1 Intel Core i7-980X Extreme Edition 13th March 2010, 12:55 pm
mars
Moderator
Intel ရဲ့ အပြိုင် AMD က Athlon II X4 635 ဆိုပြီး Intel Core i3-530 processor ရဲ့ ဈေးနှုန်းနဲ့အတူ ထုတ်လွတ်ခဲ့ပြီး CPU ကမ္ဘာမှာ ထိပ်တန်းကိုရရှိခဲ့ပါတယ်။ ဈေးနှုန်းရယ်၊ မြန်ဆန်မှုတွေကြောင့် သုံးစွဲသူ အားလုံးမျက်စိကျစေခဲ့ပါတယ်။ ဒီအတွက် Intel က Core i7 CPUs တွေကို ထုတ်လုပ်ပြီး ပြိုင်ဘက် AMD ကို အပြတ်ချေပနိုင်ခဲ့ပြန်ပါတယ်။
Intel ရဲ့ နောက်ဆုံးပေါ် Core i7 Chip တွေထဲက "Culftown" လို့ Code name ပေးထားတဲ့ Core i7-980X Extreme Edition က နောက်ဆုံးပေါ် Video Editing, 3D ပုံဆွဲတာတွေ မှာ အကောင်းဆုံး processor တစ်ခုအဖြင့်ရပ်တည်လို့လာပါတယ်.. ဒီ Processor ကလည်း Intel ကို ကမ္ဘာ့ အမြန်ဆုံး CPU ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်လာအောင် ဖန်တီးပေးလိုက်တာပါပဲ။ ၄င်းအထဲမှာ Core 6 ခု ပါဝင်ပြီး တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးနိုင်မှု ၁၂ ခုကိုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ i7-980X က အရင်က i7-975 extreme edition ပိုပြီးမြန်ဆန်က ၄င်းရဲ့ multicores လုပ်ဆောင်မှုများမှ အကောင်းဆုံး များကို ရွေးချယ်ထုတ်လုပ်ခဲ့တာပါ။
မိတ်ဆွေက ကွန်ပျူတာ ဖြင့်အသက်မွေးဝမ်းကြောင်းပြုရမယ်၊ ကွန်ပျူတာနဲ့ Video ပြင်ဆင်မှုတွေ ၊ အသံဖမ်းတည်းဖြတ်မှုတွေ အပြင် 3D ပုံတွေဆွဲမယ်ဆိုရင်တော့ Core i7-980X က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ Core i7-975 ထက် ယခု Core i7-980X က 25 ရာခိုင်နှုန်းမှနေ ၄၀ ရာခိုင်နှုန်းအထိ ပိုပြီးမြန်ဆန်ပါတယ်။
ဈေးနှုန်းအားဖြင့် ဒေါ်လာ 1000 ၀န်းကျင်ရှိပါတယ်။
Ref: worldwidemyanmar