Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ယခုလက်ရှိ ယာယီခွဲထားတဲ့ တာဝန်များနဲ့ Rank များဖြစ်ပါတယ်။
ကိုယ်နဲ့ အဆင်မပြေတာရှိရင် ငြင်းဆိုနိုင်ပါတယ်။ အခြားအဆင်ပြေမယ့် Rank တစ်ခုအား ပြန်လည်ညှိနှိုင်းနိုင်ပါတယ်။

ကျွန်တော် နဲ့ List ထဲမှာ ပါဝင်တဲ့ သူတွေ စကားပြောကြည့်ပြီး ၊ အားလုံးရဲ့ အခြေအနေကြည့်ပြီးတော့ တာဝန်တွေကို ခွဲလာခဲ့တာပါ။
နာမည် တစ်ခုတည်းက တာဝန် ၂ မျိုး ၊ ၃ မျိုးမှာလည်း ပါနေနိုင်ပါတယ်။ Smile

ကိုယ်လုပ်နိုင်တာက ၁ ခုမကဘူး ၊ ကျွန်တော် တာဝန်ပေးထားတာက ၁ ခုတည်းဖြစ်နေတယ် ဆိုရင်တော့ ကိုယ်လုပ်နိုင်တာ ကို ပြောကြဦးနော်။
များများလုပ်ပေးတော့ ၊ အင်အားပိုတောင့်တာပေါ့။ Smile

အမှတ်စဉ်တပ်တာကတော့ ဘာမှမဟုတ်ဘူး ၊ လူအရေအတွက် သိချင်လို့ ကြုံသလိုတပ်ထားတာပါ။

Admin -- General Admins
ခေါင်းစဉ်မှာပါတဲ့ အတိုင်းဘဲပေါ့။ Forum ကိစ္စအထွေထွေကို လုပ်ဆောင်ပေးမယ့် သူတွေဖြစ်ပါတယ်။ အောက်က တာဝန်အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ Razz
1-$ƴǩǾ
2-αℓт.332
3-z3r0c00l
4-အသဲကွဲလူသား

Admin -- Developer
Forum Design , Feature များအပြင် အခြား Developement ပိုင်းဆိုင်ရာတို့ကို ပြင်ဆင်ပေးမည့် သူများဖြစ်ပါတယ်။
1-skip soft
2-max

Moderator -- Download Zones Mod
Forum တွင်းရှိ Download Zone အပြင် ၊ အခြားနေရာများမှ Link များအားလုံး ၊ အလုပ်လုပ်မလုပ် ၊ Download အဆင်ပြေမပြေကို စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။
Link သေသွားတာ တွေ့ရရင် အမြန်ဆုံးရှာဖွေပြီး ပြန်တင်ပေးမယ့် တာဝန်ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။
Member တွေ ရှာခိုင်းတဲ့ File တစ်ခုခုရှိမယ်ဆိုရင်လည်း Google မှ ရှာဖွေပြီး အမြန်ဆုံးတင်ပေးရမှာ ဖြစ်ပါတယ်။
1-K0ht3t
2-mars
3-deep471
4-shin thant

Moderator -- Post Control Mod
Forum တွင်းတွင် ရှိသော နေရာမှားနေသည့် Post များ ၊ ခေါင်းစဉ်မပီသသည့် Post များ (eg; ကယ်ကြပါ ၊ ကူညီပါဦး ၊ ဘယ်လိုလုပ်ရမှန်းမသိပါ...) ၊ စာလုံးပေါင်းအမှားများ ၊ Code မခံသည်များ ၊ Forum စည်းကမ်းနှင့် မကိုက်ညီသော Post များ ၊ အစရှိသည်တို့အပြင် အားလုံးသော Post နှင့် သက်ဆိုင်သည့် အပိုင်းများကို ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
1-moeyake
2-solakoko
3-N@Y Y!N3
4-Хакер-истребитель
5-ogre
6-shin thant
7-samurai
8-K0ht3t
9-mars
10-ET

Service Team -- Problem Solving Team
Member များ၏ Networking, Hardware အစရှိသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ဖြစ်ပါတယ်။
နောက်ပိုင်းတွင် ပြင်ပရှိအလုပ်များကိုပါ အတူတကွ လုပ်ဆောင်နိုင်ရန် ကို deep မှ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
1-deep471
2-infohunter

Service Team -- Downloading Service
Downloading Service အတွက် ၊ Member များမှ တောင်းဆိုသော ခွေများကို မိမိတို့ အဆင်ပြေသည့် နေရာ ၊ Member များ အဆင်ပြေသည့်နေရာတွင် သွားရောက်ပေးဝေခြင်း တို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
1-ζ. ζ. †
2-ထက်နိုင်
3-samurai
4-ET

အခြား လိုအပ်နေသော Rank များ
-Graphic Designer (Forum တွင် လို အပ်သည့် Rank များ ၊ အခြားသော Graphic ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စေရန်)
-Full Time Developer (Forum အား ၂၄ နာရီ စောင့်ကြည့်နိုင်ကာ ၊ အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်ပေါ်လာပါက အချိန်မရွေး ပြင်ဆင်ပေးနိုင်မည့်သူ လိုအပ်သည်)
-News Repoter (နောက်ဆုံးပေါ် သတင်းများကို အမြဲမျက်ခြေမပြတ် တင်နိုင်ရန် လိုအပ်နေသည်)

လိုအပ်နေသည့် Rank များသည် မိမိတို့ ကူညီနိုင်မည့် Rank မျိုးဖြစ်ပါကလည်း ပြောနိုင်ပါတယ်။

မှတ်ချက်။ ။ တာဝန်များခွဲထားခြင်းသည် စည်းစနစ် ကျစေရန် ဖြစ်သည်။ ထိုတစ်ခုတည်းကို လုပ်ရန်မဟုတ်ဘဲ ၊ မိမိတို့ ဆောင်ရွက်ရမည့် တာဝန်အားပြီးစီးပါက အခြားသူတို့၏ တာဝန်များကိုပါ ကူညီလုပ်ကိုင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြပြီး ၊ ပိုမိုကောင်းမွန်တဲ့ Resource တစ်ခုကို တည်ထောင်ကြရအောင်လားဗျာ။

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
အဆင်ပြေပါတယ်။ တာဝန်ကိုလည်းကျေပွန်စွာထမ်းဆောင်ပေးပါမယ်

mars

mars
Moderator



Moderator
ကျနော်တာဝန်ယူနိုင်တာတွေ ချည်းပဲမို့လို့ ရပါတယ်... ယူနိုင်ပါတယ်... နောက်ထပ်အနေနဲ့ News Repoter (နောက်ဆုံးပေါ် သတင်းများကို အမြဲမျက်ခြေမပြတ် တင်နိုင်ရန် လိုအပ်နေသည်) အတွက်လည်း တာဝန်ယူနိုင်ပါတယ်ဗျာ....

http://sidnaing.co.cc/

Htet Naing

Htet Naing
Moderator



Moderator
ထက်နိုင် wrote:အဆင်ပြေပါတယ်။ တာဝန်ကိုလည်းကျေပွန်စွာထမ်းဆောင်ပေးပါမယ်
News reporter အနေနဲ့ ကတော့ အလျဉ်းသင့်ရင် သင့်သလိုထမ်းဆောင်ပေးပါမယ်။ (ဥပမာ- Seminar တွေမှာပြောသွားတဲ့ အကြောင်းအရာတွေကို RECORD လုပ်ပြီးတင်ပေးခြင်း)

sHa92

sHa92
Founder



Founder
အဲဒီ့လိုတွေ ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပေါ့ဗျာ။

အကုန်လုံးကို လုပ်လို့ဖြစ်တယ်ဆိုပြီး တာဝန်ယူပေးနိုင်တဲ့ ကို mars ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။

ကို ထက်နိုင် လည်း ကူညီပေးလို့ ကျေးဇူးပါဗျာ။

ဒါဆို ရန်ကုန်ကလူတွေအတွက် Meeting ချိန်လေးကို နောက် ခေါင်းစဉ်တစ်ခုနဲ့ ညှိပါမယ်။
ရပ်ဝေးက လူတွေကတော့ Forum ပေါ်မှာဘဲ မိတင် ထိုင်ကြတာပေါ့။ Smile

ကဲကဲ တခြားသူတွေလည်း ညှိကြပါဦးနော်။

http://www.myanmaritresource.info

samurai

samurai
Moderator



Moderator
လုပ်ပေးပါမယ် ။ အတတ်နိုင်ဆုံးကူညီပေးပါမယ်ဗျာ ။

တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးပါမယ် ။ အလုပ်ရသွားရင်တော့ နည်းနည်း နားလည်ပေးစေချင်ပါတယ် ။

ကူညီဖို့အသင့်ပါ ။ အချိန်ရရင် Reporter အတွက်ပါ ကူညီပြီးတင်ပေးပါမယ် ။ Reporter ရာထူးတော့ မယူပါဘူး ။

အပြင်ကနေဘဲ အားတဲ့အချိန် ကူညီပေးပါမယ်ဗျာ ။

ကျေးဇူးတင်ပါတယ် ။

http://www.deltafcfans.goodoles.com

N@Y Y!N3

N@Y Y!N3
Moderator



Moderator
အဟဲ အကိုတို့ကတော့ ပြောနေစရာမလိုဘူးထင်တယ်နော် .. အိုကေတယ် ညီ ..



ready for tasks :shout

ET

ET
Moderator



Moderator
Moderator -- Post Control Mod
Forum တွင်းတွင် ရှိသော နေရာမှားနေသည့် Post များ ၊ ခေါင်းစဉ်မပီသသည့် Post များ (eg; ကယ်ကြပါ ၊ ကူညီပါဦး ၊ ဘယ်လိုလုပ်ရမှန်းမသိပါ...) ၊ စာလုံးပေါင်းအမှားများ ၊ Code မခံသည်များ ၊ Forum စည်းကမ်းနှင့် မကိုက်ညီသော Post များ ၊ အစရှိသည်တို့အပြင် အားလုံးသော Post နှင့် သက်ဆိုင်သည့် အပိုင်းများကို ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

ဒီတာဝန်ကို ကျေပွန်စွာ အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးပါမယ်


Service Team -- Downloading Service
Downloading Service အတွက် ၊ Member များမှ တောင်းဆိုသော ခွေများကို မိမိတို့ အဆင်ပြေသည့် နေရာ ၊ Member များ အဆင်ပြေသည့်နေရာတွင် သွားရောက်ပေးဝေခြင်း တို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


လက်ရှိ ကျနော်က ရန်ကူန်မှာမဟုတ်ပါဘူး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေး၇ွာ မှာတာဝန်ကျနေပါတယ်။
ဖျာပုံ၊ ဘိုကလေး ၊ကျိုက်လက် ၊မအူပင် ဒီဘက်အခြမ်းကို လတ်တလော တာဝန်ယူပေးပါမယ်



Full Time Developer (Forum အား ၂၄ နာရီ စောင့်ကြည့်နိုင်ကာ ၊ အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်ပေါ်လာပါက အချိန်မရွေး ပြင်ဆင်ပေးနိုင်မည့်သူ လိုအပ်သည်)
-News Repoter (နောက်ဆုံးပေါ် သတင်းများကို အမြဲမျက်ခြေမပြတ် တင်နိုင်ရန် လိုအပ်နေသည်)


အွန်လိုင်းမှာတော့ (၂၄)နာရီရှိပါတယ် MITR Forum ဖိုရမ်ကို စောင့်ကြည့်ပေးနိုင်ပေမဲ့ အချိန်မရွေးပြင်ဆင်ပေးနိုင်တဲ့ အရည်ချင်းမရှိသေးပါဘူးခင်ဗျာ
ကျန်တဲ့ လိုအပ်တဲ့ အကူညီရှိရင်တော့ ကူညီပေးနိုင်ပါတယ်




ညီရေ

အကိုလုပ်ပေးနိုင်တာကို ရေးပေးခဲ့ပါတယ်
အားလုံး စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရင် အောင်မြင်မှာ မလွယ်အေကန်ပါပဲ

http://alinkarnya.blogspot.com/

shinthant

shinthant
Moderator



Moderator
ကျနော်လည်းအိုကေပါတယ်ဗျာ၊

လုပ်ပေးနိုင်ပါတယ် တက်နိုင်သမျှအားလုံးလုပ်ပေးပါမယ်

နောက်ပြီး ဒီအထဲမှာမပါလည်း လိုတာရှိရင်ပြော တက်နိုင်သမျှလုပ်ပေးမယ်

ပေးထားတဲ့တာဝန်ကိုလဲ ကျေပွန်အောင်လုပ်ပါမယ်လို့

ကျေးဇူးတင်ပါတယ်ခင်ဗျာ

solakoko

solakoko
Moderator



Moderator
Forum တွင်းတွင် ရှိသော နေရာမှားနေသည့် Post များ ၊ ခေါင်းစဉ်မပီသသည့် Post များ (eg; ကယ်ကြပါ ၊ ကူညီပါဦး ၊ ဘယ်လိုလုပ်ရမှန်းမသိပါ...) ၊ စာလုံးပေါင်းအမှားများ ၊ Code မခံသည်များ ၊ Forum စည်းကမ်းနှင့် မကိုက်ညီသော Post များ ၊ အစရှိသည်တို့အပြင် အားလုံးသော Post နှင့် သက်ဆိုင်သည့် အပိုင်းများကို ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
ဒီလောက်တော့
ကူညီနိုင်ပါတယ်ဗျာ. ကူညီပါ့မယ်
တခြား ပြဿနာများကိုလဲ တတ်နိုင်သလောက် ကူညီဖြေရှင်းပေးသွားပါ့မယ် :lol

moeyake

moeyake
Moderator



Moderator
Forum တွင်းတွင် ရှိသော နေရာမှားနေသည့် Post များ ၊ ခေါင်းစဉ်မပီသသည့် Post များ (eg; ကယ်ကြပါ ၊ ကူညီပါဦး ၊ ဘယ်လိုလုပ်ရမှန်းမသိပါ...) ၊ စာလုံးပေါင်းအမှားများ ၊ Code မခံသည်များ ၊ Forum စည်းကမ်းနှင့် မကိုက်ညီသော Post များ ၊ အစရှိသည်တို့အပြင် အားလုံးသော Post နှင့် သက်ဆိုင်သည့် အပိုင်းများကို ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ဗျာ။ ကျွန်တော်အဆင်ပြေပါတယ်။ တာဝန်တွေကိုလဲ ကျေပွန်အောင်ထမ်းဆောင်ပါ့မယ်။

deep471

deep471
Moderator



Moderator
အိုကေပါတယ်ဗျာ
ကျွန်တော်လုပ်ပေးမယ်။
ပြင်ပပရောဂျက်ကိတ်စပါလုပ်ပေးမယ်။

bluehack

bluehack
Moderator



Moderator
ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါမည်။
အခုအားလုံးဘယ်ရောက်နေကြလဲနော်။

mars

mars
Moderator



Moderator
အသဲကွဲလူသား wrote:ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါမည်။
အခုအားလုံးဘယ်ရောက်နေကြလဲနော်။
တားတားရှိတယ်လေ.... တိုဂျီးက အတဲကွဲနေလို့ မတွေ့တာလား.... Razz Razz

http://sidnaing.co.cc/

C0D3R

C0D3R
MITR Master



MITR Master
အစ်ကိုလည်းပြန်လည်လုပ်ဆောင်ပေးပါမယ် ဒါပေမယ့်အချိန်ရသလောက်ပေါ့နော်

attacker လည်းပြန်လာရင်ပိုကောင်းမယ် အစ်ကိုတောင်းပန်ပါတယ် ATTACKER

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အားလုံးရဲ့ အဖြေတွေကို မြင်ရတာ စိတ်ချမ်းသာလိုက်တာဗျာ။

အခုလိုမျိုး အားတက်သရော ပူးပေါင်းဆောင်ရွက်ချင်ကြတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်ဗျာ

ကျွန်တော်တို့ရဲ့ Forum ကို အကောင်းဆုံး အရင်းအမြစ် တစ်ခုဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြတာပေါ့ဗျာ။

စည်းလုံးညီညာအောင်ကြောင်းဖြာကြတာပေါ့။

စာကြွင်း။ ။ လှေသူကြီး မလုပ်ရလို့ လှေဝမ်းဖောက် သွားတဲ့သူကိုတော့ ပြန်မခေါ်ချင်နေပါနဲ့ဗျာ။ Sad

http://www.myanmaritresource.info

ET

ET
Moderator



Moderator
နေဦး လေ
ဘယ်တော့လောက် တာဝန်စယူရမှာလဲ သိချင်တယ် မင်မင်တို့ မော်မော်တို့ေ၇
အဲ့ဒါကိုလည်း ပြောကြဦး

တားတားက အဝေးမှာနော်
ရန်ကုန်တော့ လာနီုင်ဘူး

http://alinkarnya.blogspot.com/

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့ပါ။
မနက်ဖြန် ကျွန်တော်တို့ အစည်းဝေးလုပ်ပြီးတာနဲ့ တာဝန်စပေးပြီဖြစ်ပါတယ်။

အစ်ကို အဆင်ပြေတာကိုဘဲ ပေးလုပ်မှာပါ။
အဲဒါကြောင့် ဒီ Post နဲ့ အရင်မေးရတာပေါ့။ Smile

http://www.myanmaritresource.info

SkipSoft

SkipSoft
MITR New User



မနက်ဖြန်မှာ တတ်နိုင်သလောက် ညှိကြတာပေါ့ Very Happy

C0D3R

C0D3R
MITR Master



MITR Master
ညီရေ အစ်ကိုတစ်ခုပြောချင်တယ် အစ်ကိုတော့ဒီအတိုင်းပဲ့နေရင်ပိုကောင်းမလားလို့

အခုနောက်ပိုင်းအလုပ်နည်းနည်းများနေလို့ အချိန်သိပ်မပေးနိုင်လိုပါ့ ရတယ်မဟုတ်လား

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Хакер-истребитель wrote:ညီရေ အစ်ကိုတစ်ခုပြောချင်တယ် အစ်ကိုတော့ဒီအတိုင်းပဲ့နေရင်ပိုကောင်းမလားလို့

အခုနောက်ပိုင်းအလုပ်နည်းနည်းများနေလို့ အချိန်သိပ်မပေးနိုင်လိုပါ့ ရတယ်မဟုတ်လား

ဒါဆို Gtalk လေးကို ခဏလောက် လာခဲ့ပါလား
အစ်ကို့အတွက် သီးသန့်တာဝန်ရှိတယ်။

Reviewer Rank က မနက်ဖြန်ဆို ဖြုတ်တော့မှာ။ Smile

http://www.myanmaritresource.info

ζ. ζ. †

ζ. ζ. †
MITR Reader



MITR Reader
အဲ ငါခုမှ ဒီ ပို့စ်တွေမြင်ရတော့တယ် Wink
ငါလည်းပါမယ်လေ ချန်မထားနဲ့
ဘယ်တော့ ဘာတွေ စလုပ်ရမှာလဲ ဟင်

sHa92

sHa92
Founder



Founder
အားလုံးကို Permission တွေ ပေးထားလိုက်ပါပြီ။

Rank တွေကတော့ ကို Zero မဆွဲရသေးလို့ မတပ်ပေးနိုင်သေးပါ။. :*(

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
ဆွဲပြီးသွားပါပြီ။ မနက်ဖြန်ရုံးရောက်ရင် တင်ပေးပါ့မယ်ခင်ဗျာ။

ET

ET
Moderator



Moderator
ပါမစ်ပေးထားပြီဆိုတော့ စလို့ရပြီပေါ့ ညီ
အကိုဒီနေ့မှသိတယ်........ညီ
အိုကေ ကျေးဇူးညီ

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com