1 Connected with Facebook! [Forum News] 28th July 2010, 8:00 pm
sHa92
Founder
ကျွန်တော်တို့ Forum ကို Facebook နဲ့ ချိတ်ချင်နေတာအတော်ကြာပြီ။ ဒါပေမယ့် System က Limit လုပ်ထားတော့ ချိတ်ခွင့်မရှိဖြစ်နေတာ။
အခု အဲဒီ့ Limit ကလည်း Suggest လုပ်လိုက်တာ အဆင်ပြေသွားတော့ ၊ ချိတ်လိုက်ပါပြီ။
ကျွန်တော်တို့ Forum ကို သင်တို့ရဲ့ Facebook Acc များနဲ့လည်း ၀င်လို့ရပါပြီ။ (Auto Login လုပ်ထားရင် ကောင်း ၊ မကောင်း စဉ်းစားနေတုန်းဘဲ။ အကြံလေးပေးပါဦး)
Signup လုပ်ရင်လည်း Facebook Acc နဲ့ဘဲ Signup လုပ်လို့ရပါတယ်။
နဂိုအတိုင်းလည်း ၀င်လာလို့ရတယ်နော်။ (လောလောဆယ်တော့ Portal Login box ကနေ ၀င်ခဲ့ကြဦး။ Login Page မှာက Box ပျောက်သွားလို့။ Bug နည်းနည်းရှိနေသေးလို့ပါ)
အခုဆိုရင် Facebook ကို မြန်မာနိုင်ငံသားတွေလည်း အတော်အသုံးပြုလာကြပါပြီ။
Internet ဆိုင်တွေမှာဆိုရင်လည်း အရင်က Gtalk ၁၀ ခုတည်းဖွင့်ထားတာကနေ အခုတော့ တစ်ဆင့်တိုးအနေနဲ့ Facebook ပေါ်ကနေပါ ချစ်တင်းနှောနေကြပါပြီ။ =)
အဲဒီ့တော့ ကျွန်တော်တို့လည်း ခေတ်နဲ့ အညီလိုက်ပြီး အဆင့်မြှင့်ရတာပေါ့။
Facebook က သူငယ်ချင်းတွေကိုလည်း ဒီကို Invite လုပ်လို့ရပါပြီ။
အဆင်မပြေတာ ၊ နားမလည်တာရှိရင် ဒီနေရာကနေ မေးလို့ရပါတယ်ခင်ဗျာ
စာကြွင်း။ ။ FB Connect ချိတ်နည်း ဒီည အချိန်ရရင် ရေးပေးပါဦးမယ်။ =)