Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ohnmarhtun

ohnmarhtun
MITR New User



Joomla Local Installation Learning Note
Server Install
-joomla ကို စတင်အလုပ်လုပ်နို်င်ဖို့အတွက် xammp-win-1.7.3 ကို install အရင်လုပ်ပါ။
-Install လုပ်ပြီးပါက Xammp control panel မှာ Apache & MySql ကို check လုပ်ပြီး Start Button ကို click နှိပ်ပြီး running ဖြစ်အောင်လုပ်ပေးရမယ်။ running မပေါ်ပါက server က အလုပ်လုပ်မည်မဟုတ်ပါ။
-သို့မဟုတ််ပါက Apache ရဲ့ admin button ကို click ပြီး Xammp browser Mozilla or IE မှာ server run ခြင်းကို check ကြည့်နိုင်ပါတယ်။
-Server run ပြီဆိုရင်တော့ joomla ကိုစတင်အလုပ်လုပ်နိုင်ပါပြီ။
Joomla Install
-joomla ကို စတင် install လုပ်မယ်ဆိုရင် joomla- 1.5.18-stable-full package 0r 1.6 full package zip file တစ်ခု ရှိရပါမည်။
-ထို zip file ကို copy လုပ်ပြီး xammp server အောက်ကို ထားပေးရမယ်။
-xammp server ကတော့ ကိုသွင်းလိုက်တဲ့ location အောက်မှာပဲရှိပါလိမ့်မယ်။
ဥပမာ-c:\xammp\htdocs\ ..အောက်မှာ copy လုပ်ထားတဲ့ zip file ကိုထားပေးရမှာပါ။
-joomla ဆိုက်တွေ လုပ်ဖို့အတွက် joomla zip file ကို extract လုပ်ပြီး ဆိုက်တွေအမြောက်အများလုပ်နိုင်ပါတယ်။ zip file ကိုတော့ ဖျက်မပစ်ရပါဘူး။
-ဆိုက်တစ်ခုကို စမ်းလုပ်ကြည့်မယ်ဆိုရင်…
-zip file ကို extract လုပ်ပါ။
-extract လုပ်ထားတဲ့ file ဟာ file နှစ်ထပ်ဖြစ်လို့မရပါဘူး။ file နှစ်ထပ်ဖြစ်နေမယ်ဆိိုရင် တစ်ထပ်တည်းဖြစ်အောင်လုပ်ပေးရပါမယ်။
-extract လုပ်ထားတဲ့ file ကို ကိုယ်ကြိုက်နှစ်သက်ရာ နာမည်တစ်ခုနဲ့ rename ပြန်ပေးပါ။
-ကိုပေးထားတဲ့ name ကို copy လုပ်ပြီး xammp server မှာသွား run ကြည့်လို့ရပါပြီ။
-Xammp ရဲ့ Apache Admin ကို click လို့ပေါ်လာတဲ့ browser မှာ location က [You must be registered and logged in to see this link.]
လို့ပေါ်နေလိမ့်မယ်။
-ကို ပေးထားတဲ့နာမည်က joomlaexample လို့ဆိုကြပါဆို့။
-xammp နေရာမှာ ကိုပေးထားတဲ့နာမည်ကို ထည့်ပေးရမှာပါ.
[You must be registered and logged in to see this link.]
-အဲဒီလိုလုပ်ပြီးတဲ့အခါ joomla installation ကိုစလုပ်နိုင်ပါပြီ။
Steps of Joomla Installation
Joomla မှာ installation အဆင့် (၇) ဆင့်ရှိပါတယ်။
1. Choose Language
-ဒီအဆင့်မှာတော့ Language က English (US) ကို ရွေးပေး။
ပြီးရင် Next ကနေ နောက်တစ်ဆင့်သွားနိုင်ပါတယ်။
2. Pre-installationg Check
-ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး Next
3. License
- ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး Next
4. Database
-ဒီအဆင့်မှာတော့
Database Type =MySql
Host Name =localhost
User Name= root
Password= မထည့်လည်းရ၊ ထည့်သုံးရင်လည်းသုံးနိုင်ပါတယ်
Database Name= ကိုကြိုက်တဲ့နာမည်ကိုပေးနိုင်ပါတယ်
ပြီးရင် ..Next ကိုသွား
5. FTP Configuration
- ဒီအဆင့်မှာလဲ ဘာမှလုပ်စရာမလိုပါဘူး ...Next
6. Configuration
-ဒီအဆင့်မှာတော့
Site Name=ကိုယ်ပေးချင်တဲ့ ဆိုက်ရဲ့နာမည်
Your Email= ကိုယ့်ရဲ့မေး
Admin Password=admin
Confirm Admin Password=admin
ဆိုက်ရဲ့ data ထားတဲ့ပုံစံကိုသိချင်တယ်ဆိုရင်တော့ Simple data ကို install လုပ်နိုင်ပါတယ်။
ဆိုက်တစ်ခုလုပ်မယ်ဆိုရင်တော့ သွင်းစရာမလိုပါဘူး ပြီးရင် ...Next
အဲဒီအချိန်မှာ broswer ကမေးပါလိမ့်မယ်
Simple data သွင်းမှာ လား မသွင်းဘူးလားဆိုတာကို မသွင်းဘူးဆိုရင်တော့ ok လုပ်လိုက်ရုံပါပဲ။
7. Finish
-ဒီအဆင်မှာတော့ Admin page ကိုရောက်တော့မှာပါ Xammp ရဲ့ Cpanel လို့လည်းပြောလို့ရပါတယ်။
-ထိုအဆင့်မှာတော့ Admin ကို တန်း click ပြီး cpanel ထဲကိုဝင်လို့မရပါဘူး။
-c:\xammp\htdocs\joomlaexample\ (installation)..ဆိုတဲ့ folder ကိုအရင်ဖျက်ပြီးမှ Admin ကိုဝင်လို့ရမှာပါ။
-Admin ကိုရောက်တဲ့အခါ User Name = admin နဲ့ password = admin လို့ရိုက်ပြီး
Joomla cpnel ကိုဝင်ရောက် ရေးသားနိုင်ပါပြီ။။

…………………………………….Finish Joomla Installation…………………………………………………

http://www.omt.drmyanmar.com

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com