Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

The Legend

The Legend
MITR New User



ကျနော် ကွန်ပျုတာ အသစ်ဝယ်မလို့ပါ
အဲမှာ CPU ကို Core i7 သုံးမှာပါ
ဒါပေမယ့် ကျန်တဲ့ ဟာတွေကျတော့ အချိုးညီအောင်ဘယ်လိုထည့်ရမလဲမသိလို့ပြောပြပေးပါ
ဖြစ်နိုင်ရင်
Processor ကို Core i7 ထားပြီးး ၀ယ်မယ့် ကျန်တဲ့ ပစ္စည်းတွေရဲ့ မော်ဒယ်နဲ့ တံဆိပ်ပါပြောပြပေးပါခင်ဗျာ

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်လည်း သိပ်တော့မသိဘူး။ CPU က Core i7 ဆိုမှတော့ DDR3 တပ်လိုက်ပေါ့။ ဒါမှ High performance PC ရမှာ။ ကျွန်တော့ သဘောနော်။

bluehack

bluehack
Moderator



Moderator
i Series တွေဟာ DDR3 နဲ့ပဲသွားကြပါတယ်။ Board ကြောင့်ပါ။
နောက်ပြီးတော့ ကိုယ်ဝယ်ဆင်မယ့် Computer မှာ HDD က
ဘယ်လောက်၊ Memory (RAM) ဘယ်လောက်သုံးမယ်၊
CPU Speed ဘယ်လောက်သုံးမယ်ဆိုတာ တွက်ကြည့်စရာ
အခုခေတ်မှာတော့ တော်တော်လေးလျော့နည်းသွားပါပြီ။
(User တွေသိပ်စိတ်ပူစရာမလိုအောင်လုပ်ပေးတဲ့ Vendor
တွေကိုကျေးဇူးတင်သင့်တယ်) Very Happy
အဲဒါတွေကိုတွက်မယ်ဆိုရင် Bus Speed ကဘယ်လောက်
HDD ကဘယ်လောက်(RPM) စသည်ဖြင့် အများကြီးတွက်ကြည့်
ရမှာပါ။
အဲ..... အကောင်းဆုံးကတော့ ဆိုင်ကိုသွားပြီး CPU ဘယ်လောက်
ထဲကနေဆင်မယ် စျေးနှုန်းဘယ်လောက်အထိကိုယ်နိုင်တယ်ဆိုတာ
နဲ့ဆင်ကြည့်လိုက်ပါ။ မဆိုးဘူးလို့တော့ပြောရမှာပါ။
တွက်ချက်ပြီး ထည့်ပေးတာကတော့ Brand တွေမှာရှိနေပြီး အခုလို
ဆင်မယ့် Standalone တွေမှာတော့ သိပ်မလိုတော့သလိုမျိုးဖြစ်
နေပါပြီ။

(မေးထားတာကို ဖြေတာမကြိုက်ရင် လာမရိုက်နဲ့ဦးနော်.) Very Happy

Zer0

Zer0
MITR New User



ဟုတ်ပါတယ် အပေါ်ကအစ်ကိုတွေ ပြောသလိုပဲ အဲဒီလောက်ကြီးတွက်စရာမလိုပါဘူး။
ဒါပေမဲ့ အစ်ကို graphic card တွေကောသုံးမှာဆိုရင်တော့ power supply ကို ကောင်းကောင်းဆင်သင့်ပါတယ်။
memory ကတော့ DDR3 ထဲကပဲရှိပါလိမ့်မယ်။
Graphic card မတပ်ရင်တော့ Monitor ကို size အကြီးကြီးမဆင်သင့်ပါဘူး။

http://www.myanmarlinks.net

lwinmgmg

lwinmgmg
MITR New User



memory အတွက် motherboard ၀ယ်ချိန်မှာ စဉ်းစားရမှာ ဖြစ်ပါတယ်။motherboard တွေမှာ သူတို့လက်ခံနိုင်တဲ့
memory type ,speed တို့ကိုပြပေးထားပါတယ်။ဆိုင်တွေကလဲပြောပြပေးပါလိမ့်မယ်။ဒါပေမယ့် တခါတလေ သူတို့ဆိုင်မှာ ရှိတာကို ရောင်းပေးလိုက်တာလဲရှိတတ်ပါတယ်။DDR 2 တွေပေါ်ကာစမှာ DDR 2 board မှာ speed
533 နဲ့အောက်ပဲတပ်နိုင်တဲ့ board ကိုရောင်းပေးလိုက်တော့ နောက်ပိုင်းထွက်တဲ့ DDR 2 800,667 တွေတပ်လို့မရ
တာ ကြုံဖုူးပါတယ်။ပြီးတော့ dual channel ,triple channel တွေတပ်မှာလား ဒီတချောင်းထဲတပ်မှာလား။စဉ်းစားရ မှာပါ။အကောင်းဆုံးကတော့ ကိုယ့်ကို ပေါင်းမရိုက်မယ့် နားလည်တဲ့ အသိတစ်ယောက်ကိုခေါ်ပြီး ဒါမှမဟုတ် သေချာမေး ပြီ းသွားဝယ်သင့်ပါတယ်။မှန်မှန်ကန်ကန်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေလဲ များလာပါပြီ။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com