1 11.04 and unity 30th April 2011, 3:45 am
Fox
MITR Reader
စထွက်တဲ့အချိန်ထဲက ဒေါင်းလိုက်တာ
၂၄ နာရီကျော်မှပဲ ၁၁.၀၄ နဲ့ unity သုံးလို့ရတော့တယ် ;D
ကော်နက်ရှင်ကောင်းချက်...
ခု ကျွန်တော်က 10.10 maverick ကနေ 11.04 natty ကို direct upgrade လုပ်တာပါ
error အနေနဲ့ကတော့ သွင်းနေတုန်းတန်းလန်း မှာတစ်ခုတက်ပါတယ်..
xkb data နဲ့ပက်သက်ပြီးတော့ပါ..
apt-get -f install နဲ့ရှင်းပါဆိုလို့ရှင်းလိုက်ရပါတယ်
ပြီးတော့မှ နောက်တစ်ခေါက်ပြန်သွင်းရပါတယ်
၂ ဆ လောက်ကြာသွားတယ်
ကံကောင်းတာက ဒေါင်းပြီးသား package တွေကို cache ထဲမှာထည့်ထားပေးလို့ ပြန်မဒေါင်းရတာ
အဲ့ဒါတွေပါထပ်ဒေါင်းရရင် သေပြီပဲ
ပထမဆုံး စစချင်း 11.04 ကိုဖွင့်တော့..
error box ထပ်ကျပြန်ပါတယ် ကံများကောင်းချက်..
hardware မမီလို့ unity သွင်းလို့မရပါဘူးတဲ့..
အဲ့ဒါနဲ့စိတ်ပျက်လက်ပျက်ဖြစ်နေတုန်းမှာ
နောင်တော် စွမ်းထက်ရဲ့ laptop နဲ့ မော်ဒယ်တူ တံဆိပ်တူရဲ့သားနဲ့ သူက ၁၀.၀၄ မှာ unity သွင်းထားတာအဆင်ပြေတယ်ဆိုတာနဲ့
ပတ်ရှာလိုက်တာ လားလား.... update manager မှာ package 150 ကျော်လောက်က install မလုပ်ရသေးဘူးဖြစ်နေတယ်
third party တွေကို ပိတ်တုန်းက ပိတ်သွားလားတော့မသိဘူး
အဲ့ဒါတွေကို Install လုပ် restart ချလိုက်တော့ တက်လာပါတယ်...
၁၁.၀၄ နဲ့ Unity ပါ..
သူများတွေတော့ ဘယ်လိုနေတယ်မသိ ကျွန်တော်တော့ unity ကိုမကြိုက်ဘူး
desktop ကြီးကျဉ်းသွားသလိုပဲ
ပြီးတော့ အောက်ခြေက windows teskbar မပါလာတော့ဘူး...
အောက်က teskbar ကိုဘေးရွှေ့လိုက်လေရဲ့
နောက်တစ်ခု က windows စတိုင် နည်းနည်းဖမ်းထားတယ်
ဘယ်ဘက်အပေါ်ဆုံးထောင့်က ubuntu logo လေးက windows မှာဆို start button လိုဖြစ်သွားတယ်
applications တွေ folder တွေကို အဲ့ဒီတစ်နေရာထဲကနေ access လုပ်လို့ရလာတယ်..
နောက်တစ်ခုက unity သုံးရင် အရင်က gnome သုံးနေကျ desktop effect တွေသုံးလို့မရတော့ပါဘူး
compiz နဲ့လည်း desktop ကို tube ဖြစ်အောင်လုပ်လို့မရတော့ပါဘူး...
compiz သုံးချင်သူများအတွက် login မှာ windows desktop environment ကို
ubuntu classic ထားခြင်းအားဖြင့်
unity မဟုတ်ပဲ 10.10 ပုံစံအတိုင်း သုံးခွင့်ရမှာဖြစ်ပါတယ်..