Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
လွန်ခဲ့တဲ့ရက်အနည်းငယ်က Member များအနေနဲ့ အလွန်အင်မတန် ဆိုးရွားတဲ့ Template ပေါ်မှာ အသုံးပြုခဲ့ရတဲ့အတွက် ဦးစွာပထမ တောင်းပန်ပါတယ်...

တစ်ဆက်တည်းမှာဘဲ၊ အဲလို ဆိုးဆိုးရွားရွား ကြည့်လို့တောင်မဖြစ်တဲ့ (ကျွန်တော်ကိုယ်တိုင်တောင် ကြည့်ရတာ စိတ်ပျက်လွန်းလို့၊ မလာဖြစ်တဲ့) Template သုံးထားတဲ့ အချိန်မှာတောင် ပုံမှန်ဝင်လာတဲ့ Member များရဲ့ status ကိုကြည့်ပြီး ကျွန်တော် အတော်လေးကို ၀မ်းသာမိပါတယ်...

စစချင်းကတော့ အချိန်အားပြီ၊ Forum Template ပြင်ကြရအောင် ဆိုပြီးစလိုက်ပေမယ့်၊ စပြီးကာမှ ဘယ်ကဘယ်လိုပေါ်လာလိုက်မှန်းမသိတဲ့ မအားခြင်းများစွာနဲ့ ကြုံရပြီး၊ တစ်ပိုင်းတန်းလန်းနဲ့ အဲဒီ့ Default Template ကြီးအတိုင်းထားခဲ့ရပါတယ်...

အခုတော့ ဟိုးအရင့်အရင်တုန်းက ပြင်ဖို့ကြိုးစားခဲ့ဖူးတဲ့ Template ကိုသုံးထားပါတယ်... ကျွန်တော့် Original Version တော့မဟုတ်ပါ... နိုင်ငံခြား Template တစ်ခုဖြစ်ပါတယ်..
ဘာဘဲဖြစ်ဖြစ် အရင်က ဖြူဖြူကြီးထက်စာရင်၊ ကျွန်တော် မအားလပ်တုန်း ဒီ Template က အဆင်ပြေစေမယ်ထင်လို့ ပြောင်းပေးလိုက်တာပါ.... အချို့ Position တွေမှာ အဆင်ပြေမှာမဟုတ်ပါဘူး... ဥပမာPost ဖတ်တဲ့နေရာမှာ Profile Picture ကြီးက ညာဘက်ရောက်နေတာ.. Post ဖတ်ရတဲ့ Box လေးက ကျဉ်းနေတာ စတာတွေဖြစ်နေနိုင်ပါတယ်... (Update: ပြင်ဆင်ပြီး)

ဒါပေမယ့်လည်း ဒီ Template က အတည်မဟုတ်သေးပါဘူး.. ယာယီသဘောမျှသာဖြစ်ပါတယ်.. အစကတော့ ကျွန်တော်ဆွဲထားတဲ့ Template ကို ၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တင်ပေးဖို့ရည်ရွယ်ထားပေမယ့်၊ အခုအခြေအနေနဲ့ တင်ပေးနိုင်လောက်မယ်မထင်တော့ပါဘူး...

ကျေးဇူးပြု၍ ယခု အသုံးပြုထားတဲ့ Template ပေါ်မှာ အဆင်မပြေမှုများရှိရင်လည်း ဆက်လက်သည်းခံပြီး အသုံးပြုပေးဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ...

အခြား ပြင်ဆင်စရာရှိတာတွေကို ဒီကနေ Comment ပေးတောင်းဆိုနိုင်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်..
sHa92

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Google Chrome အသုံးပြုသူများအနေနဲ့ အဆင်မပြေမှုတစ်ချို့ကြုံရနိုင်တယ်လို့ ထင်ပါတယ်..
ကျန်တဲ့သူတွေဆီမှာတော့ မသိဘူး.. ကျွန်တော့်ဆီမှာတော့ Portal(Home) မှာ Latest Topic ဆိုတဲ့ ဘေးဘက်အခြမ်းတစ်ခုလုံးက Page ဘောင်အပြင်ကို ကျော်နေပါတယ်... Firefox မှာတော့ အဆင်ပြေပါတယ်...

ပြည်တွင်းကသူတွေကတော့ Firefox အသုံးများမယ်လို့ယူဆရတော့၊ သိပ်တော့ပြဿနာမရှိဘူးထင်ပါတယ်...

အခြား (ဆိုးဆိုးရွားရွား) အဆင်မပြေတာရှိရင် ပြောပေးပါဦးခင်ဗျာ.

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ဘာ Error မှ မတက်ကြဘူးလားဟင်? ဒါမှမဟုတ် Connection ကျနေလို့ဘဲ Feedback မတက်လာတာလား?

ကျွန်တော်တော့ အခု ဖားရုပ်ကြီးတွေနဲ့ အတော်သည်းခံနေရတယ်... Sad

http://www.myanmaritresource.info

xtrm

xtrm
VIP Member



VIP Member
ကျနော်မတွေ့တာလား ၊ မရှိတာလား ။ Search ရှာမတွေ့ဘူး

sHa92

sHa92
Founder



Founder
Icon မဆွဲရသေးလို့.. ဖျောက်ထားတာဗျ.. ဟီးဟီး.. Logout အနောက်ဆုံးလေးမှာ Invisible လေးရှိတယ်.. Razz
[You must be registered and logged in to see this link.]

http://www.myanmaritresource.info

rat

rat
MITR Reader



MITR Reader
ကျန်တာအကုန်အဆင်ပြေပါတယ် ကျော်မသုံးရင် မတတ်ဘူးဖြစ်နေတယ် ဘန်းကျော်ကနေဆိုတော့ နဲနဲဒုက္ခရောက်တယ် ဖားတွေက မကျော်ရင်ပေါ်နေတယ် ကျော်သုံးရင်မပေါ်ဘူး ဆိုဒ်က နဲနဲလေးနေသလားလို့ပါ

sHa92

sHa92
Founder



Founder
မကျော်ရင်မတတ်တာက ဒီကနဲ့ ဆိုင်နေတယ်ဗျ.. မကျော်ရင် လေးလည်းလေးတယ်..
အဲဒါတော့ ကျွန်တော်လည်း ဘာလုပ်ပေးရမှန်းမသိဘူး...

http://www.myanmaritresource.info

rat

rat
MITR Reader



MITR Reader
ညီစွမ်းရေ နောက်တခုလောက်မေးချင်လို့ပါ အကိုတို့ MITR domain name နဲ့ မေးသုံးလို့ရမလားဗျာ google app: နဲ့ပေါ့
Code:
https://mail.google.com/a/myanmaritresource.com
လိုမျိုးလေးပေါ့ အဆင်ပြေရင်သုံးလို့ရမလားလို့ပါ နောက်ပြီး Chat Room ကို Flash button လေးနဲ့ အောက်နားမှာ ဘယ်နှစ်ယောက် online ရှိတယ် Join လို့လဲလွယ်အောင်လို့ လုပ်လို့ရမလားညီ MZ လိုမျိုးလေးပေါ့ အခက်အခဲ ရှိတယ်ဆိုရင် စိတ်မရှိပါနဲ့နော်.... Razz

sHa92

sHa92
Founder



Founder
Mail က အရင်ကလုပ်ထားတာရှိတယ်ဗျ.
သုံးတဲ့သူလည်း မရှိကြလို့.. ပြီးတော့ .co.cc နဲ့လုပ်ထားတာဆိုတော့ ခုသုံးလို့မရတော့တာနဲ့ ပြန်ဖြုတ်ထားလိုက်တယ်..

နောက်ထပ် Template အတည်တကျ ပြောင်းပြီးရင် ၊ Chat Room ကြီးက ဖြုတ်တောင် ဖြုတ်ချင်နေတာပါ... သိပ်လည်း အသုံးတည့်တာဟုတ်ဘူးရယ်..

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com