1 Blog Excerpts စနစ်တစ်ခုအား PHP/MySQL ဖြင့် လွယ်ကူစွာရေးသားခြင်း [Tutorial] 30th November 2010, 5:29 pm
sHa92
Founder
Tutorial Title : Blog Excerpts စနစ်တစ်ခုအား PHP/MySQL ဖြင့် လွယ်ကူစွာရေးသားခြင်း
Level : Beginner/Intermediate
ဒီစနစ်လေးကတော့ နာမည်ကြားတာနဲ့တင် သိတဲ့သူလည်း သိကြပါလိမ့်မယ်။ ဒီစနစ်လေးကို သင်တို့အနေနဲ့ Blog တွေမှာ အတွေ့များပါလိမ့်မယ်။ Blog တစ်ခုကို ၀င်လိုက်မယ်ဆိုရင် ပထမဆုံးတွေ့ရမှာက ရေးထားတဲ့ စာတွေကို စာမြည်းသဘောနဲ့ ဖော်ပြပေးထားတာတွေ့ပါလိမ့်မယ်။ အဲဒီ့ကမှ တစ်ဆင့် ဖော်ပြပေးထားတဲ့ စာမြည်းက စိတ်ဝင်စားဖို့ကောင်းတော့ ၊ စာအားလုံးကို ဖတ်ချင်လာတာနဲ့ ၊ Read More သို့မဟုတ် “ဆက်လက်ဖတ်ရှုရန်” ဆိုတဲ့ Link မျိုးကို နှိပ်ပြီး ၊ စာအပြည့်အစုံရေးထားတဲ့အထဲ ၀င်သွားဖတ်လေ့ရှိကြပါတယ်။
သင့်အနေနဲ့ အဲဒီ့လို စနစ်တစ်ခုကို CMS တွေ Blog Engine တွေမသုံးဘဲနဲ့ ကိုယ့်ရဲ့ Application ထဲမှာ ထည့်သွင်းချင်လာပြီဆိုရင်တော့ ဒီသင်ခန်းစာကို တစ်ဆင့်ချင်း လိုက်လုပ်သွားတဲ့အခါမှာ သင်တို့လုပ်ချင်တဲ့ Blog Excerpt System ကို လွယ်လွယ်ကူကူဘဲ ရလာပါလိမ့်မယ်။
ကျွန်တော်တို့ သင်ခန်းစာလေးကို မစခင်မှာ အရင်ဆုံး ဒီ စနစ်နဲ့ ပတ်သက်ပြီးတော့ လိုချင်တဲ့အချက်အလက်လေးတွေကို ချစဉ်းစားကြည့်ပါမယ်။ (ကြုံတုန်း တစ်ခုအကြံပြုချင်တာက Application တစ်ခုရေးသားရာမှာ ကြီးရင်ဘဲဖြစ်ဖြစ် ၊ သေးရင်ဘဲဖြစ်ဖြစ် Text Editor or IDE မဖွင့်ခင် (Code ဆိုလို့ တစ်လုံးတစ်ပါဒ မျှမရေးရသေးခင်) မှာ Application နဲ့ ဆိုင်တဲ့ ကိုယ်လိုချင်တာတွေ ၊ အဲဒီ့ Apps က လုပ်ပေးမှာတွေကို အသေးစိတ်မဟုတ်တောင် ၊ အကြမ်းသဘောနဲ့ အနေနဲ့ စာအုပ်တစ်ခုထဲမှာ (သို့) MS-Word ထဲမှာ ချရေးစေချင်ပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ Requirement Define လုပ်တယ်ပေါ့။ အဲဒီ့အလေ့အကျင့်က သင့်ကို တစ်နည်းနည်းနဲ့တော့ အထောက်အကူဖြစ်စေပါလိမ့်မယ်။)
အဲဒီ့တော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရေးမယ့် စနစ်နဲ့ ပတ်သက်လို့ အရင်ဆုံး လုပ်ချင်တာလေးတွေ ချရေးကြည့်ပါမယ်...
အခု စနစ်မှာတော့ Main Case အနေနဲ့ကတော့ တစ်ခုဘဲရှိပါလိ့မ်မယ်...
“Website ကို လာမယ့် Visitor တွေအနေနဲ့ ၀င်ဝင်လာချင်းမှာ Post ရဲ့ တစ်ချို့တစ်ဝက်ကိုဘဲ စာမြည်းအနေနဲ့ မြင်နေရမယ်။ အဲဒီ့ကမှတဆင့် “Read More” ကိုနှိပ်ရင် နောက်ထပ် Page တစ်ခုမှာ Full Post အနေနဲ့ ပြမယ်။”
အကယ်လို့များ သင်ဟာ သင့်ရဲ့ရေးလက်စ Application မှာ ဖြည့်စွက်အသုံးပြုချင်တာဆိုရင်တော့ ဒီစနစ်နဲ့ ကို သင့်ရဲ့ Application ထဲမှာ ပေါင်းထည့်ဖို့အတွက် အနည်းငယ်ပြုပြင်ပြောင်းလဲမှုတွေတော့ ရှိပါလိမ့်မယ်။
ဒီသင်ခန်းစာမှာတော့ Data တွေကို excerpt အနေနဲ့ပြတာရယ် ၊ နောက်ထပ် စာမျက်နှာ တစ်ခုမှာမှ Full Data ကို ပြတာရယ်က မင်းသား ၊ မင်းသမီး ဖြစ်နေတော့ ၊ ကျန်တာတွေကို အသေးစိတ်ရှင်းလင်းခြင်း မပြုတော့ပါဘူး။
အခုဆက်ပြီးတော့ လုပ်ရမှာကတော့ Database တည်ဆောက်ခြင်းဘဲဖြစ်ပါတယ်။
အောက်မှာကတော့ ကျွန်တော့်အနေနဲ့ ဒီ သင်ခန်းစာရေးဖို့ ပြင်ဆင်ထားတဲ့ Database ဖြစ်ပါတယ်။ (Beginner Level ဖြစ်ပေမယ့် စာဖတ်သူအနေနဲ့ PHP Fundamental ကိုသိပြီးသားလို့ ယူဆပြီး ရေးထားတဲ့အတွက်ကြောင့် Database တည်ဆောက်ပုံတည်ဆောက်နည်း နှင့် အခြားသော အသေးစိတ်အချက်တွေကို ပယ်ထားခဲ့ပါတယ်။)
သင်တွေ့ရသလိုဘဲ ရိုးရိုးရှင်းရှင်းလေးပါ... ကျွန်တော့်အနေနဲ့ ဒီ သင်ခန်းစာရေးဖို့ ပြင်ဆင်ထားတာဖြစ်လို့ Table Name ကို Post အနေနဲ့ သတ်မှတ်လိုက်ပါတယ်။ အဲဒီ့ Post မှာ ဘာတွေရှိမလဲဆိုရင်တော့ ID, Title, နဲ့ Body တွေပါပါလိမ့်မယ်။
နောက်တစ်ဆင့်အနေနဲ့ Database ထဲကနေ Data ကို ထုတ်ပြရမှာဖြစ်လို့ ၊ Data နှစ်ခုလောက်ကို Sample အနေနဲ့ ကြိုတင်ထည့်သွင်းထားပါမယ်။
Data တွေလည်း Table ထဲ ၀င်သွားပြီ။ နောက်ထပ် လိုချင်တာက Body ထဲမှာရှိနေမယ့် စာတွေရဲ့ တစ်ချို့တစ်ဝက်ကို User ကို ပြန်ထုတ်ပေးချင်တာဖြစ်ပါတယ်။ အဲဒီ့အတွက် သုံးရမှာကတော့ MySQL's LEFT() function ဖြစ်ပါတယ်။
သုံးပုံသုံးနည်းကတော့ LEFT(field name, ဖော်ပြမယ့် text amout) လို့သုံးပါတယ်။ အဲဒါကိုမှ ကျွန်တော်တို့ စိတ်ကြိုက် name အသစ်တစ်ခုထပ်ပေးမယ်ဆိုရင်တော့ LEFT(field name, ဖော်ပြမယ့် text amout) AS post_excerpt ဆိုပြီးပေးလို့ရပါသေးတယ်။
ဥပမာ။ အောက်က SQL statement လေးကို Run ကြည့်မယ်ဆိုရင် သင့်အနေနဲ့ post_excerpt ဆိုတဲ့ Field Name အသစ်တစ်ခုကို သင့်ရဲ့ Database ထဲမှာ အမှန်တကယ်ရှိနေမယ့် Field Name ၃ ခုအနောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ သူ့မှာ ပါလာမယ့် data ကို ကြည့်မယ်ဆိုရင်လည်း body ထဲက data ရဲ့ အလုံး ၁၀၀ ကို ဖြတ်ထုတ်ပြီး ပြပေးတာတွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ စနစ်လေးကို အပြည့်အစုံသုံးလို့ရဖို့အတွက် ပထမဆုံးအနေနဲ့ index.php တစ်ဖိုင် Create လုပ်ပါမယ်။ အထဲမှာ ပါမယ့် Code တွေကတော့ အောက်ကအတိုင်းပါဘဲ။
Code မှာပါတာ တော်တော်များများကိုတော့ အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ရေးထားတာလည်း အကောင်းဆုံးပုံစံနဲ့ မဟုတ်ပေမယ့် ၊ ရှင်းတော့ရှင်းမယ်လို့ ထင်ပါတယ်။ အကယ်လို့ အဲဒီ့ Index File ကို Run မယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ရပါလိမ့်မယ်။
အဲဒီ့မှာ First Post ဆိုတာကို ထောက်ထားလိုက်တော့ Browser အောက်ခြေမှာ post.php?id=1 ဆိုပြီးပေါ်နေတာတွေ့ပါလိမ့်မယ်။ Next One ကို ထောက်လိုက်မယ်ဆိုရင် id 2 ကိုပြပါလိမ့်မယ်။ အဲဒီ့ကမှ ဆက်နှိပ်လိုက်ရင် post.php ထဲမှာ Full Post အနေနဲ့ သက်ဆိုင်ရာ Post ကို Full Post အနေနဲ့ ပြမှာပါ။
အဲဒါကို ဆက်မလုပ်ခင် အရင်ဆုံး index.php မှာ ရှင်းဖို့ ကျန်နေတာလေးတွေကို ဆက်ရှင်းပါမယ်။
ရှင်းရမှာကတော့ strrpos လို့ဘဲထင်ပါတယ်။ phpmanual ကို အမှန်အကန် သုံးတဲ့သူကတော့ index.php ကို copy/paste လုပ်တုန်းကတင် Function List မှာ သွားရှာပြီးလောက်ပြီလို့ ထင်ပါတယ်။ မရှာရသေးတဲ့သူတွေအနေနဲ့လည်း PHP Manual မှာ ကိုယ်တိုင်ရှာကြည့်ကြဖို့ တိုက်တွန်းပါတယ်။ သူ့ရဲ့ Def: ကို phpmanual မှာတော့ “Find position of last occurrence of a char in a string” လို့ ဖွင့်ထားပါတယ်။
အခုအချိန်မှာ သင့်အနေနဲ့ ဒီ String Function ကို ဘာကြောင့်သုံးတာလဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ဘာကြောင့်သုံးလဲဆိုတာကတော့ အကယ်လို့များ ကျွန်တော်တို့အနေနဲ့ Post Excerpt ကို ဆွဲထုတ်လိုက်ရာမှာ “Hello, Greeting from Second Post. Lorem Ipsum is simple dum” အဖြစ်နဲ့ ရပ်သွားတယ်ဆိုရင် ကြည့်ရတာ အတော်ရုပ်ဆိုးပါတယ်။ မြန်မာစာလိုမျိုးဆိုပိုတောင် ဆိုးပါဦးမယ်။ အဲဒီ့တော့ နောက်ဆုံးက ပိုနေတဲ့ dum လေးကိုဖြုတ် ၊ simple မှာ ရပ်ပြီး ကြည့်ကောင်းရှုကောင်း စာမြည်းတစ်ခုဖန်တီးဖို့ရာအတွက် သုံးရတာဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရတဲ့ space မှာရပ်မယ်ပေါ့။ အဲဒီ့လို ရပ်ဖို့အတွက် နောက်ထပ် String Function ကို သုံးရပါဦးမယ်။ substr လို့ခေါ်ပါတယ်။
ရေးပုံရေးနည်းကတော့ string substr ( string $string , int $start [, int $length ] ) ဖြစ်ပါတယ်။
အပေါ်က index.php မှာ implement လုပ်ခဲ့တာကတော့ အောက်ကပုံစံအတိုင်းဖြစ်ပါတယ်။
အဲဒီ့ ကုဒ်ကတော့ Post_Excerpt အဖြစ်ပါလာမယ့် String တွေကို ၊ 0 ကနေစ ၊ ခုနက သတ်မှတ်ထားခဲ့တဲ့ နောက်ဆုံး space ရှိမယ့် နေရာမှာဆုံးအောင်လုပ်လိုက်တာပါဘဲ။ ပြီးတော့ ... နဲ့ပေါင်း ၊ read more link ဆက်ထည့်လုပ်လိုက်တယ်ဆိုရင်ဘဲ ၊ ကျွန်တော်တို့လိုချင်တဲ့ excerpt system တစ်ခုရလာတာဖြစ်ပါတယ်။
substr က အပေါ်မှာ ရှင်းပြခဲ့တဲ့ LEFT နဲ့ သိပ်မကွာတာလည်း သတိထားမိပါလိမ့်မယ်။ (အခု ရေးနေရင်းနဲ့တောင် စဉ်းစားမိတာက substr ကို နှစ်ခါသုံးလိုက်ရင်တောင်မှ LEFT မသုံးဘဲရေးလို့ရနိုင်သေးတယ် လို့ စဉ်းစားမိပါတယ်။ သင့်အနေနဲ့ စမ်းသပ်ကြည့်ချင်ရင် စမ်းကြည့်နိုင်ပါတယ်။)
အခုဆိုရင်တော့ နောက်ဆုံးကျန်တာက Post ကို One Page ထဲမှာ Full Post အနေနဲ့ ပြဖို့ဘဲ ကျန်ပါတော့တယ်။ အဲဒါက ဘာမှတော့ ခက်လှတယ်လည်းမဟုတ်ပါဘူး။ သမားရိုးကျ Data အသွင်းအထုတ်လုပ်တာပါဘဲ။ ခုနက index.php File နဲ့ နည်းနည်းလေးဘဲ ကွာပါတယ်။
အရင်ဆုံး Post ID ကို URL ကနေယူရပါမယ်။ ဒါမှ ဘယ် Post ကို Full Post အနေနဲ့ ပြတာကိုသိမှာ ဖြစ်ပါတယ်။ နောက်တော့ Query မှာ WHERE နဲ့ တိုက်စစ်လိုက်ပြီး Data ကို သမားရိုးကျ DB ထဲကထုတ်ပြီး ပြလိုက်မယ်ဆိုရင် ရပါပြီ။
Browser ဖွင့်ပြီးတော့ Index.php ကိုဖွင့်။ ပြီးရင် Read More ကို နှိပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့လိုချင်နေတဲ့ Full Post View ကို single Page အနေနဲ့ အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။
အချုပ်အားဖြင့် ပြန်ကြည့်မယ်ဆိုရင် ဒီသင်ခန်းစာမှာ သင်တို့အနေနဲ့ လေ့လာခဲ့ရမှာကတော့
၁- LEFT Function အသုံးပြုပြီး ၊ လိုချင်တဲ့စာကို Field Name တစ်ခုအနေနဲ့ ဆွဲထုတ်ပုံ
၂- strrpos ကို အသုံးပြုပြီး ၊ string တစ်ကြောင်းမှာ ကိုယ်လိုချင်တဲ့ နောက်ဆုံးပိတ်စာလုံးအား ရှာဖွေပုံ
၃- substr ကို အသုံးပြုပြီး ၊ string တစ်ကြောင်းရဲ့ လိုအပ်တဲ့စာများကိုသာ ဖြတ်ထုတ်ပုံ
စသည်တို့ဘဲဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်သလောက် အခြားနေရာများမှာလည်း ဤ system ထက်ပင်ပိုကောင်းသော ၊ system များကို ရေးသားနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော့်အနေနဲ့ PHP ကို သေချာ စလုပ်ဖြစ်တာ ၁ လတောင် မပြည့်သေးပါဘူး။ ဒီ Tutorial က Beginner to Beginner Tutorial ဖြစ်နေတဲ့အတွက် ၊ Senior များ ၊ Expert များ နဲ့ Ninja များ က ကျွန်တော့်ရဲ့ လိုအပ်ချက်များကို ၀င်ရောက်ဖြည့်စွက်ပေးမယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာ အမှန်ပါဘဲ။
Ref: NetTuts+ မှ Jeffrey Way ၏ “How to Create Blog Excerpts with PHP” Podcast အားမှီငြမ်း၍ ရေးသားထားပါသည်။
အိမ်မှာ ဖတ်ပြီး လေ့လာချင်သူတွေအတွက် PDF ပြင်ဆင်ပေးထားပါတယ်။
sHa92
30.11.2010

- Code:
CREATE TABLE posts (
`id` INT( 255 ) UNSIGNED NOT NULL AUTO_INCREMENT PRIMARY KEY ,
`title` VARCHAR( 255 ) NOT NULL ,
`body` TEXT NOT NULL
);
သင်တွေ့ရသလိုဘဲ ရိုးရိုးရှင်းရှင်းလေးပါ... ကျွန်တော့်အနေနဲ့ ဒီ သင်ခန်းစာရေးဖို့ ပြင်ဆင်ထားတာဖြစ်လို့ Table Name ကို Post အနေနဲ့ သတ်မှတ်လိုက်ပါတယ်။ အဲဒီ့ Post မှာ ဘာတွေရှိမလဲဆိုရင်တော့ ID, Title, နဲ့ Body တွေပါပါလိမ့်မယ်။
နောက်တစ်ဆင့်အနေနဲ့ Database ထဲကနေ Data ကို ထုတ်ပြရမှာဖြစ်လို့ ၊ Data နှစ်ခုလောက်ကို Sample အနေနဲ့ ကြိုတင်ထည့်သွင်းထားပါမယ်။
- Code:
INSERT INTO posts VALUES (2, 'First Post', 'Hello, Greeting from First Post. Lorem Ipsum is simple dummy text of the blah blah and typesetting industry. We are now testing our blog excerpt system.');
INSERT INTO posts VALUES (2, 'Next One', 'Hello, Greeting from Second Post. Lorem Ipsum is simple dummy text of the blah blah and typesetting industry. We are now testing our blog excerpt system. Just Testing Testing Testing');
Data တွေလည်း Table ထဲ ၀င်သွားပြီ။ နောက်ထပ် လိုချင်တာက Body ထဲမှာရှိနေမယ့် စာတွေရဲ့ တစ်ချို့တစ်ဝက်ကို User ကို ပြန်ထုတ်ပေးချင်တာဖြစ်ပါတယ်။ အဲဒီ့အတွက် သုံးရမှာကတော့ MySQL's LEFT() function ဖြစ်ပါတယ်။
သုံးပုံသုံးနည်းကတော့ LEFT(field name, ဖော်ပြမယ့် text amout) လို့သုံးပါတယ်။ အဲဒါကိုမှ ကျွန်တော်တို့ စိတ်ကြိုက် name အသစ်တစ်ခုထပ်ပေးမယ်ဆိုရင်တော့ LEFT(field name, ဖော်ပြမယ့် text amout) AS post_excerpt ဆိုပြီးပေးလို့ရပါသေးတယ်။
ဥပမာ။ အောက်က SQL statement လေးကို Run ကြည့်မယ်ဆိုရင် သင့်အနေနဲ့ post_excerpt ဆိုတဲ့ Field Name အသစ်တစ်ခုကို သင့်ရဲ့ Database ထဲမှာ အမှန်တကယ်ရှိနေမယ့် Field Name ၃ ခုအနောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ သူ့မှာ ပါလာမယ့် data ကို ကြည့်မယ်ဆိုရင်လည်း body ထဲက data ရဲ့ အလုံး ၁၀၀ ကို ဖြတ်ထုတ်ပြီး ပြပေးတာတွေ့ရပါလိမ့်မယ်။
- Code:
SELECT id, title, body, LEFT(body, 100) AS post_excerpt FROM posts
ကျွန်တော်တို့ စနစ်လေးကို အပြည့်အစုံသုံးလို့ရဖို့အတွက် ပထမဆုံးအနေနဲ့ index.php တစ်ဖိုင် Create လုပ်ပါမယ်။ အထဲမှာ ပါမယ့် Code တွေကတော့ အောက်ကအတိုင်းပါဘဲ။
- Code:
<!DOCTYPE HTML>
<html lang="en-US">
<head>
<meta charset="UTF-8">
<title>All Posts - Index</title>
</head>
<body>
<?php
// create database related data array
$db = array(
'name' => 'excerpt_sys',
'user' => 'guest',
'password' => 'guess',
'host' => 'localhost'
);
// open database connection
$connection = mysql_connect( $db['host'], $db['user'], $db['password'] ) or die('Could not Connect to the Host');
// select database
mysql_select_db ( $db['name'], $connection ) or die('No DB to Select');
// generate and execute query
$query = 'SELECT id, title, body, LEFT( body, 30 ) AS post_excerpt FROM posts'; //using LEFT() function as I explained in tutorial
$result = mysql_query($query) or die('error in your query: ' . $query);
// print out all posts data
while( $row = mysql_fetch_assoc( $result ) ) :
$theLastSpace = strrpos( $row['post_excerpt'], ' ' ); //using strrpos to find the last occurrence of the "space"
?>
<h1><a href="post.php?id=<?php echo $row['id']; ?>"><?php echo $row['title']; ?></a></h1>
<p><?php echo substr( $row['post_excerpt'], 0, $theLastSpace ) . '...'; //using substr to stop at last "space" ?> <a href="post.php?id=<?php echo $row['id'] ?>">read more</a></p>
<?php endwhile; ?>
</body>
</html>
Code မှာပါတာ တော်တော်များများကိုတော့ အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ရေးထားတာလည်း အကောင်းဆုံးပုံစံနဲ့ မဟုတ်ပေမယ့် ၊ ရှင်းတော့ရှင်းမယ်လို့ ထင်ပါတယ်။ အကယ်လို့ အဲဒီ့ Index File ကို Run မယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ရပါလိမ့်မယ်။
အဲဒီ့မှာ First Post ဆိုတာကို ထောက်ထားလိုက်တော့ Browser အောက်ခြေမှာ post.php?id=1 ဆိုပြီးပေါ်နေတာတွေ့ပါလိမ့်မယ်။ Next One ကို ထောက်လိုက်မယ်ဆိုရင် id 2 ကိုပြပါလိမ့်မယ်။ အဲဒီ့ကမှ ဆက်နှိပ်လိုက်ရင် post.php ထဲမှာ Full Post အနေနဲ့ သက်ဆိုင်ရာ Post ကို Full Post အနေနဲ့ ပြမှာပါ။
အဲဒါကို ဆက်မလုပ်ခင် အရင်ဆုံး index.php မှာ ရှင်းဖို့ ကျန်နေတာလေးတွေကို ဆက်ရှင်းပါမယ်။
- Code:
$theLastSpace = strrpos( $row['post_excerpt'], ' ' ); //using strrpos to find the last occurrence of the "space"
ရှင်းရမှာကတော့ strrpos လို့ဘဲထင်ပါတယ်။ phpmanual ကို အမှန်အကန် သုံးတဲ့သူကတော့ index.php ကို copy/paste လုပ်တုန်းကတင် Function List မှာ သွားရှာပြီးလောက်ပြီလို့ ထင်ပါတယ်။ မရှာရသေးတဲ့သူတွေအနေနဲ့လည်း PHP Manual မှာ ကိုယ်တိုင်ရှာကြည့်ကြဖို့ တိုက်တွန်းပါတယ်။ သူ့ရဲ့ Def: ကို phpmanual မှာတော့ “Find position of last occurrence of a char in a string” လို့ ဖွင့်ထားပါတယ်။
အခုအချိန်မှာ သင့်အနေနဲ့ ဒီ String Function ကို ဘာကြောင့်သုံးတာလဲလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ဘာကြောင့်သုံးလဲဆိုတာကတော့ အကယ်လို့များ ကျွန်တော်တို့အနေနဲ့ Post Excerpt ကို ဆွဲထုတ်လိုက်ရာမှာ “Hello, Greeting from Second Post. Lorem Ipsum is simple dum” အဖြစ်နဲ့ ရပ်သွားတယ်ဆိုရင် ကြည့်ရတာ အတော်ရုပ်ဆိုးပါတယ်။ မြန်မာစာလိုမျိုးဆိုပိုတောင် ဆိုးပါဦးမယ်။ အဲဒီ့တော့ နောက်ဆုံးက ပိုနေတဲ့ dum လေးကိုဖြုတ် ၊ simple မှာ ရပ်ပြီး ကြည့်ကောင်းရှုကောင်း စာမြည်းတစ်ခုဖန်တီးဖို့ရာအတွက် သုံးရတာဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရတဲ့ space မှာရပ်မယ်ပေါ့။ အဲဒီ့လို ရပ်ဖို့အတွက် နောက်ထပ် String Function ကို သုံးရပါဦးမယ်။ substr လို့ခေါ်ပါတယ်။
ရေးပုံရေးနည်းကတော့ string substr ( string $string , int $start [, int $length ] ) ဖြစ်ပါတယ်။
အပေါ်က index.php မှာ implement လုပ်ခဲ့တာကတော့ အောက်ကပုံစံအတိုင်းဖြစ်ပါတယ်။
- Code:
<p><?php echo substr( $row['post_excerpt'], 0, $theLastSpace ) . '...'; //using substr to stop at last "space" ?> <a href="post.php?id=<?php echo $row['id'] ?>">read more</a></p>
- Code:
substr( $row['post_excerpt'], 0, $theLastSpace )
အဲဒီ့ ကုဒ်ကတော့ Post_Excerpt အဖြစ်ပါလာမယ့် String တွေကို ၊ 0 ကနေစ ၊ ခုနက သတ်မှတ်ထားခဲ့တဲ့ နောက်ဆုံး space ရှိမယ့် နေရာမှာဆုံးအောင်လုပ်လိုက်တာပါဘဲ။ ပြီးတော့ ... နဲ့ပေါင်း ၊ read more link ဆက်ထည့်လုပ်လိုက်တယ်ဆိုရင်ဘဲ ၊ ကျွန်တော်တို့လိုချင်တဲ့ excerpt system တစ်ခုရလာတာဖြစ်ပါတယ်။
substr က အပေါ်မှာ ရှင်းပြခဲ့တဲ့ LEFT နဲ့ သိပ်မကွာတာလည်း သတိထားမိပါလိမ့်မယ်။ (အခု ရေးနေရင်းနဲ့တောင် စဉ်းစားမိတာက substr ကို နှစ်ခါသုံးလိုက်ရင်တောင်မှ LEFT မသုံးဘဲရေးလို့ရနိုင်သေးတယ် လို့ စဉ်းစားမိပါတယ်။ သင့်အနေနဲ့ စမ်းသပ်ကြည့်ချင်ရင် စမ်းကြည့်နိုင်ပါတယ်။)
အခုဆိုရင်တော့ နောက်ဆုံးကျန်တာက Post ကို One Page ထဲမှာ Full Post အနေနဲ့ ပြဖို့ဘဲ ကျန်ပါတော့တယ်။ အဲဒါက ဘာမှတော့ ခက်လှတယ်လည်းမဟုတ်ပါဘူး။ သမားရိုးကျ Data အသွင်းအထုတ်လုပ်တာပါဘဲ။ ခုနက index.php File နဲ့ နည်းနည်းလေးဘဲ ကွာပါတယ်။
- Code:
<!DOCTYPE HTML>
<html lang="en-US">
<head>
<meta charset="UTF-8">
<title>All Posts - Index</title>
</head>
<body>
<?php
// create database related data array
$db = array(
'name' => 'excerpt_sys',
'user' => 'guest',
'password' => 'guess',
'host' => 'localhost'
);
// open database connection
$connection = mysql_connect( $db['host'], $db['user'], $db['password'] ) or die('Could not Connect to the Host');
// select database
mysql_select_db ( $db['name'], $connection ) or die('No DB to Select');
// get the post id from index.php
$id = $_GET['id'];
// generate and execute query
$query = "SELECT id, title, body FROM posts WHERE id = $id";
$result = mysql_query($query) or die('error in your query: ' . $query);
// print out our selected post data
while( $row = mysql_fetch_assoc( $result ) ) :
?>
<h1><a href="post.php?id=<?php echo $row['id']; ?>"><?php echo $row['title']; ?></a></h1>
<p><?php echo $row['body']; // we print our actual data, no excerpt ?></p>