ ကဲ့ရဲ့တာကို ကာကွယ်ပေးတာ၊ group
လိုက်ဝိုင်းအနိုင်ကျင့်တာကို ကာကွယ်ပေးတာ၊ flame war တွေမှာ
ဖြန်ဖြေပေးတာပါ။ Peace kepper တွေပေါ့။ Forums တိုင်းမှာ Peace keeper
တွေရှိတတ်ပါတယ်၊ ဒါပေမဲ့ အလွန်နဲပါတယ်။ MITP မှာဆို Ko Chit တို့ Ko Ei
Maung တို့ကို peace keeper လို့ခေါ်လို့ရမယ်ထင်တယ်။ ဒါပေမဲ့ peace keeper
တွေအရမ်းနဲနေသလားလို့။ ကျွန်တော်တို့တတွေလဲ အားနဲသူကို ကာကွယ်ပေးတာ၊ flame
တွေမှာ ဖြန်ဖြေပေးတာတွေကို ပိုလုပ်ကြရင် community
လိုက်ပိုကောင်းလာမလားလို့ တွေးမိပါတယ်။

ps: online community နဲ့ပတ်သက်ပြီး ကျွန်တော်အမြင်သက်သက်သာ ဖြစ်ပါတယ်။
လွတ်လပ်စွာ ရှုံ့ချ ဝေဖန်နိုင်ပါတယ်။ Personally လိုက်
ကဲ့ရဲ့တာမျိုးတွေတော့ နားထောင်မည်မဟုတ်ပါ [You must be registered and logged in to see this image.]

===============================================

Best

MP

http://www.mgpyone.net
Share this post on: reddit

No Comment.

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com