1 Intel Core i7 chip အတုထွက်ပေါ်လာခြင်းနဲ့ပတ်သက်၍ intel မှစုံစမ်းစစ်ဆေး 20th March 2010, 2:28 pm
mars
Moderator
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Intel မှ ထုတ်ဖော်ပြောကြားချက်အရ Core i7-920 processor အတုများ ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ဈေးကွက်အတွင်း ပျံ့နှံ့လျက်ရှိကြောင်းသိရှိရပါတယ်။
ထို processor အတုနှင့်ပတ်သက်၍ Intel မှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး processor အရေအတွက်ကို သိရှိနိုင်ရန်လည်း ကြိုးပမ်းလျှက်ရှိပါတယ်။ Hardware ဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော HardOCP မှပြောကြားချက်အရ ၎င်း၏ ဖိုရမ်အဖွဲ့ဝင်တစ်ဦးဟာ processor အတုအား Newegg မှ ၀ယ်ယူရရှိထားကြောင်း သိရှိရပါတယ်။ Newegg ဟာ အွန်လိုင်းမှတဆင့် ကွန်ပျူတာနှင့်ဆက် စပ်ပစ္စည်းများ ရောင်းချလျက်ရှိသော ကုမ္ပဏီဖြစ်ပြီး ၎င်း processor အတုတွင် Heat Sink နှင့် Fan အား ပလတ်စတစ်ဖြင့် ပုံလောင်းထားကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်း processor အတုအတွင်း ညွှန်ကြားချက် (manual instruction) ပါဝင်ပေမယ့် ၎င်းဟာ စာမျက်နှာအလွတ်များသာဖြစ်ပြီး processor ဘူးခွံပေါ်ရှိစတစ်ကာတွင်လည်း socket အစား "sochet" ဟု စာလုံးပေါင်းမှားယွင်းစွာ ရေးသားထားကြောင်း သိရှိရပါတယ်။ "Newegg မှ processor အတုပေါင်း မည်မျှထွက်ပေါ်လာမည်ဆိုတာကိုတော့ အတိအကျမသိရသေးဘဲ Intel ကတော့ processor အတုအရေအတွက် မည်မျှရှိသည်၊ မည်သည့်နေရာမှရောင်းချသည်ဆိုတာကို စုံစမ်းလျှက်ရှိပါတယ်။
Ref; internetjournal