1 Oops! DDOS တဲ့လား? [Announcement] 26th July 2010, 11:25 pm
sHa92
Founder
အဟမ်း... ဒီကနေ့ ညမှာတော့ အထူးသတင်း တစ်ပုဒ်ကို ကြေငြာပါ့မယ်။
ကျွန်တော်တို့ရဲ့ Forum ပိစိကွေးသေးသေးလေးရဲ့ နာမည်ဂုဏ်သတင်းလေးဟာ ပိုမိုကျော်ကြားလာကြောင်းကို ကျွန်တော် $ƴǩǾ မှ ၊ ယနေ့ ၊ ၀ါဆိုလပြည့်နေ့ ၊ မှာ သိရှိလိုက်ရပါတယ်။
သတင်းအစုံအလင်မှာ။
ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်ခန့် အချိန်တွင် ၊ Myanmar IT Resource ခေါ် ကျွန်တော်တို့ရဲ့ Forum လေးကို ၊ အရမ်းလေးစားလွန်းပြီး ၊ ကျွန်တော်တို့ရဲ့ လုံခြုံရေးစနစ်ကို အားရလွန်းကာ ၊ DDOS ဟုခေါ်သော တိုက်ခိုက်မှုပုံစံတစ်ခုဖြင့် ၊ လူတစ်ယောက်က စမ်းသပ်ခဲ့ပါသည်။
သို့သော်လည်း ကျွန်တော်တို့ယူထားသည့် Free Service ကြီးမှာ ၊ အင်မတန့် အင်မတန် ကောင်းမွန်လွန်းတဲ့ လုပ်ဆောင်ချက်တွေ ပေးတာကြောင့် ၊ Anti DDOS ဟုခေါ်သော စနစ်ကလေးက အလုပ်လုပ်သွားပါသဖြင့် ၊ ကျွန်တော်တို့ရဲ့ နာမည်ဂုဏ်သတင်းကို အထင်ကြီးလေးစားပြီး ၊ သူ့ရဲ့ ပညာရပ် အကြီးကြီးနဲ့ တိုက်ခိုက်လာသူလေးဟာ ၊ အိပ်ရေးပျက်ရုံသာ အဖတ်တင်သွားပါတယ် လို့ သတင်းရရှိပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Myanmar IT Resource မှ ၀ိုင်းတော်သားအပေါင်း အနေနဲ့ ၊ မိမိတို့ Forum အား ၊ မြန်မာနိုင်ငံ၏ DDOS တိုက်ခံရသည့် နာမည်ကြီး Forum များ၏ စာရင်းဝင်သွားပါသဖြင့် ဂုဏ်ယူနိုင်ကြပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
အားလုံး ဥပုသ်နေ့မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ...
$ƴǩǾ
မှတ်ချက်။ ။ Server တစ်ခုလုံးကို တိုက်နိုင်တာတော့ အတော်တော်သကွယ်။ Typlo ကြီးတော့ ငါ့ဆူတော့မယ်.