Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Joomla on window Empty Joomla on window 5th April 2009, 11:35 pm

sHa92

sHa92
Founder



Founder
[You must be registered and logged in to see this image.]

Joomla ကို Window ပေါ်မှာ Installation လုပ်တာလေးကို ကျွန်တော် မျှဝေပေးလိုက်ပါတယ်။ ကျွန်တော်လည်း Joomla ကို ကျွမ်းကျွမ်းကျင်ကျင် အသုံမပြုဖူးသေးပါဘူး။ ဒါပေမဲ့ သိသလောက်လေးကို အရင်မျှဝေပေးလိုက်ပါတယ်။

Apache, PHP နှင့် Mysql တို့ကို Installation လုပ်ခြင်း

အရင်ဆုံး Joomla ကို Install လုပ်တော့မယ်ဆိုရင် Apache, PHP နှင့် Mysql တို့ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေအားလုံးကို တပြိုင်တည်း install လုပ်ပေးနိုင်တဲ့ ဆော့ဝဲလ် လေးရှိပါတယ်။ အဲဒီ ဆော့ဝဲလ် လေးတစ်ခုတည်းကို install လုပ်လိုက်တာနဲ့ Apache, PHP နဲ့ Mysql တို့ကို သူ့အလိုလို install တစ်ခါတည်းလုပ်ပေးမှာဖြစ်ပါတယ်။ Easywamp1.1_3 ကိုဒေါင်းလုဒ် လုပ်လိုက်ပါ။ ပြီးရင် အဲဒီဆော့ဝဲလ်လေးကို Install လုပ်ပေးလိုက်ပါ။ Install လုပ်ရတာလည်း လွယ်ပါတယ် OK နဲ့ Next လေးတွေကို ဆက်တိုက်နှိပ်ပြီး Install လုပ်သွားလိုက်ပါ။
Install ပြီရင် Browser တစ်ခုပွင့်လာပြီးတော့ [You must be registered and logged in to see this link.] ဆိုတဲ့ လိပ်စာနဲ့ Webpage တစ်ခုပွင့်လာပါလိမ့်မယ်။ အဲဒါဆိုရင် Install လုပ်တာအောင်မြင်သွားပြီးဖြစ်ပါတယ်။ အဲဒီဆော့ဝဲက C:\EasyWAMP\www ကို Apache root folder အဖြစ်သတ်မှတ်ပေးပြီးတော့ Mysql Admin Account ကို Username = root, Password = root ဆိုပြီးတော့ တစ်ခါတည်း သတ်မှတ်ပေးထားပါတယ်။


Joomla ကို Install လုပ်ခြင်း

Joomla ကို Install လုပ်ဖို့အတွက် ဒေါင်းလုဒ် လုပ်ပေးရပါမယ်။ ဤ Joomla ဆိုတာလေးကို နှိပ်ပြီးဒေါင်းလုဒ် လုပ်လိုက်ပါ။ အဲဒီ Package ကို Apache root folder ဖြစ်တဲ့ C:\EasyWAMP\www ထဲမှာ ဖြန့်လိုက်ပါ။ ဖြန့်တဲ့အခါမှာလည်း Package ထဲမှာပါတဲ့ folder နဲ့ file တွေအားလုံးဟာ C:\EasyWAMP\www ထဲမှာပဲရှိဖို့လိုပါတယ်။ C:\EasyWAMP\www ထဲက အခြား folder ထဲကို Package ထဲက folder နဲ့ file တွေရောက်နေတာမျိုးမဖြစ်မိအောင် သတိထားပါ။ ပြီးရင် C:\EasyWAMP\www ထဲမှာ ရှိပြီးသား index.html ဆိုတာလေးကိုဖျက်ပေးလိုက်ပါ။


(1) Choose Language



Joomla ကိုစတင် Install လုပ်တော့မှာ ဖြစ်ပါတယ်။ Install လုပ်ဖို့အတွက် ကြိုရာ Browser တစ်ခုကို ဖွင့်လိုက်ပါ။ Address Bar ထဲမှာ [You must be registered and logged in to see this link.] ကိုရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။ အထက်တွင်ပြထားသော ပုံအတိုင်းတွေ့ရပါလိမ့်မယ်။ သင်အသုံးပြုလိုသော ဘာသာစကားကို ရွေးချယ်လို့ရပါတယ်။ ရွေးချယ်ပြီးရင် ညာဘက်ထောင့်မှာ ရှိတဲ့ Next ကို နှိပ်ပါ။


(2) Pre-Installation Check



Installation လုပ်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို စစ်ဆေးတာဖြစ်ပါတယ်။ Next ကိုပဲဆက်လုပ်ပေးလိုက်ပါ။


(3) Licencse



အသုံးပြုသူများ လိုက်နာရမည့် License နှင့် စည်းကမ်းများဖြစ်ပါတယ်။ Next လုပ်လိုက်ပါ။


(4) Database Configuration



Database နှင့်ချိတ်ဆက်ရန်အတွက် လိုအပ်သည့်အချက်အလက်များကို တောင်းခြင်းဖြစ်ပါတယ်။

Database Type = mysql ( အသုံပြုမည့် Database အမျိုးအစား )
Host name = 127.0.0.1 ( mysql ရှိသော နေရာ)
Username = root ( mysql နှင့်ချိတ်ဆက်ရန် Username )
Password = root ( mysql နှင့်ချိတ်ဆက်ရန် Password )
Database name = jml ( မိမိကြိုက်နှစ်သက်ရာကို ထည့်လို့ရပါတယ် )

အပေါ်တွင်ပြထားသည့်အတိုင်ထည့်ပေးလိုက်ပါ။ Next ကိုနှိပ်လိုက်ပါ။


(5) FTP Configuration



FTP ကိုအသုံးပြုမှာ မဟုတ်တဲ့အတွက် No ကိုပဲထားပြီးတော့ Next ကိုနှိပါလိုက်ပါ။


(6) Main Configuration



ပုံတွင်ပြထားသည့်အတိုင်း ဖြည့်လိုက်ပါ။

Site Name = Myanmar Chat Online ( သင် Site ၏အမည်ကို ကြိုက်ရာထည့်ပါ )
Your Email = [You must be registered and logged in to see this link.] ( သင် Email ကိုထည့်ပါ )
Admin Password = 123456789 ( Joomla ကို တည်ဆောက်မည့် Admin Account ၏ Password ဖြစ်သည် )
Cofirm Admin Password = 123456789 ( အပေါ်မှာ ထည့်ထားတဲ့ Password ကိုနောက်တစ်ကြိမ်ထပ်ရိုက်ပါ )

ပြထားသည့်အတိုင်း ရိုက်ထည့်ပြီးသွားရင် အောက်နားမှာရှိတဲ့ Install default simple data ကိုရွေးချယ်ပြီး Install Simple Data ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။



Install Simple Dataကိုနှိပ်ပြီးတဲ့အခါမှာ Simple data installed successfully ဆိုသောစာသားလေးကို ပေါ်ကပုံတွင် မြင်ရသည့်အတိုင်းတွေ့ရပါလိမ့်မယ်။ အဲဒါဆိုရင် Next ကိုနှိပ်လို့ရပါပြီ။


(7) Finish



ဤအဆင့်ကတော့ Installation ပြီးဆုံးသွားကြောင်းနှင့် လုံခြုံရေးအရ Installation folder ကိုဖျက်ရန်အတွက် သတိပေးစာတန်းပေါ်လာမှာဖြစ်ပါတယ်။


Delete Installation Folder



Joomla ကို Install လုပ်ပြီးတဲ့အခါမှာ သူရဲ့ Installation folder ကိုဖျက်ပေးရမှာဖြစ်ပါတယ်။ ဖျက်ဖို့မေ့နေတယ်ဆိုရင်တော့ အပေါ်မှာတွေ့ရတဲ့ သတိပေးစာတန်းကြီးကို တွေ့နေရမှာဖြစ်ပါတယ်။ ဒါကြောင့် C:\EasyWAMP\www ထဲမှာရှိတဲ့ Installation အမည်နှင့် folder ကိုဖျက်လိုက်ပါ။


Start The Joomla



သင့် Broswer မှာ [You must be registered and logged in to see this link.] ကိုရိုက်ထည့်လိုက်ပါ။ သင်ပူပူနွေးနွေးလေး Install လုပ်ထားတဲ့ Joomla site လေးပေါ်လာပါလိမ့်မယ်။ Joomla ကိုပြုပြင်တည်ဆောက်ဖို့အတွက် login ၀င်ရမှာဖြစ်ပါတယ်။

Username = Admin
Password = 123456789

Install လုပ်တုန်းက ထည့်သွင့်ပေးခဲ့တဲ့ အတိုင်း Admin ဆိုတဲ့ User Account ကို အသုံးပြုပြီးတော့ login ၀င်လိုက်ပါ။


Change Template



Admin Login ၀င်ပြီးတဲ့အခါမှာ ညာဘက် Menu List ထဲက Resources ဆိုတဲ့ခေါင်းစဉ်အောက်က Administrator ကိုနှိပ်လိုက်ပါ။ Joomla ကိုပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ်တဲ့ Joomla Control Panel ကိုရောက်သွားပါလိမ့်မယ်။ အခုကျွန်တော်တို့ Joomla မှာပါပြီးတဲ့ Template တွေထဲကမဟုတ်ပဲ နောက်ထပ် Template တစ်ခုကို ပြောင်းမှာဖြစ်ပါတယ်။ Template ပြောင်းချင်တယ်ဆိုရင် အရင်ဆုံး Template တွေကို ရှာရပါမယ်။ Google ကိုအသုံးပြီးတော့လည်း ရှာနိုင်ပါတယ်။ ကျွန်တော် ရှာထားတဲ့ siteground-j15-16 ဆိုတာလေးကိုလည်း ဒေါင်းလုဒ် လုပ်ယူလိုက်လို့ရပါတယ်။ ဒေါင်းလုဒ်ပြီးသွားပြီးဆိုရင် အဲဒီဒေါင်းလုဒ်ယူထားတဲ့ Template zip file လေးကို Joomla Template folder ထဲမှာ ဖြန့်ပေးရမှာဖြစ်တယ်။ Joomla Template folder ကတော့ C:\EasyWAMP\www\templates ဆိုတဲ့နေရာမှာဖြစ်ပါတယ်။ အခု siteground-j15-16.zip ကို ဖြန့်လိုက်တဲ့အတွက် siteground-j15-16 ဆိုတဲ့ဖိုဒါလေးနဲ့ template ထဲမှာရှိနေရမှာပါ။ ပြီးရင်တော့ Joomla Control Panel ထဲက အပေါ် menu bar ထဲမှာရှိတဲ့ Extensions အောက်က Template Manager ထဲကိုဝင်လိုက်ပါ။



ပုံတွင်ပြထားသည့် အတိုင်း Template Manager ထဲကိုရောက်ပြီဆိုရင် C:\EasyWAMP\www\templates ထဲမှာရှိတဲ့ Template folder လေးတွေပေါ်နေပါလိမ့်မယ်။ စောစောက ကျွန်တော်တို့ ထည့်ထားတဲ့ siteground ဆိုတာလေးလည်းပေါ်နေရပါမယ်။ အဲဒီ siteground ဆိုတာလေးကို ရွေးပြီး ညာဘက်အပေါ်လောက်မှာ ရှိတဲ့ Default ကိုနှိပ်လိုက်ပါ။ သင့် Joomla ပုံစံလေးပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။



ခုဆိုရင် Joomla ကို Install လုပ်ပြီး Template ပြောင်းခြင်းကိစ္စ ပြီးသွားပါပြီ။ Template Manager ထဲကနေ Control panel ထဲကိုသွားချင်တယ်ဆိုရင် Menu bar ထဲက Site အောက်မှာရှိပါတယ်။ Control panel ထဲမှာ သင်ကြိုက်ရာကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ တဖြည်းဖြည်းချင်းစီ အချိန်ယူပြီး လေ့လာသွားမယ်ဆိုရင် ကျွမ်းကျင်လာပါလိမ့်မယ်။ [You must be registered and logged in to see this link.] မှာ သေချာလေ့လာလို့ရပါတယ်။ [You must be registered and logged in to see this link.] မှာ အသင်းဝင်ထားပြီးတော့ လိုအပ်တာများကို မေးမြန်းဆွေးနွေးလို့ရပါတယ်။

ကျွန်တော်သိသလောက်လေးသာ တင်ပြလိုက်တာဖြစ်တဲ့အတွက် လိုအပ်နေတဲ့နေရာတွေရှိရင် မည်သူမဆိုထပ်ပေါင်း ရေးသားလမ်းညွှန်ပေးနိုင်ပါတယ်ဗျာ။***


ဤဆွေးနွေးချက်တွင်ပါ၀င်သော ဒေါင်းလုဒ် များ
(၁) Easywamp1.1_3
(၂) Joomla
(၃) siteground-j15-16


ကို error ရေးသားသည်

ကွန်နက်ရှင်ကြောင့် ပံများ မစုံလင်သေးပါ ပြန်လည် ဖြည့်စွက်တင်ပြပါဦးမည်။

http://www.myanmaritresource.info

2Joomla on window Empty Re: Joomla on window 25th January 2011, 10:34 pm

nyimoe

nyimoe
MITR New User




3Joomla on window Empty Joomla on window 26th January 2011, 10:58 pm

nyimoe

nyimoe
MITR New User



nyimoe wrote:ဲJoomla 1.6.0 ကို local မှာ စမ်းကြည့်တာ Database ဆောက်တာမှာ Error ပြနေလို့ပါ သိသူများ ဖြေကြားပေးပါအုံး

Password မပေးပဲ save လိုက်အကို .. User name = root အောက်က password ကို ဘာမှ မပေပဲ ဒီတိုင်း ထားလိုက်ပါ ။

အဆင်ပြေပါစေ

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forums hosting | ©phpBB | Free forum support | Report an abuse | Forumotion.com