Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1installing unicode in ubuntu ^^ Empty installing unicode in ubuntu ^^ 3rd July 2011, 2:02 am

Fox

Fox
MITR Reader



MITR Reader
ကဲ သူများတွေလည်း ယူနီကုဒ်နေကြတော့ ကျွန်တော်တို့လည်း စတင်ကုဒ်ကြပါစို... Very Happy
ပထမဆုံး ubuntu မှာ ဘာသွင်းသွင်း ဖွင့်ရတဲ့ ဇာတ်လိုက်ကျော် terminal ကိုစဖွင့်ပါပြီ.
Accessories > Terminal ဒါမှမဟုတ် ctrl+alt+t
ယူနီကုဒ်ဖောင့်သွင်းမယ်.....

Code:
sudo apt-get install ttf-sil-padauk

ဘာလို့ တစ်ခြားဖောင့်တွေကို download မဆွဲတာလဲ မေးမယ့်သူတွေအတွက် ဖြေစရာကတော့...
ဟုတ်ကဲ့ ဒါကအဆင်​အပြေဆုံးနဲ့ အလွယ်ဆုံးမို့ပါ...
ပိတောက်ဖောင့်မသွင်းချင်ဘူးဆိုရင်တော့... masterpiece uni sans ကိုဒေါင်းပါ ..
တစ်ခြားဖောင့်တွေဖြစ်တဲ့ mm3,yunghicho တို့က rendering နဲ့ပက်သက်တဲ့ error အနည်းငယ်ရှိလို့ပါ...
ကဲပြောနေကြာတယ် ဖောင့်သွင်းပြီးပြီဆိုတော့ ကီးဘုတ်သွင်းရဦးမယ်
ubuntu မှာ နဂိုတည်းက မြန်မာစာအတွက် ကီးဘုတ်တစ်ခုပါပါတယ်
ဒါပေမယ့် ဘုရားစူးကီးဘုတ်ပါ Very Happy
လူသိများတဲ့ ဇော်ဂျီ လည်းမဟုတ် ဝင်း လည်းမဟုတ် mm3 လည်းမဟုတ်ပါဘူး
ava ကီးဘုတ်လို့တော့ ကိုငွေထွန်းပြောသံကြားဘူးတယ်
ဒီတော့ ကီးဘုတ်တစ်ခုတော့သွင်းဖို့ လိုလာပါပြီ။
ဇော်ဂျီနဲ့အနီးစပ်ဆုံးတူပြီး ငယ်ငယ်တုန်းက မြန်မာစာသင်ခဲ့ရတဲ့အတိုင်း ရိုက်ရတဲ့ mm3 keyboard ပဲသွင်းရအောင်။
ကီးဘုတ်သွင်းဖို့ဆိုရင် အရင်ဆုံး source file ထည့်ရပါမယ်။
terminal ကနေပဲ လုပ်ကြတာပေါ့ Very Happy
ဒီလိုလေးရိုက်လိုက်ပါ...

Code:
sudo gedit /etc/apt/sources.list

အောက်ဆုံးနားလေးမှာ ဒါလေးကို copy ကူးပြီးထည့်လိုက်ပါ..

Code:
deb http://packages.sil.org/ubuntu natty main
deb-src http://packages.sil.org/ubuntu natty main
natty က ubuntu 11.04 ရဲ့ code name ပါ
အကယ်၍ နောင်တော်တို့ရဲ့ ubuntu က 10.10 ဆိုရင် maverick 10.04 ဆိုရင် lucid လို့ပြောင်းထည့်ပါ...

source ထည့်ပြီးပြီဆိုရင် text editor လေးကို ပိတ်လိုက်ပါ
keyboard စသွင်းပါတော့မယ်....
terminal မှာ ဒီလိုလေးရိုက်လိုက်ပါ..

Code:
sudo apt-get update && apt-get install ibus-kmfl

ခုနောက်တစ်ဆင့်အနေနဲ့ mm3 keyboard rules တွေကို ဒေါင်းရပါမယ်...
ဒီနေရာကနေဒေါင်းလိုက်ပါ..

Code:
http://myanmar3source.googlecode.com/files/Myanmar3_11.02.2011.kmn

နောက်ထပ် keyboard setup လုပ်တဲ့အကြောင်းမပြောခင်.
အင်တာနက်ဆိုင်ကနေ offline package ဒေါင်းပြီး install လုပ်ဖို့ပြောပါမယ်

ပိတောက်ဖောင့်ကို ဒီကဒေါင်းပါ..
Code:
http://scripts.sil.org/cms/scripts/render_download.php?&format=file&media_id=MH_Padauk_deb&filename=ttf-sil-padauk_2.80_all.deb

ibus-kmfl သွင်းဖို့အတွက် package ကို ဒီကဒေါင်းပါ
Code:
http://sourceforge.net/projects/kmfl/

mm3 keyboard အတွက်က ဒီမှာပါ
Code:
http://myanmar3source.googlecode.com/files/Myanmar3_11.02.2011.kmn

.deb ဖိုင်တွေ double click နဲ့ install ဆိုရင်ရပါတယ် အကယ်၍
ပြဿနာရှာခဲ့သည်ရှိသော် ဒီလိုသွင်းလိုက်ပါ။

dpkg -i /path/to/install/package.deb

keyboard ကို setup လုပ်ပါတော့မယ်။
home folder မှာ ".kmfl" ဆိုတဲ့ ဖိုဒါအသစ်တစ်ခုဆောက်ပါ။
စောနကဒေါင်းထားတဲ့ kmn ဖိုင်ကို အဲ့ဒီဖိုဒါထဲထည့်ပါ။

kmn ဖိုင်ထည့်ပြီးသွားရင် language support မှာ keyboard ကိုသွားဖွင့်ပါမယ်
System > Administration > Language Support


language file တွေ သွင်းဦးမလားလို့မေးပါလိမ့်မယ်
remind me later ကိုနှိပ်လိုက်ပါ ခုမလိုအပ်​သေးပါဘူး
ပြီးရင်
Keyboard Input Method System ကို ibus အဖြစ်ရွေးပါ့မယ်

System -> Input Method Switcher ကိုသွားပါ
Keyboard Input Methods (IBus Daemon) has not been started. Do you want to start it now?
လို့မေးပါလိမ့်မယ် yes ကိုနှိပ်ပါ ...
နောက် box တစ်ခုမှာ ok ကိုနှိပ်ပါ
နောက်ဆုံး box မှာ input method ဆိုတဲ့ tab ကိုသွားပါ.
select input method > others > myanmar3std ကိုရွေးလိုက်ပါ
add လုပ်လိုက်ပြီးရင် ပိတ်လိုက်ပါ ...
log out ထွက်၍ log in ပြန်ဝင်လိုက်ရင် ubuntu မှာ unicode ရိုက်လို့ရသွားပါပြီ ခင်ဗျာ
ယူနီကုဒ်ပြောင်းရိုက်ချင်ရင် ctrl+space ကိုနှိပ်လိုက်ပါ...

keyboard လက်ကွက်ပုံကို ဒီမှာ သွားကြည့်နိုင်ပါတယ်။
Code:
http://www.myanmarlanguage.org/sites/default/files/u6/Myanmar3_Unicode_keyboard_Layout.jpg

အဆင်ပြေကြပါစေ ^^



Last edited by Cynic on 3rd July 2011, 2:46 am; edited 2 times in total

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forums hosting | ©phpBB | Free forum support | Report an abuse | Forumotion.com