Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
လွန်ခဲ့တဲ့ တစ်ပတ်ခန့်က စတင်ပြီး ၅ သိန်းတန်ဖုန်းများတွင် Connection များ ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ ကိုယ်တိုင် စမ်းသတ်ချက်အရ 16kB/s ကနေ တက်လာခြင်းမရှိတော့တာကို တွေ့ရှိရပြီး၊ အချို့သော သတင်းများမှလည်း MPT မှာ Bandwidth ကို limit လုပ်လိုက်သည်ဟု ကြားသိရပါတယ်။ ယနေ့ တနင်္ဂနွေနေ့တွင် ထပ်မံ၍ တွေ့ရှိရသော သတင်းတစ်ခုမှာ EvDO Bandwidth ကို 128kB/s သို့ လျှော့ချထားသည်ဟု ကြားသိရပါတယ်။ (လက်တွေ့အသုံးမှာ ထို့ထက်နှေးပါတယ်။) Razz
အဲဒီ့လို လျှော့ချရခြင်းမှာ ယခုရက်ပိုင်းတွင် ရပ်တန့်မသွားဘဲ ပိုပိုဆိုးလာတဲ့ DDoS Attack ကြောင့်လို့ ဆိုပါတယ်။

---Plus News---
ထို DDoS တိုက်ခိုက်မှုကို အဓိကလုပ်ဆောင်နေသူများမှာ BlinkHackerGroup ဟု အမည်ခံထားသော အဖွဲ့တစ်ဖွဲ့မှဖြစ်တယ်လို့ ၄င်းတို့၏ Website မှတဆင့် သိရပါတယ်။ ဘာလို့ အဲဒီလို တိုက်ခိုက်တယ်ဆိုတာ စဉ်းစားမရပေမယ့်၊ သူတို့အဆိုအရကတော့ အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာလို့ ဆိုကြပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် အနစ်နာဆုံးက ပြည်သူပါ။ အခုဆိုရင် Internet ဆိုင်အချို့ ရက်အနည်းငယ် ပိတ်သွားတာမျိုး၊ ရက်အကန့်အသတ်မရှိ ပိတ်သွားတာမျိုးပင်ရှိနေပါတယ်...
ထို့အပြင် ၄င်းအဖွဲ့သည် အစိုးရနှင့်ဆက်သွယ်မှုရှိသည်ဟု ယူဆရသော website အမျိုးမျိုးကိုလည်း လှည့်လည်တိုက်ခိုက်နေသည်ကို တွေ့ရပါတယ်...
မည်သည့် ရည်ရွယ်ချက်နဲ့ တိုက်ခိုက်သည်ဖြစ်စေ.. အဓိကခံနေရတာကတော့ ပြည်သူဘဲဖြစ်ပါတယ်... သူတို့ကို သွားဆဲချင်ရင်တော့ Google မှာ အဲဒီ့အဖွဲ့နာမည်နဲ့သာ ရှာပေတော့...

ဒီလိုအဖွဲ့မျိုး ယောင်လို့တောင် အားမပေးပါနဲ့... ခင်ဗျားကိုယ်တိုင်လည်း ပြည်တွင်းမှာနေတဲ့သူဆိုရင်၊ ပြည်တွင်းကသူတွေဘာလိုတယ်ဆိုတာ ခင်ဗျားတို့ကောင်းကောင်းနားလည်မှာပါ... ပြည်တွင်းကလူ ဘာလိုအပ်တယ်ဆိုတာ၊ ပြည်ပကလူတွေ မသိနိုင်ပါ။ ပြည်တွင်းကသူကို ကိုယ်ချင်းစာစိတ်ထားတတ်တဲ့သူဟာလည်း ပြည်တွင်းကသူတွေဘဲဖြစ်ပါလိမ့်မယ်လို့ ယူဆပါတယ်... ပြည်ပကသူတွေကလဲ သူတို့လိုလူတွေကို အားပေးအားမြှောက်လုပ်မယ်ဆိုရင်တော့လည်း ကျုပ်တို့လို ပြည်သူတွေဘဲ ခံရမှာပေါ့...

နဂိုကမှ ဒီဘက်က ပိတ်လို့၊ ဟိုကျော်ဒီကျော်၊ လုပ်နေရပါတယ်ဆို၊ အပြင်ကပါ ၀ိုင်းပြီးတိုက်မှတော့. ဂုံနီအိတ်ထဲပိတ်ခံထားရတဲ့သူကို ၀ါးရင်းတုတ်နဲ့ ၀ိုင်းရိုက်နေသလို ခံစားနေရပါတော့တယ်....

ကျွန်တော် နိုင်ငံရေးရေးတာလည်းမဟုတ်။ စည်းရုံးရေး ဆင်းတာလည်းမဟုတ်။ ကျွန်တော်နဲ့ အစိုးရနဲ့လည်း ဘာမှမဆိုင်။ အတိုက်အခံဆိုတာကိုလည်း စိတ်မ၀င်စား။ ကျွန်တော်စိတ်ဝင်စားတာ မြန်မာပြည်သူတွေရဲ့ အနာဂတ် အတိအကျပြောရရင် ကျွန်တော့်အနာဂတ်၊ မြန်မာပြည်သူတွေ အဆင်ပြေပြေနေရဖို့၊ ကျွန်တော် အဆင်ပြေပြေ၊ အေးအေးချမ်းချမ်းနေရဖို့။ ဒါဘဲစိတ်ဝင်စားတယ်... ကျွန်တော်ကြားတာ ကျွန်တော်သိတာ၊ ကျွန်တော်မြင်တာ မြင်တဲ့အတိုင်းပြန်ရေးပေးတာဖြစ်ပါတယ်... သဘောထားမတိုက်ဆိုင်တာရှိရင် ခွင့်လွှတ်ပါလို့တော့ မတောင်းဆိုတော့ပါဘူး... CDMA Internet Speed ကတော့ အတော်လေးကျနေပါပြီ.. Smile

http://www.myanmaritresource.info

nGr69

nGr69
MITR Reader



MITR Reader
ကျွန်တော်နဲနဲလောက်ပြောချင်ပါတယ်ခင်ဗျာ
ငြင်းခုန်းခြင်းမဟုတ်ပါ နိုင်ငံရေးမဟုတ်ပါ
အမြင်ကိုတင်ပြခြင်း တစ်ခုဘဲဖြစ်ပါတယ်။


BlinkHackerGroup ရဲ့ website ကို ဘန်းထားခြင်း
ပိတ်ထားခြင်းမရှိကြောင်းတွေရပါတယ်ခင်ဗျာ

ဒါဟာ BlinkHackerGroup ကဘဲတော်လွန်းလို့ လား
ချန်လှပ် ထားခြင်းဘဲလားတော့ မသိပါခင်ဗျာ

ဘယ်လိုကြောင့်ဘဲ ဖြစ်ဖြစ် နစ်နာတာကတော့
ကျွန်တော်တို့  ပြည်သူတွေပါ
ငွေကုန်ခံ အချိန်ကုန်ခံပြီး သုံးစွဲနေရတဲ့  ပြည်သူတွေမှာ
တော်တော်နစ်နာ ပါတယ်ခင်ဗျာ

အားလုံးကောင်းသွားပါစေလို့ ဆုတောင်းရုံမှတပါး
ကျွန်တော်တို့ အတွက်အခြားမရှိပါ Sad

r0m30

r0m30
MITR New User



ကျနော်လဲ ၅ သိန်း EVDO နဲ.သုံးတာတော်တော်လေးနှေးပါတယ်...freedom တို.ultrasulf တို.နဲ့ကျော်သုံးရင်တော့ ရပါတယ်.ဟိုတလောကတော့ ရတနာပုံက DDOS ကို ခုခံနိုင်မယ့်စက်တွေ ငွေသန်းပေါင်းများစွာအကုန်အကျခံပြီး တပ်ဆင်တယ်လို.ကြားပါတယ် ခုအဲဒီစက်တွေသုံးမရတော့တာလား..မသိပါဘူး...ဘာကြောင့်နှေးနေတာလဲဆိုတာလဲ အတိအကျကြေငြာတာလဲတွေ.မိပါဘူးဗျာ.announce လေးတော့လုပ်သင့်တယ်လို.ထင်ပါတယ်.customer တွေကိုအလေးထားတယ်ဆို၇င်ပေါ့။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com