1 တာဝန်များခွဲပေးခြင်း 11th January 2010, 6:15 pm
sHa92
Founder
အရင်က Attacker ရဲ့ ၁.၁.၂၀၁၀ ဆိုတဲ့ ပိုစ့်တော့ ရှိပြီးသားပါ။
ဒါပေမယ့် ကျနော်ကလည်း ကျနော့်အစီအစဉ်က ပြိုင်ပွဲကို ဦးတည်မယ့်အစီအစဉ်ဖြစ်လို့ Topic ခွဲထုတ်လိုက်တာပါ။ ပြိုင်ပွဲအတွက်လုပ်ပြီးလို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ Attacker ရဲ့ အစီအစဉ်ကို ဆက်လုပ်ကြတာပေါ့။
ကျနော်ပြောနေတာတွေက ဆုရဖို့အတွက် အစီအစဉ်တွေနော်။
၁- Category ကို ပြန်လည်ပြင်ဆင်ပါမည်။ (ကျနော်တစ်ယောက်ထဲလုပ်ပါမယ်။) တိုင်ပင်ထားတဲ့အတိုင်းလည်းပါမယ်။ ကျနော့် Own Idea လေးတွေလည်းပါမယ်။ အသစ်စဉ်းစားမိတာလေးတွေရှိလို့။
၂- FAQ ရေးပေးကြပါ။ (Moderator များ ၊ J-Mod များမှရေးပေးပါရန်။)
ကျနော်ဖြစ်စေချင်တာက FAQ မှာ ဘာတွေပါသင့်သလဲဆိုတာကို အရင်တိုင်ပင်ပါ။ (Thread တစ်ခုဖွင့်သင့်က ဖွင့်ပါ။ ရှိတော့ ရှိပြီးသားထင်တယ်။)
ပြီးရင် ဘယ်အပိုင်းကို ဘယ်သူက ရေးမလဲဆိုတာ တိုင်ပင်ပါ။ Register မှ အစ Forum မှာ ပါတဲ့ Feature လေးတွေ အဆုံး ရေးပေးကြပါ။ (ပိုစ့်တင်တဲ့ အခါ Text Editor မှာ ရှိနေတဲ့ button လေးတွေကိုက အစ သေချာ အသေးစိတ်ရေးပေးဖို့ စီစဉ်ကြပါ)
ပြီးရင်တော့ ပုံလေးတွေ ၊ စာလေးတွေကို သေချာစီစဉ်ပြီး ခေါင်းစဉ်တစ်ခုကို ပိုစ့်တစ်ခုအဖြစ် ရေးပေးပါ။ Help & Feedback ထဲတွင်ထည့်ထားပါ။ FAQ Page ကို ပြီးမှ ကျနော်ပြန်ပြင်ရေးပေးမှာပါ။
အရေးကြီးဆုံးကတော့ ခေါင်းစဉ်ခွဲတာကို ၂ ရက်နဲ့ ပြီးအောင်ခွဲပေးပါ။ ပြီးရင် ၃ ရက်နဲ့ အပြီးရေးပေးပါ။
Request လုပ်တာပါနော်။ ဖိုရမ်အတွက် ဒီတစ်ခါ အားကုန်အရှိန်ယူလိုက်ရင် နောက်ဆို အေးဆေးပါပြီ။ (တောင်ကုန်းပေါ်တက်သလိုပေါ့ ၊ တက်နေတုန်း ပင်ပန်းပေမယ့် ၊ တောင်ထိပ်ရောက်ပြီးလို့ ဆင်းတဲ့အခါ သက်သာမှာပါ။ မြင့်မြင့်တက်လေ ၊ များများ သက်သာလေပါ)
FAQ ရေးဖို့ကို အစအဆုံး Moderator တွေလက်ထဲထည့်ထားတာနော်။ အရင်လို ကျနော်တို့ကချည်း ဦးဆောင်နေတာမျိုးမလုပ်ချင်တော့လို့ပါ။ အစ်ကိုတို့ဆို ကျနော့်ထက် အသက်ကြီးကြပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ၊ ကိုယ်ပိုင်ဦးဆောင်မှုတွေနဲ့ ရပ်တည်နိုင်ကြပါတယ်။
ဒီဖိုရမ်ကလည်း အစ်ကိုတို့ပိုင်တာဘဲလေ။ အစ်ကိုတို့ ဆုံးဖြတ်ချက်တွေနဲ့လည်း ဖိုရမ်က ရပ်တည်နိုင်ရမှာပေါ့။ ဒါကြောင့် အခုကိစ္စကိုတော့ အစ်ကိုတို့ ဦးဆောင်လုပ်လိုက်စေချင်ပါတယ်။
Thread တစ်ခုဖွင့်ပြီး တစ်ယောက်ယောက်က စလုပ်လိုက်ကြပေါ့။
၃- ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မည့် စာတန်းကို Attacker မှ အမြန်ဆုံးပြန်လည် စာစီရေးပြီး ဖိုရမ်ကို တင်ပေးပါ။
FAQ ကိစ္စ ၊ Table ပြန်ခွဲတဲ့ကိစ္စတွေ မင်းမပါနဲ့ဦး။ မင်းအတွက် လုပ်စရာရှိတာကို အရင်လုပ်လိုက်ဦး။ အဓိကက စာကို အရောက်တင်နိုင်ဖို့။
စာတင်ပြီးတဲ့နေ့ပြီး နောက်တစ်နေ့ စနေနေ့မှာ ငါက Table အပြီးခွဲပေးမယ်။ FAQ လည်း အဲဒီ့အချိန်လောက်ဆို ပြီးနေလောက်ပါပြီ။
Table ခွဲပြီးတာနဲ့ ၊ နောက်တစ်နေ့မှာ FAQ ကို တစ်ရက်ထဲနဲ့ အပြီးလုပ်ပေးမယ်။
အဲဒီ့အခါမှ သူတို့မပြီးသေးလည်း ငါတို့ ၀ိုင်းကူလို့ရတယ်လေ။ OK?
alt ကတော့ FAQ လုပ်ဖို့အထဲဝင်ရင်ဝင်လိုက်လေ။
ကျနော်ပြောတဲ့အတိုင်းလုပ်ပေးကြပါနော်။ အမြန်ဆုံးလေး။