Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
ကျနော်တို့ ဆီမှာ Blogger,Ning,Youtube စတဲ့ဆိုဒ်လေးတွေ ကြည့်ခွင်မရှိပါ။ကြည့်ချင်သပဆို ကျော်ခွမှပင် ရပါသည်။ကိုယ်ပိုင်ကွန်ပျူတာနှင့်ဆို ကျော်ခွရတာ ပြဿနာမရှိပါဘူး။
လိုရင် လိုသလို Proxy တွေ ချိန်းပြီး ကျော်မယ်၊သို့ မဟုတ် ကျော်လို့ ရတဲ့ ဆော့ဖ်ဝဲတွေဖြစ်တဲ့ [You must be registered and logged in to see this link.]Ultrasurf,Freegate or Ur Freedom စတဲ့ ပရိုဂရမ်တွေ
သွင်းပြီး အဆင်ပြေသလိုကျော်ခွ နိုင်ကြပါတယ်။ဒါပေမဲ့ အင်တာနက်ဆိုင်တွေမှာ သွားသုံးကြရတဲ့ ကျနော်တို့ လိုလူတွေကြတော့ အဆင်မပြေတော့ပါ။
ပြောနေကြတဲ့ Saudi proxy တွေလဲ ချိန်းချင်တိုင်း ချိန်းလို့ မရ။(ဆာဗာမှ ခွင်ပြုမထားရင်)
ကျော်လို့ ရတဲ့ Program တွေလဲ တင်ပေးမထားဘူးဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ဆိုဒ်လေးတွေ ၀င်ကြည့်ဖို့  အဆင်မပြေတော့ပါဘူး။
တစ်ခါတလေ ဖိုရမ်တွေမှာ ဖော်ပြပေးတဲ့ vtunnel,polysolve စတာတွေကလဲ Denied တွေဖြစ်။
အဲဒီအခါ စိတ် ကသိကအောက်ဖြစ်ရပါတယ်ဗျာ။ဒါကြောင့် ကျနော်ကဲ့သို့ သော Cyber User များ အဆင်ပြေအောင် ကျနော်မှတ်မိတဲ့ Firefox Add on လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
သိပြီးသားတွေဖြစ်ပေမဲ့ ဒီ Firefox Add on လေးတွေကို စုစည်းပြီးဖော်ပြထားတာ မတွေ့ မိသေးတာနဲ့  cyber user များအဆင်ပြေအောင် အခုလိုဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
သုံးရတာလဲ အင်မတန်လွယ်ပါတယ်။ အဲ့ဒါကတော့ Firefox မှာ Add-on ထည့်ပြီးသုံးတာပါ။
Add on များကို တစ်ခု အဆင်မပြေပါက နောက်တစ်ခု သွင်း၍ သုံးနိုင်ပါတယ်။
အရင်ဆုံး တစ်ခုကတော့ tor-proxy add on ဖြစ်ပါတယ်။သူ့ ကို Install လုပ်ဖို့ အတွက်
Mozilla Firefox > Tools > Add-ons > Get Add-ons ကိုသွားပါ> search box မှာ tor-proxy ဆိုပြီးရိုက်ပါ
ပြီးရင်ပေါ်လာတဲ့ tor-proxy toolbar ဆိုတာကို install လုပ်ပါ။ Install လုပ်ပြီးပါက firefox ကို restart လုပ်ပေးပါ။ ဒါဆို အောက်က ပုံအတိုင်း toolbar တစ်ခုပေါ်လာမယ် (မျက်လုံးပုံလေးနဲ့)။ မျက်လုံးလေးဘေးမှာ ကိုယ်သွားချင်တဲ့ site URL ကို ရိုက်ပြီး သွားရပါတယ်။
အဆင်မပြေပါက Google>search box မှာ tor-proxy add on ဆိုပြီးရှာနိုင်ပါတယ်။ [You must be registered and logged in to see this image.]

မရရင် ဒီအောက်ကလင့်ခ် ကိုသွား...
Code:
https://addons.mozilla.org/en-US/firefox/addon/5833.
tool bar ကို အင်စတော့လုပ်ပါ
ပြီးရင် Firefox ကို restart လုပ်ပါ။
အောက်ကပုံထဲမှာ ၀ိုင်းပြထားတဲ့ နေရာမှာ ပိတ်ထားတဲ့ဝဘ်ဆိုဒ် လိပ်စာဖြည့်၍ သွားကြည့်နိုင်ပါပြီ။
[You must be registered and logged in to see this image.] နောက်တစ်ခုကတော့ Phzilla Add on ဖြစ်ပါတယ်
သူ့ ကိုလည်း အခြား Add on တွေ Install လုပ်နည်းအတိုင်းပါပဲ
Firefox>Tools>Add on>Get Add on ကိုသွား
ပြီးတော့ Search အကွက်ထဲမှာ Phzilla ဆိုပြီးရှာလိုက်ယုံပါပဲ။ဒါဆို အောက်မှာ Install လုပ်ခိုင်းပါမယ်။
Install လုပ်ပြီးရင်တော့ Firefox ကို Restart လုပ်ရပါမယ်။
ပြီးရင် ကြည့်ချင်တဲ့ ၀ဘ်ဆိုဒ် လိပ်စာကို ရိုက်ပြီးသွားကြည့်ပါ။ (အဆင်မပြေပါက Google>Search box မှာ phzilla add on ဆိုပြီးရှာပါ)
Access denied ဖြစ်တဲ့အခါ ဒီအောက်ကပုံထဲကအတိုင်း (P) ပုံစံ လေးကို နှိပ်လိုက်ပါ။
Mozilla URL Bar ပေါ် Mouse တင်လိုက်ရင် (သို့ ) Mozilla ညာဘက်အောက်ခြေမှာ [You must be registered and logged in to see this image.] ပုံစံလေးရှိပါတယ်။ Access denied ဖြစ်တဲ့အခါ နှိပ်လိုက်ပါ ။ဒါဆို သူ့ အလိုလိုကျော်သွားပါလိမ့်မယ်။
နောက်တစ်ခုကတော့ Myanmar it development tool bar ဖြစ်ပါတယ်။ Ning websites များကိုကျော်ဖို့ အတွက် Mitd မှ Sharing လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ Ning တွင်မက တခြား ဆိုဒ်များကိုပါ ကျော်လို့ ရတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒါကိုတော့ တော်တော်များများ သိပြီးလဲဖြစ်ပါလိမ့်မယ်။သို့ သော်
မသိသေးသူတွေအတွက် ရည်ရွယ်၍ ထပ်ပြောပြလိုက်ပါ့မယ်။
ဒီအောက်က အဆင့်အတိုင်း လိုက်လုပ်လိုက်ယုံပါပဲ။ အောက်က လုပ်ထားတဲ့ပုံစံကို ကြည့်ပေးပါ။
ဒါက သာမန်ဝင်တဲ့အခါ Block or denied လုပ်တဲ့ပုံဖြစ်ပါတယ်။
[You must be registered and logged in to see this image.]



[You must be registered and logged in to see this image.] ပိတ်ထားတာတွေကျော်ဖို့ အတွက် ဒီအောက်က စာသားများကို တွေကို copy ကူးပြီးတော့ adress bar မှာ paste လုပြီး Enter နှိပ်ပါ။
Code:
http://ff.conduit-download.com/37/254/CT2540937/Downloads/Firefox/Releases/2.5.8.6/10-03-16-11.19.17.758/myanmar_it_development.xpi

ပြီးရင် ညာဘက်ထောင့်မှာ Mozilla plagin Allow ဆိုတဲ့ အ၀ါရောင်စာ ပေါ်လာ ရင် Allow လုပ်ပေးပါ။
အောက်က ပုံလေး ပေါ်လာပါလိမ့်မယ်။
[You must be registered and logged in to see this image.] Install ကိုရွေးပါ ။ 5 second မှာ install လုပ်လိုက်မယ်ဆိုရင်
အောက် က ပုံပေါ်လာပါလိ့မ်မယ် ။
[You must be registered and logged in to see this image.] အောက်က ပုံမှာ ပေါ်နေတဲ့ အ၀ါရောင် မှာ Restart ဆိုတဲ့နေရာကို
နိပ်ပါ။
[You must be registered and logged in to see this image.] Firefox လေးပိတ်သွားပြီး ခဏကြာရင်တော့ အောက်က toolbar လေးက သင့်
mozilla မှာ ပေါ်လာပါလိမ်မယ်။
[You must be registered and logged in to see this image.] အခုလိုပေါ်လာ တဲ့ mozilla firefox mmit development toolbar လေးမှာ အိုင်ပီချိန်းရန် ဆိုဒါလေးပါပါတယ်
။ညာဘက်ထောင့်မှာပါ။
[You must be registered and logged in to see this image.] အဲဒီမှာ ကျော်ပေးနိုင်တဲ့ proxy 1 to proxy 14 ပါပါတယ် ။
ကြိုက်တဲ့ တစ်ခု ကိုရွေးချယ်ပါ။ ရွေးချယ်ပြီးရင် အောက်မှာ ကိုယ်သွားချင်တဲ့ဝက်ဆိုဒ်လိပ်စာ ဖြည့်ဖို့  အကွက်တစ်ခုပေါ်လာပါလိမ့်မယ်။
[You must be registered and logged in to see this image.]
ထိုအကွက်မှာ Web address ဖြည့်၍ ကြိုက်ရာ ၀ဘ်ဆိုဒ်ကို ကြည့်နိုင်ပါပြီ။
အားလုံးသော Cyber User များ အတွက် နောက်ထပ် ကျော်ခွနည်းများ တွေ့ ရှိပါက ထပ်မံပေါင်းဖြည့်ပေးသွားပါ့မည်။တခြားကျန်သေးတဲ့ Add on လေးတွေရှိရင် ညွန်ခဲ့ကြပါဦး..။ Laughing

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | ©phpBB | Free forum support | Report an abuse | Forumotion.com