Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Go to page : Previous  1, 2, 3

View previous topic View next topic Go down  Message [Page 3 of 3]

sHa92

sHa92
Founder



Founder
First topic message reminder :

အများတောင်းဆိုလို့ ကျနော်ရေးပေးလိုက်ပါတယ်ခင်ဗျာ...
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။

ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်

ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်

Code:
@echo off
echo Hello This is a First Program
pause

အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။

Hello This is a First Program
Press any key to continue...

ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်

Code:
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ...
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။

C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program

C:\Documents and Settings\User\Desktop>pause
Press any key to continue...
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\... စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။

အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်

ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို "Hello this is a First Program" ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.

အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ [You must be registered and logged in to see this image.]
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်

Code:
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause

အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်

Hello Welcome Back
Press any key to continue...
I am testing pause function
Press any key to continue...
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။

အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်

အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်....
Code:

@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause

ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်

Hello I am back
Press any key to continue...
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်...key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်....အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ...)

I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )

Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)

Press any key to continue...
(ဆိုတာလေးလာမှာပါ)

နားလည်ပါ့မလားတော့မသိဘူး... ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ....
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ [You must be registered and logged in to see this image.] (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။

-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့...

နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်....

အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ...
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ...
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ...
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ...

Code:
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause

ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)

အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး [You must be registered and logged in to see this image.] သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်...
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ...

Code:
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)

:math
echo 2 2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်...

This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2 2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2 2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်...)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ..... ပါဗျာ [You must be registered and logged in to see this image.] )
Press any key to continue...

အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ...
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ...
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)

ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်... နားလည်အောင် သေချာကြည့်ပေးပါ.

set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ [You must be registered and logged in to see this image.]
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။

ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ် [You must be registered and logged in to see this image.]

ခုနက Program ကို ပြန်ဆက်ပါမယ်...
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်... နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ [You must be registered and logged in to see this image.])
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

Code:
set choice
if '%choice%'=='1' goto :math

ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး....
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ... နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်....


>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားလိုက်ပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။ နောက်ပြီးတော့ ကြော်ငြာဝင်လိုက်ဦးမယ် [You must be registered and logged in to see this image.] VB.NET 2008 နဲ့ C#.Net 2008 တို့ကိုလည်း E-Book ဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် ထုတ်လို့ရအောင် ကြိုးစားနေပါတယ်။ e-book ဆိုရင်တော့ အလကားပေးဖြစ်မယ်။ စာအုပ်ဆိုရင်တော့ ကျနော်လည်း သှူဌေးမဟုတ်တော့ အရင်းအတိုင်းတော့ ရောင်းပေးမယ်ဗျာ။ E-Book ဖြစ်အောင်တော့ အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်။

ဒီ့ Topic ကို ပြန်လည် ဖော်ပြလိုလျှင် Myanmar IT Resource Forum အား Credit ပေးပါဟု လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

sHa92


Founder



Founder
ဟီး။ ဘယ်သဘောမှ ပါတော့ပါဘူး။ ဒီလိုဘဲ စကားအဖြစ်ပြောလိုက်တာ။

(မြန်မာစကားများ တယ်လည်း ခက်တယ်။ နားလည်မှုတွေလွဲတတ်လိုက်တာ။ Smile)

http://www.myanmaritresource.info

mars

mars
Moderator



Moderator
Code:
[code]@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause[/code]

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး  သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အဲဒိအပိုင်းမှာ ကျနော်မရှင်းတာက rem ဆိုတာက ရေးလည်းရတယ်.. မရေးလည်းရတယ်လိုဖြစ်နေတော့ ဘာလို့များရေးထားတာလဲဆိုတာကိုသိချင်ပါတယ်... နောက်ဆုံးကုန်ကန်ု start တစ်ခုတည်းနဲ့လည်း ကိုဖွင့်ချင်တာကိုဖွင့်လို့ရတာကိုတွေ့ရပါတယ်... အဲဒိမှာထပ်ပြောစရာရှိတာက rem title test4 ဆိုတာက ဘယ်လိုအလုပ်လုပ်သွားလို့ထည့်ပေးထားတာလဲဟင်... တကယ်တမ်းဆို folder name က test အနေနဲ့ပဲရှိနေတယ်လေ... မဟုတ်ဘူးလား... အကြောင်းမဲံတော့မရေးလောက်ဘူးထင်လို့.. ဘယ်လိုမှရှာလို့မရတော့လို မေးတာပါ...
Records comments (remarks) in a batch file or CONFIG.SYS.
REM (comment)
ဆိုပြီးရှာလိုက်တော့တွေ့တယ်... အဲဒိတော့ ဒီကောင်က မထည့်လည်းရတယ်ဆိုတဲံအစားထဲမှာပါလား... ထမင်းသိုးဟင်းသိုးလေးလားဟင်...

http://sidnaing.co.cc/

mars

mars
Moderator



Moderator
Code:
set choice
if '%choice%'=='1' goto :math
အဲဒါကဘာဖြစ်လို့လဲမသိဘူး... ကျနော့်စက်မှာအလုပ်မလုပ်ဘူး...
Code:
set /p choice=
if '%choice%'=='1' start testpic.jpg
if '%choice%'=='2' goto :math
:math
echo 2 2
pause
ဆိုမှအလုပ်လုပ်တယ်.... အဲဒါတစ်ချက်လောက်ပြန်ကြည့်ပေးပါဦးနော်...

http://sidnaing.co.cc/

blackfire903

blackfire903
MITR New User



ကျွန်တော် တစ်ခုမေး မယ်နော်. .. bat file နဲ့ကျွန်တော် ပေးချက်တဲ location တစ်ခုမှာ autorun.inf ကို auto ပေးရေးချင်တယ် အဲဒါဘယ်လို ရေးရမှလဲ ဟင်.
ဆိုလိုချင်တာ က bat file ကို click လိုက်တာ နဲ့ autorun.inf ဖိုင်ထွက်လာတာကိုပြောတာပေါ့ဗျား..

mars

mars
Moderator



Moderator
နာ့ အလှည့်မကျသေးဘူးနဲ့တူတယ်.... သူလည်း reply ကြွေးကျန်တွေဖြေနေရတာ မပြီးသေးဘူး... ပြန်ပေးဦးနော်... မေးထားတာလေးတွေကို... နောက်ထပ်မေးစရာတွေ ကျန်သေးတယ်... လာဦးမယ်...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
mars wrote:နာ့ အလှည့်မကျသေးဘူးနဲ့တူတယ်.... သူလည်း reply ကြွေးကျန်တွေဖြေနေရတာ မပြီးသေးဘူး... ပြန်ပေးဦးနော်... မေးထားတာလေးတွေကို... နောက်ထပ်မေးစရာတွေ ကျန်သေးတယ်... လာဦးမယ်...
အမလေး။ တွေ့ပါတယ်ခင်ဗျ။ တူကလည်း သတိပေးလိုက်တာ။
ဟီး။ အလှည့်မကျတာဟုတ်ဘူး။ Reply တွေ ပြန်ရမှာ များလွန်းလို့ မောပြီး လျှောက်သွားနေတာ။ Razz
ကိုကြီးကလည်း အနားကိုမပေးဘူး။ ဟွန်း။ လူဇိုး။ Razz

mars wrote:
Code:
[code]@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause[/code]

-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး  သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)

အဲဒိအပိုင်းမှာ ကျနော်မရှင်းတာက rem ဆိုတာက ရေးလည်းရတယ်.. မရေးလည်းရတယ်လိုဖြစ်နေတော့ ဘာလို့များရေးထားတာလဲဆိုတာကိုသိချင်ပါတယ်... နောက်ဆုံးကုန်ကန်ု start တစ်ခုတည်းနဲ့လည်း ကိုဖွင့်ချင်တာကိုဖွင့်လို့ရတာကိုတွေ့ရပါတယ်... အဲဒိမှာထပ်ပြောစရာရှိတာက rem title test4 ဆိုတာက ဘယ်လိုအလုပ်လုပ်သွားလို့ထည့်ပေးထားတာလဲဟင်... တကယ်တမ်းဆို folder name က test အနေနဲ့ပဲရှိနေတယ်လေ... မဟုတ်ဘူးလား... အကြောင်းမဲံတော့မရေးလောက်ဘူးထင်လို့.. ဘယ်လိုမှရှာလို့မရတော့လို မေးတာပါ...
Records comments (remarks) in a batch file or CONFIG.SYS.
REM (comment)
ဆိုပြီးရှာလိုက်တော့တွေ့တယ်... အဲဒိတော့ ဒီကောင်က မထည့်လည်းရတယ်ဆိုတဲံအစားထဲမှာပါလား... ထမင်းသိုးဟင်းသိုးလေးလားဟင်...

ကျွန်တော်တို့ Coding တွေရေးရင် ၊ Bat မှာမှမဟုတ်ဘူး ၊ တခြား Language တွေမှာ သက်ဆိုင်ရာ Comment ပေးနိုင်တဲ့ Keyword လေးတွေရှိကြပါတယ်။
အဲဒီ့ Keyword လေးတွေ သုံးရင်းနဲ့ ကိုယ့်ရဲ့ Product(Program) ကို Maintainable ဖြစ်အောင် လုပ်ကြရတာပါ.
Comment ပေးထားတော့ ဘယ် Code က ဘာလုပ်တယ်ဆိုတာကို နောက် Developer လည်း သိသွားတာပေါ့။

blackfire903 wrote:ကျွန်တော် တစ်ခုမေး မယ်နော်. .. bat file နဲ့ကျွန်တော် ပေးချက်တဲ location တစ်ခုမှာ autorun.inf ကို auto ပေးရေးချင်တယ် အဲဒါဘယ်လို ရေးရမှလဲ ဟင်.
ဆိုလိုချင်တာ က bat file ကို click လိုက်တာ နဲ့ autorun.inf ဖိုင်ထွက်လာတာကိုပြောတာပေါ့ဗျား..

ကျွန်တော် ရေးထားတဲ့ Tutorial ကို အစအဆုံး တစ်ခေါက်လောက်ဖတ်လိုက်။
ပြီးရင် အစ်ကို လုပ်ချင်တဲ့ Process ရဲ့ Logic ကို စဉ်းစားကြည့်ပါ။
အဲဒီ့ကနေ စဉ်းစားလို့ရလာတာကို ရေးကြည့်ပါ။
ကျွန်တော်ရေးပေးထားခဲ့တဲ့အတိုင်းမှာ တိုက်ရိုက်တော့ တူတာမပါပေမယ့် ၊ သဘောတရားတစ်ချို့ပါနေပါတယ်။
သေချာဖတ်စေချင်ပါတယ်။

မလုပ်ပေးချင်လို့ မဟုတ်ဘူးနော်။ Coding ရေးပေးလိုက်ရတာလွယ်တယ်။ ဘာမှအပန်းမကြီးဘူး။ ကိုယ်တိုင်စဉ်းစားစေချင်လို့ပါ။ ကို mars ရဲ့ အကြံပြုချက်အတိုင်း နောက်ကိုလည်း အကောင်အထည်ဖော်သွားမှာပါ။ ဒီစနစ်ကို တဖြည်းဖြည်း ပြောင်းလဲ ကျင့်သုံးမယ်ဆိုရင် Learner တွေအနေနဲ့လည်း တကယ် အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
mars wrote:
Code:
set choice
if '%choice%'=='1' goto :math
အဲဒါကဘာဖြစ်လို့လဲမသိဘူး... ကျနော့်စက်မှာအလုပ်မလုပ်ဘူး...
Code:
set /p choice=
if '%choice%'=='1' start testpic.jpg
if '%choice%'=='2' goto :math
:math
echo 2 2
pause
ဆိုမှအလုပ်လုပ်တယ်.... အဲဒါတစ်ချက်လောက်ပြန်ကြည့်ပေးပါဦးနော်...

အစ်ကိုမေးတာ သိပ်မရှင်းဘူး။ နည်းနည်း ထပ်ရှင်းပြပါဦး

(ငါတော့ သေပြီထင်တယ်။ တကယ်လိုက်လုပ်တဲ့သူနဲ့ တွေ့ပြီ။ မေးခံရတော့မယ်။ Razz)

http://www.myanmaritresource.info

mars

mars
Moderator



Moderator
Code:
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်...
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ...

@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)

:math
echo 2 2
pause

ခုနက Program ကို ပြန်ဆက်ပါမယ်...
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်... နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်

set choice
if '%choice%'=='1' goto :math


ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး....
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်

အဲဒိလိုရှင်းထားတာမှာ အပေါ်ကမေးထားသလို နည်းနည်းလေးပြင်ထားမှအလုပ်လုပ်ပါတယ်... အဲဒါလေးကိုတစ်ချက်လောက်ရှင်းပေးပါဦးနော်... ပြီးရင်မေးစရာတွေကရှိနေသေးတယ်... ပြန်လာလာချင်းအားနာလို့.. Razz

http://sidnaing.co.cc/

mars

mars
Moderator



Moderator
Code:
TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ...

@echo off
echo Hello.... What time it is!!!
TIME 12:00
echo oHH it is 12:00
pause

အဲဒီ TIME commad က window 7 မှာအလုပ်မလုပ်ဘူးဗျ... xp မှာတော့အလုပ်လုပ်တယ်... အဲဒါဘာများကွာလို့လဲဟင်... ရှင်းပြပေးလို့ရလား... အလုပ်လုပ်အောင်ကော ဘာတွေများသွားပြင်ပေးလို့ရဦးမလဲ.... ရှင်းပေးဦးနော်...

http://sidnaing.co.cc/

mars

mars
Moderator



Moderator
Code:
@echo off
echo
echo I am going to delete the following files:
echo %1 %2
echo.
echo Press Ctrl+C to Abort process
pause
for %%a IN(%1 %2) do del %%a
echo Killed Files. Mission Accomplished.
အဲဒိ coding တွေကိုသုံးတဲ့နေရာမှာ သူ့ချည်းပဲ (အဲဒိဖိုင်ကိုပဲ) D.Click နှိပ်ပြီး Run ရင်ကောမရဘူးလား.... ဘာလို့လဲဆိုတော့
Code:
ရေးပြီးပြီဆိုရင်တော့ သူ့ကို testfor.bat နဲ့ Save လိုက်ပါ။ ပြီးရင် ဒီတိုင်းထားပါ။ Program ကို မ Run လိုက်ပါနဲ့။

နောက်ပြီး ညီစွမ်းပြောထားတာက cd command နဲ့လမ်းကြောင်းပြောင်းခိုင်းတာပါ... အဲဒါကဘာကိုဆိုလိုတာလဲ... အကိုကတော့ အကိုထင်သလို run> cmd> ကနေ အကိုသိမ်းထားတဲ့အဲဒိဖိုင်ရှိတဲ့နေရာအထိသွားတယ်.... အကိုက new folder ထဲမှာထည့်ထားတော့ သူ့လမ်းကြောင်းက ဒီလိုပြတယ်...
C:\Documents and Settings\sid\Desktop\New Folder>
အဲဒလိုဖြစ်နေပြီ... ဟုတ်လား အဲဒါမှန်လား.. အကိုက အဲဒိအောက်မှာ loop.bat ဆိုပြီးသိမ်းထားတာ.... အဲဒိတော့ အကိုက အဲဒိနောက်မှာ loop.bat ဆိုပြီး ရိုက်တယ်... နောက် အဲဒိဖိုဒါထဲမှာပဲ သိမ်းထားတဲ့ ဖိုင်နှစ်ဖိုင်ကို ဖျက်ဖို့အတွက် အဲဒိဖိုင်နာမည်တွေကို ညီစွမ်းပြထားသလိုရေးပေးလိုက်တယ်... ဒီလိုရေးသလိုလေ..
Code:
မိမိ path လမ်းကြောင်း>testfor.bat a.txt b.txt
အဲဒိ a , b နေရာမှာတော့ အကိုက အကိုဖျက်ချင်တဲ့ဖိုင်ကိုရေးထားတယ်...
အဲဒိမှာ ပြပေးတာက ဒီလိုပြပေးတယ်...
I am going to delete the following files:
hi.txt binder1.pdf

Press Ctrl+C to Abort process
Press any key to continue...
IN<hi.txt was unexpected at this time.
ဆိုပြီးပြနေတယ်... အဲဒိတော့ ဘာဆက်လုပ်ရမလဲ... နောက်ပြီးအကိုသိချင်တာ ဒီလိုလုပ်မှပျက်တာလား... အကို ညီစွမ်းပေးတဲ့ coding တွေကို သိမ်းထားတဲ့ loop.bat ကို Run ရင်ကောမရဘူးလား.. အကိုလုပ်တော့မရလို့... ရှင်းပါဦးနော်...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ကို mars ရေ။
နောက်နေ့ ဖြေပေးမယ်နော်။
ခု တော်တော်ကို ရှုပ်ကုန်ပြီ။
အကြွေးတွေလည်း အများကြီးတင်နေတယ်။ မနိုင်တော့ဘူး။

လုပ်ပေးရမှာ ၊ လုပ်ချင်နေတာ ၊ လုပ်သင့်နေတာ
ဟူးးးးး သေတော့မှာဘဲ။ Sad

ခဏလောက်နော်။ အစ်ကိုမေးထားတဲ့ဟာတွေက အဖြေရှာရတာ လွယ်ပါတယ်။ Tutorial မှာတောင် Julykglay မေးတုန်းက အဲဒီ့ Concept ပါသွားသေးတယ်။ အဖြေဆင်တူတယ်။ နည်းနည်းလောက်ရှာဖတ်ကြည့်ပါနော်။

ကျေးဇူးဘဲ။
အချိန်ရရင်ပြန်ဖြေပေးမယ်နော်။ စိတ်ဆိုးနဲ့

http://www.myanmaritresource.info

oasislove

oasislove
MITR New User



ဒီသင်ခန်းစာတွေအားလုံးကို ebook ရရင်ကောင်းမှာဘဲဗျာ..... ...............

mars

mars
Moderator



Moderator
oasislove wrote:ဒီသင်ခန်းစာတွေအားလုံးကို ebook ရရင်ကောင်းမှာဘဲဗျာ..... ...............
မပူပါနဲ့ဗျာ... $ƴǩǾ ကပြောထားတယ်.. စာမေးပွဲပြီး ဧပြီလကုန်လောက်ဆို ရမှာပါ ... အဲဒိထက် မကျော်စေရဘူး စိတ်ချ... သူဒါကိုလုပ်နေတာ ကြာပြီ... လုပ်ပေးပါလိမ့်မယ်....
($ƴǩǾ ရေ ငါတော့ အာမခံထားလိုက်ပြီနော်... သေချာလုပ်ပေးလိုက်ပါဦး... ငါမတောင်းဘူးနော်... သူတို့ပြောတာ... ငါကရှင်းပြရုံတင်...Razz Razz)

http://sidnaing.co.cc/

minchansike

minchansike
MITR New User



အခုလို တင်ပြထားတာ ...ကျေးဇူးတင်ပါတယ် ဗျား...
နောက်လဲ ရေးပါအုံးနော် ...
နောက်လာမဲ့ သင်ခန်းစာကို စောင့်မျှော်လျှက် ပါ ....

sHa92

sHa92
Founder



Founder
Oops!
I forgot this thread. Sorry for that.

http://www.myanmaritresource.info

အေးဆေးလူ

အေးဆေးလူ
MITR New User



အ၇မ်းအသုံးဝင်ပါတယ် E book လုပ်ဖြစ်အောင်ကြိုးစားပေးပါအစ်ကို

asbadbro

asbadbro
MITR New User



hi buddy
thanks u for ur bat file lessons
some of codes were testing on my pc but i have got a little pbs about cmds
especially in del cmd.
can i now its usage in detail and why i can't delete some .exe file showing access denied.
i also wanna know if i can get bat file lessons e book
thanks...
i appreciate u [You must be registered and logged in to see this image.]

oasislove

oasislove
MITR New User



အင်း.. စာမေးပွဲ မပြီးသေးလို့လား မသိဘူးနော်... မျှော်နေတာ လည်ပင်းတောင် ရှည်တော့မယ်..
Ebook က မရသေးဘူး.. အတင်းကြီး ဖြစ်နေမလား မသိဘူး... တကယ်ကို စိတ်ဝင်းစားတာပါ...

sHa92

sHa92
Founder



Founder
ကျွန်တော် ဒီဘက်လည်း မရောက်တော့သလို ၊ ဒီစာအုပ်ကို လုပ်ပေးဖို့ လည်း အချိန်မရတော့ဘူးခင်ဗျ။
အားလည်းအားနာပါတယ်။ လုပ်ပေးမယ်ဆိုပြီးမှ ကတိမတည်သလိုဖြစ်သွားတယ်။
ဒါပေမယ့် ဘယ်လိုမှမတတ်နိုင်လို့။ Smile

http://www.myanmaritresource.info

naingagsoe

naingagsoe
MITR New User



သင်ခန်းစာတွေကို စုပြီးတော့ PDF လုပ်ထားတာတော့ ရှိတယ်။ အသုံးလိုရင်တော့ ဒေါင်းလိုက်ပါ။

((( [You must be registered and logged in to see this link.] )))

(((( [You must be registered and logged in to see this link.] ))))

(( [You must be registered and logged in to see this link.] ))

ခုလို တကူးတကရေးပြီး ရှင်းပြပေးတဲ့ ကို$ƴǩǾ ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ နောက်ကိုလည်း များများဖြန့်ဝေနိုင်ပါစေ....
လင့်တွေကို ဒေါင်းလို့မရတော့ဘူးဆိုလို့ ပြန်ပြင်ပေးထားပါတယ်။။။။ အဆင်ပြေပါစေ.....



Last edited by naingagsoe on 27th September 2010, 6:05 pm; edited 2 times in total (Reason for editing : Link ပြင်ဆင်ခြင်း)

Akr Aung

Akr Aung
MITR New User



အစ်ကိုရေ ဒေါင်းလို့မရလို့ Link လေးပြန်တင်ပေးပါဦး အရမ်းစိတ်ဝင်စားလို့ပါ

ET

ET
Moderator



Moderator
အခုလိုစိတ်ဝင်တစားရှိတဲ့အတွက်
ကျနော်တို့ ပြန်ပြီး တင်ပေးပါမယ်ဗျာ

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
လွယ်ကူလေ့လာ Batch File သင်ခန်းစာ [Tutorial]
Pdf ဖိုင်လေးပါ
ကျနော်ဆီမှာ ကော်နတ်ရှင်မကောင်းလို့
send6 နဲ့တင်ပေးလိုက်ရတယ်
expire date က (၇)ရက်ပဲခံပါမယ်

အုပ်ချုပ်သူ သူငယ်ချင်းများနှင့် အသင်းဝင်တို့ရေ
သူငယ်ချင်းတို့ဆီမှာ အဆင်ပြေမယ်ဆိုရင်
တစ်ခုခုဖြင့် ပြန်တင်ပေးကြပါ...

ီDownload Link :.

Code:
http://www.send6.com/c3b5a35cde4f9860bc1b0d8bea326c6f/

မှတ်ချက်
ပြန်တင်ပေးမယ်ဆိုရင်
Ebook Down Load ဆိုတဲ့နေရာမှ ပြန်တင်ပေးကြပါခင်ဗျာ
ကျေးဇူးတင်စွာဖြင့်
ET

http://alinkarnya.blogspot.com/

Akr Aung

Akr Aung
MITR New User



Laughing ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဘယ်နေရာမှာနှိပ်ရမှန်းမသိလို့ ဒီနေရာကပြောလိုက်ရတာခွင့်လွတ်ပါဗျာ။

Akr Aung

Akr Aung
MITR New User



Tutorial ebook ကို download ရအောင် ဂရုတစိုက်တင်ပေးတဲ့အတွက် ကျနော် တလေးတစား ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် အကျိုးမရှိဘူးထင်ရင် ဆက်မဖတ်ပါနဲ့၊ Tutorial ကြီးကိုဖတ်ရတာ အချိန်ကုန်တယ်၊ ဒါတွေဖတ်ရင်ငါ့အတွက်ဘာရမှာလည်း ဘာဖြစ်လာမှာလည်း ဆိုတဲ့စကားလုံးတွေ တွေ့ရတာကျနော်စိတ်မကောင်းပါဘူး။ ဘယ်လိုပညာရပ်မျိုးမဆို ပြည့်ပြည့်စုံစုံရှိနေတာ ကောင်းတယ်လို့ထင်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ အသုံးပြုသူတွေရဲ့တာဝန်ပဲလို့ထင်ပါတယ်။ ပညာရပ်တစ်ခုကို အချိန်တွေ၊ အတွေ့အကြုံတွေ ရင်းပြီး ရေးပေးနေသူတွေရဲ့ စေတနာတစ်ခုတည်းနဲ့တင် ကျနော်တို့အတွက်ပြည့်စုံနေပါပြီ။ ကျနော်ကကော ဦးထုပ်တစ်လုံးလက်ဆောင်ပေးသူကို ဖိနပ်ပါမပေးရကောင်းလားလို့ အပြစ်တင်နေသူ ဖြစ်ခဲ့သလားမသိပါ။ ဒီ Tutorial ကို ဖတ်ရတဲ့အတွက် ကျနော့်စက်ထဲဝင်နေတဲ့ system_32.exe ဆိုတဲ့ virus ကို လွယ်ကူစွာရှင်းနိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ဒီပို့စ်တင်တဲ့သူကိုသိစေချင်ပါတယ်။ ဒီထက်ဆက်လက်ရေးနိုင်ပါစေလို့ဆန္ဒပြုပါတယ်။

networkcrazy67

networkcrazy67
MITR New User



အစ်ကိုတို့ရေကူညီပြီးပြောပေးကျပါဦး
ဒီသင်ခန်းစာတွေကိုလေ့လာနေတာပါ
ဆိုင်တစ်ခုမှာအားလုံးကိုပိတ်ထားတယ်ဗျာ
batfile ကို run လိုက်ရင်
command is disable by adminstrator လို့ပဲပေါ်နေတယ်ဗျာ ကွန်မန်းတွေအလုပ်မလုပ်တော့ဘူး
အဲ့ဒါကိုဘယ်လိုပြန်ဖွင့်၇မယ်ဆိုတာလေးပြောပေးပါ
အိမ်မှာကွန်ပျူတာမ၇ှိလို့ဆိုင်မှာလေ့ကျင့်ပါမယ်ဆိုမှဆိုင်ကကွန်မန်းတွေကိုပိတ်ထားတော့လေ့လာ၇ခက်နေလို့ပါ
ပြန်ဖွင့်နိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးကျပါနော်
လေးစားစွာဖြင့်.............netcrazy

z3r0c00l

z3r0c00l
Administrator



Administrator
networkcrazy67 wrote:အစ်ကိုတို့ရေကူညီပြီးပြောပေးကျပါဦး
ဒီသင်ခန်းစာတွေကိုလေ့လာနေတာပါ
ဆိုင်တစ်ခုမှာအားလုံးကိုပိတ်ထားတယ်ဗျာ
batfile ကို run လိုက်ရင်
command is disable by adminstrator လို့ပဲပေါ်နေတယ်ဗျာ ကွန်မန်းတွေအလုပ်မလုပ်တော့ဘူး
အဲ့ဒါကိုဘယ်လိုပြန်ဖွင့်၇မယ်ဆိုတာလေးပြောပေးပါ
အိမ်မှာကွန်ပျူတာမ၇ှိလို့ဆိုင်မှာလေ့ကျင့်ပါမယ်ဆိုမှဆိုင်ကကွန်မန်းတွေကိုပိတ်ထားတော့လေ့လာ၇ခက်နေလို့ပါ
ပြန်ဖွင့်နိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးကျပါနော်
လေးစားစွာဖြင့်.............netcrazy
registry ကိုဖွင့်လိုက်ပါ။ ctrl + f ကိုနှိပ်ပြီး disablecmd လို့ရိုက်ထည့်ပြီးရှာကြည့်လိုက်ပါ။ တွေ့ရင် သူ့ရဲ့ Value ကိုကြည့်ပါ။ 1 ဖြစ်နေရင် 0 လို့ပြောင်းလိုက်ပါ။ လိုအပ်ရင် reset ချရပါလိမ့်မယ်။ ရလောက်ပါပြီ။

idislikesexy

idislikesexy
MITR New User



$ƴǩǾ ရေ
Batch File သင်ခန်းစာ တွေ က တော်တော်ကောင်းပါတယ်
ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်
ဒါပေမဲ့ ကျွတ်တော်က online မှာ အချိန်သိပ်မပေးနိုင်ဘူးလေ
အဲဒါ ဖြစ်နိုင်မယ်ဆိုရင် Batch File သင်ခန်းစာတွေကို ရသလောက်အကုန် mail ကို ပို့ပေးပါလားဗျာ
ကျွန်တော်အကောင့်က idislikesexy ပါ
ကျေးဇူးတင်လျက်ပါနော်

U Tun

U Tun
MITR New User



စာအုပ်ဆိုရင်အားပေးမယ် သတင်းပို့လိုက်လေ စာအုပ်ကပိုကောင်းတယ်ထင်မိတယ်

funnymouse007

funnymouse007
MITR New User



အဲဒီ e-book လေး ခုဘယ်မှာ ရနိုင်အုန်းမလဲဗျာ Link တွေက Expire တွေဖြစ်ကုန်ပီမို့လို့
ကူညီကြပါအုန်း bounce

131လွယ်ကူလေ့လာ Batch File သင်ခန်းစာ [Tutorial] - Page 3 Empty Thanks 3rd December 2011, 4:44 pm

Hein Htet Aung

Hein Htet Aung
MITR New User



ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော် batch file ရေးတာကို တော်တော်ကြီးကိုလိုချင်နေတာ။လိုက်ရှာသေးတယ်။ command တွေပဲတွေ့တယ်။ အခုမှတော်တော်နားလည်သွားတယ်။

Sponsored content


View previous topic View next topic Back to top  Message [Page 3 of 3]

Go to page : Previous  1, 2, 3

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com