Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
CDMA 800MHz ဖုန်းများအား သက်တမ်းသတ်မှတ်ချက်ဖြင့် အသုံးပြုမည်ဆိုသည်မှာမဟုတ်ဘဲ သက်တမ်းသတ်မှတ်ချက်မှာ ဖုန်းအတွင်းတွင် ထည့်သွင်းအသုံးပြုလျှက်ရှိသော ပိုက်ဆံကတ်များဖြစ်သည့် Top Up Card များသာဖြစ်ကြောင်း သိရသည်။

CDMA 800MHz ဖုန်းများသည် စတင်ထုတ်ပေးလိုက်သည့်အချိန်မှစ၍ နံပါတ်မပြောင်းလဲဘဲ အမြဲတမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ "CDMA 800MHz ဖုန်းထဲကို ပိုက်ဆံကတ်ရဲ့ ကုတ်နံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူက ကိုယ်ရိုက်ထည့်လိုက်တဲ့ရက်ကနေ နောက်ထပ် ဆယ်နှစ်ကြာတဲ့အချိန်မှာ သက်တမ်းကုန်ပါမယ်လို့ အလိုအလျောက်ဖြေကြားပါတယ်။ အဲဒါက ဖုန်းက ဆယ်နှစ်ပြည့်ရင် သက်တမ်းကုန်မယ်လို့ပြောတာလို့ ထင်နေကြပါတယ်" ဟု CDMA 800 ဖုန်းအသုံးပြုသူများမှ ပြောပြသည်။
"CDMA 800MHz ဖုန်းတွေမှာ ပိုက်ဆံကတ်တွေဖြစ်တဲ့ Top Up Card ကိုဖြည့်တဲ့အချိန်မှာ ကတ်မှာပါတဲ့ကုတ်နံပါတ်ကို ဖုန်းထဲကိုရိုက်ထည့်လိုက်တာနဲ့ ဖုန်းကနေ အလိုအလျောက်ဖြေကြားတဲ့ စနစ်ရှိပါတယ်။ အဲဒီစနစ်ကနေပြီးတော့ ကိုယ့်ဆီကို Message တစ်ခု ပြန်ဝင်လာပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်စပြီး ဖုန်းထဲကိုထည့်လိုက်တဲ့ ရက်ကနေစပြီး ဆယ်နှစ်သက်တမ်းပေါ့ (ဥပမာ) ဆိုရင် ကိုယ်ထည့်လိုက်တာက ၂၀၁၀၊ မတ်လ၊ ၅ ရက်နေ့ဆိုရင် ဒီကတ်ဟာ ၂၀၂၀၊ မတ်လ၊ ၅ ရက်နေ့မှာ သက်တမ်းကုန်ပါမယ်လို့ အလိုအလျောက် ပြန်ဖြေပေးပါတယ်။ အဲဒီလိုပြန်ဖြေတာကို ဖုန်းက သက်တမ်းနဲ့လို့ ထင်နေကြတာပါ" ဟု Top Up Card များရောင်းချပေးလျက်ရှိသော Elite Co.,Ltd မှတာဝန်ရှိသူ ကိုအောင်နေဇင်ဦးမှပြောသည်။ ထို့ပြင် ယင်း Top Up Card များသည် သက်တမ်းအားဖြင့် ဖုန်းအတွင်းသို့မထည့်မီ သုံးလသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းအတွင်းသို့ သုံးလအတွင်း ထည့်သွင်းအသုံးပြုရမည်ဖြစ်သည်။ ဖုန်းအတွင်းသို့ထည့်သွင်းပြီးပါက တောက်လျောက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Top Up Card များမှာ အချိန်ကန့်သတ်ချက်များရှိသောကြောင့် အသုံးပြုသူများအနေဖြင့် ၀ယ်ယူပါက သတိပြုကာဝယ်ယူအသုံးပြုသင့်ပြီး ကတ်၏အပေါ်ဖက်တွင် ကုန်ဆုံးရက်အား ဖော်ပြပေးထားကြောင်း သိရသည်။

Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Cookies | Forumotion.com