Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
[Only admins are allowed to see this image]

လူငယ်ပရိုဖက်ရှင်နယ်တွေ စိတ်ဝင်စားလာတဲ့ ABE စာမေးပွဲများ

လူငယ်ပရိုဖက်ရှင်နယ်တွေကြားထဲမှာ ခေတ်စားစပြုလာတဲ့ ABE စာမေးပွဲအကြောင်းလေး တင်ပြပါရစေ။ ABE ဟာ ယူကေနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်သင်ကြားရေးပညာရှင်များပူးပေါင်းပြီး ၁၉၇၃ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ပါတယ်။ Association of Business Executive လို့ ခေါ်တဲ့ ဒီအဖွဲ့ အစည်းဟာ စီးပွားရေးနဲ့သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုပညာရပ်တွေကို အဝေးသင် စနစ်နဲ့ စာမေးပွဲတွေ ရောင်းချစစ်ဆေးနေတဲ့အလုပ်ကို အဓိကလုပ်ကိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီအဖွဲ့အစည်းက စစ်ဆေးပေးတဲ့ Certificate တွေကို ABE Certificate လို့ အတိုကောက်ခေါ်ကြပါတယ်။ ABE ဟာ စီမံ ခန့်ခွဲမှုလုပ်တဲ့ လူလတ်ပိုင်း မန်နေဂျာတွေနဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်တွေကို ဘွဲ့ဒီဂရီအနေနဲ့ လေ့လာသင်ယူလိုသူ လူငယ်တွေ ဖြေဆိုကြတာကို တွေ့ရပါတယ်။


ABE မှာ အထူးပြုဘာသာရပ် ၆ ခုဖြေဆိုနိုင်တာကို တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုနယ်ပယ်က အဓိကဘာသာရပ်တွေဖြစ်တဲ့ Business Management, Financial Management, Human Resource Management, Marketing ဘာသာရပ်တွေရှိတဲ့အပြင် ကျွန်တော်တို့နိုင်ငံက ကျောင်းသားအများစုနဲ့ အနည်းငယ်စိမ်းတဲ့ Business Information System, Travel, Tourism and Hospitality ဘာသာရပ်တွေ ရှိပါတယ်။


ABE စာမေးပွဲမှာ သာမန်အားဖြင့် အဆင့်သုံးဆင့် သတ်မှတ်ထားရှိပါတယ်။ Certificate အဆင့် Diploma အဆင့်နဲ့ Advanced Diploma အဆင့်ဆိုပြီး သုံးဆင့် ရှိပါတယ်။Diploma အဆင့်မှာ Diploma I နဲ့ Diploma II ဆို ပြီး နှစ်ပိုင်းခွဲခြားထားတာ တွေ့ရပါတယ်။ ဒီလိုအဆင့်တွေ ခွဲထားတာကို လိုက်ပြီးတော့ Registration လုပ်ရာမှာ လိုအပ်တဲ့လိုအပ်ချက်တွေ ကွဲပြားခြားနားမှုလေးတွေ ရှိသလို Member Registration Fees နဲ့ စာမေးပွဲကြေးလည်း အနည်းနဲ့အများ ကွာသွားတာလေးတွေ ရှိတယ်။


ABE ဖြေဆိုမယ့်သူတွေအနေနဲ့ ပထမဦးစွာ ABE Member အဖြစ် Register အရင်လုပ်ဖို့ လိုအပ်ပါတယ်။ Cetificate အဆင့်မှာ Member ကြေးက Financial Management ဘာသာရပ်ကလွဲလို့ ပထမဦးဆုံး နှစ်မှာတော့ ၃၅ ပေါင် (အမေရိကန် ဒေါ်လာ ၇၀ ခန့်) ပေးသွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Certificate အဆင့်အတွက် Financial Management ဘာသာရပ်အတွက် Member ကြေးကတော့ ပေါင် ၅၀ (အမေရိကန်ဒေါ်လာ ၁၀၀ ခန့်) ပေးသွင်း ရပါတယ်။ Diploma အဆင့်မှာလည်း အခြားဘာသာရပ်တွေရဲ့ စာမေးပွဲကြေးက ပထမဦးဆုံးနှစ်မှာတော့ ပေါင် ၅၀ (အမေရိကန် ဒေါ်လာ ၁၀၀ ခန့်) ပေးသွင်းဖို့ လိုအပ်မှာဖြစ်သလို Financial Management ဘာသာရပ် အတွက်ကတော့ ပေါင် ၆၀ (အမေရိကန်ဒေါ်လာ ၁၂၀ ခန့်) ပေးသွင်းရမှာ ဖြစ်ပါတယ်။ Advanced Diploma အတွက် Member Registration Fees ကတော့ ဘာသာရပ်အားလုံးအတွက် ပေါင် ၁၅၀ (အမေရိကန်ဒေါ်လာ ၃၀၀ ခန့်) ကျသင့်မယ်လို့ သိရပါတယ်။ Membership Fees ရဲ့ အဓိပ္ပာယ်ကတော့ သတ်မှတ်ထားတဲ့ စာမေးပွဲအဆင့်တွေ ဖြေလို့မပြီးမချင်း ABE ရဲ့ Member အဖြစ်နဲ့ ရှိနေမှာဖြစ်လို့ သတ်မှတ်ထားတဲ့အဆင့်မှာ ရှိတဲ့ဘာသာ ရပ်အရေအတွက်တွေ မပြီးမချင်း ပေးသွင်းနေရမှာပါ။ တစ်နည်းဆိုရရင် သတ်မှတ်ဘာသာရပ်တွေ မြန်မြန်ဖြေဆို အောင်မြင်ပြီးတဲ့သူအတွက် Membership နှစ်စဉ်ကြေး ပိုသက်သာနိုင်မယ်လို့ ဆိုနိုင်ပါတယ်။


ဒီလို Membership လျှောက်တာတွေကို ABE ဘ်ဆိုက်ဖြစ်တဲ့ [Only admins are allowed to see this link] မှာ လိုအပ်တဲ့ လျှောက်လွှာတွေကို Download လုပ်ပြီး လိုအပ်တဲ့ ကိုယ်ဖြေလိုတဲ့အဆင့်ကို လိုက်ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်း တွေနဲ့အတူ စာမေးပွဲကို တာဝန်ယူစစ်ပေးနေတဲ့ ဗြိတိသျှကောင်စီမှာ မှတ်ပုံတင်ကြေးပေးသွင်း လို့ရသလို ABE စာမေးပွဲအတွက် သင်ပေးနေတဲ့ သင်တန်းကျောင်းတွေကနေတစ်ဆင့်လည်း Membership မှတ်ပုံတင် လုပ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် နှစ်စဉ်ကြေးကိုလည်း ကိုယ်တက်နေ တဲ့ကျောင်းကနေတစ်ဆင့်ရော၊ ဗြိတိသျှကောင်စီ မှာ ပေးသွင်းလို့ရပါတယ်။


ABE စာမေးပွဲအတွက် Membership Registration Fees ပေးသွင်းပြီးရင် သက်ဆိုင်ရာ အဆင့်အလိုက် စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်တယ်ဆိုရင် စာမေးပွဲကြေး ပေးသွင်းနိုင်ပါတယ်။ ABE စာမေးပွဲတွေကို နှစ်စဉ် ဇွန်လနဲ့ ဒီဇင်ဘာ လတွေမှာ ကျင်းပလေ့ရှိပါတယ်။ စာမေးပွဲကြေးတွေအနေနဲ့ကတော့ Certificate အတွက် တစ်ဘာသာကို ပေါင် ၂၀ (အမေရိကန်ဒေါ်လာ ၄၀ ခန့်) ပေးသွင်းရမှာဖြစ်ပြီးတော့ Diploma စာမေးပွဲ အဆင့်အတွက်ကတော့ တစ်ဘာသာကို ၂၅ ပေါင် (အမေရိကန်ဒေါ်လာ ၅၀ခန့်) ကျသင့်ပါတယ်။ Advanced အဆင့်ကို ဖြေဆိုမယ့်သူအတွက် စာမေးပွဲကြေးက တစ်ဘာသာကို ၃၅ ပေါင်(အမေရိ ကန်ဒေါ်လာ ၇၀ ခန့်) အထိပေးသွင်းရန် လိုအပ်ပါတယ်။


ABE ဖြေဆိုတဲ့သူတွေအနေနဲ့ အားသာချက် တစ်ခုကတော့ သတ်မှတ်ထားတဲ့အဆင့်သုံးဆင့် သတ်မှတ်ထားပေးမယ့် ဖြေဆိုသူတိုင်း အနိမ့်ဆုံး အဆင့်ကနေစပြီး မဖြစ်မနေ ဖြေစရာမလိုပါဘူး။ Certificate အဆင့်အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ ဖြေဆိုနိုင်ကြပါတယ်။ Diploma အဆင့်ဖြေမယ့်သူအနေနဲ့ကတော့ တက္ကသိုလ်တစ်ခုခုမှာ အနည်းဆုံး ဒုတိယနှစ် တက်နေပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ဖို့ လိုပါတယ်။Advanced Diploma အဆင့်အတွက် ကတော့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရပြီး Junior Manager အဆင့်နဲ့ အလုပ်အတွေ့အကြုံ အနည်းဆုံး နှစ်နှစ်ရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက စာမေးပွဲဖြေတဲ့သူ အတော်များများကတော့ ဘွဲ့ရပြီးသူတွေက အများစုဖြစ်လို့ Diploma အဆင့်နဲ့ Advanced Diploma အဆင့်ကို ဖြေတဲ့သူတွေ များတယ်လို့လည်း တွေ့ရပါ တယ်။


ဘာသာရပ်တွေအလိုက် ပေးသွင်းရတဲ့ စာမေးပွဲကြေးတွေအနေနဲ့လည်း အဆင့်လိုက် ကွာခြားမှုတွေ ရှိနေပြန်ပါတယ်။ Certificate အဆင့်မှာ အထူးပြုတဲ့ ဘာသာရပ်တွေပေါ် လိုက်ပြီး ဖြေဆိုဖို့လိုအပ်တဲ့ ဘာသာရပ် အရေအတွက်ဟာ လေးခုကနေ ငါးခုအထိ ရှိတတ်ပါတယ်။ Diploma အဆင့်မှာတော့ အပိုင်းနှစ်ပိုင်းရှိပြီး စုစုပေါင်း ကိုးဘာသာဖြေဖို့ လိုပါတယ်။ Advanced အဆင့်မှာတော့ ငါးဘာသာဖြေဆိုဖို့ လိုအပ်ပါတယ်။


ABE စာမေးပွဲတွေရဲ့ ထူးခြားမှုတစ်ခုကတော့ ပြဋ္ဌာန်းထားတဲ့ဘာသာရပ်တွေနဲ့ အဆင့်ဆင့် ဖြေဆိုရတဲ့စာမေးပွဲတွေဟာ ပရိုဖက်ရှင်နယ် ဆိုင်ရာအရည်အသွေးရှိတဲ့ Certificate တစ်ခုရဖို့ အတွက်သာမကဘဲ Business Studies နဲ့ပတ်သက်လို့ နိုင်ငံရပ်ခြားမှာ ပညာရေးလမ်းကြောင်း အတွက်လည်း တိုက်ရိုက်ပြင်ဆင်ဖို့အတွက် အတော်လေး အထောက်အကူပြုပါတယ်။ ဘွဲ့မရသေးတဲ့လူငယ်တွေအနေနဲ့ ABE စာမေးပွဲအောင် လက်မှတ်ကနေရတဲ့ အဆင့်ဆင့်သော Diploma တွေပြီးတဲ့အခါမှာ ကိုယ်အထူးပြုတဲ့ဘာသာရပ် တွေကိုလိုက်ပြီးတော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ စီမံခန့်ခွဲမှုဆိုင်ရာ နယ်ပယ်တွေမှာရှိတဲ့ ဘာသာရပ်တွေကို ဒုတိယနှစ်၊ တတိယနှစ်တွေကို တိုက်ရိုက်တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ အထူးသဖြင့် ယူကေနိုင်ငံနဲ့ သြစတြေး လျနိုင်ငံတွေမှာရှိတဲ့ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ဘာသာရပ်တွေ သင်ကြားပို့ချတဲ့ တက္ကသိုလ်တွေမှာ အသိအမှတ်ပြုလက်ခံကြပါတယ်။ ဒါ့အပြင် ကိုယ်က ဘွဲ့တစ်ခုခုရထားပြီးသားဆိုရင်လည်း ABE Advanced Diploma ကို ဘွဲ့လွန် Diploma ကို ယူကေနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေ အတော်များများမှာ ၀င်ခွင့်ပေး ကြပါတယ်။ ဒါ့အပြင် ABE Advanced Diploma ပြီးထားရင်လည်း Master တန်းကို အစအဆုံးတက်စရာမလိုဘဲ ရထားပြီးသား သတ်မှတ်ထားတဲ့ဘာသာရပ် အချို့ကိုသာ တက်ပြီး Master ဘွဲ့ပြီးမြောက်နိုင်မှာဖြစ်လို့ ပညာဆက်ရှာလိုသူတွေအတွက် အချိန်ရောငွေပါ အတော်လေး ချုံ့ထားနိုင်တဲ့သဘောပါပဲ။

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
မြန်မာနိုင်ငံက ABE စာမေးပွဲတွေမှာ ရည်ရွယ်ချက် အမျိုးမျိုးရှိနေတာလည်း
စိတ်ဝင် တစားရှိလှပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊Marketing, HR
စတဲ့ ပရိုဖက်ရှင်နယ် လမ်းကြောင်းတစ်ခုခုပေါ်မှာ ရောက်နေတဲ့သူ တွေအနေနဲ့
ကိုယ်ရပ်တည်နေတဲ့ ပရိုဖက်ရှင်နယ် နယ်ပယ်မှာ ကိုယ့်ရဲ့ Employability
ခေါ်တဲ့ ကိုယ့်ကို အလုပ်ခန့်နိုင်တဲ့အရည်အသွေးတစ်ခုထက် တိုးတက်လာဖို့အတွက်
Qualified Certificate တစ်ခု ရဖို့အတွက်ကို တက်ကြ တာကိုလည်းတွေ့ရပါတယ်။
အချို့တွေကြတော့လည်း အလုပ်အကိုင် အတွက်မဟုတ်ဘဲ နိုင်ငံရပ်ခြားမှာ
ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် အခြေခံလိုအပ်ချက်အနေနဲ့ တက်ကြတာလည်း
တွေ့ရပါတယ်။


ABE နဲ့ပတ်သက်လို့ စာမေးပွဲတွေအတွက် သင်ပေးနေတဲ့ကျောင်းတွေ လောလောဆယ်
များများစားစား မရှိသေးပါဘူး။ သင်တန်းကျောင်း တွေအားလုံး
ရန်ကုန်မှာပဲရှိကြပြီး စုစုပေါင်း လေးကျောင်းပဲ ရှိပါသေးတယ်။ သို့ပေမယ့်
စိတ်ဝင်တစားနဲ့ ဖြေဆိုကြတဲ့သူတွေ နှစ်စဉ်တိုးတက်လာနေ ခဲ့ရာမှာ ၂၀၀၆
ခုနှစ်မှာ ဖြေဆိုသူပေါင်း ၁၂၀၀ လောက်ရှိရာကနေ ၂၀၀၇ ခုနှစ်အကုန်မှာ
ဖြေဆိုသူပေါင်း ၂၀၀၀ လောက် ရှိလာပြီလို့လည်း သိရပါတယ်။ ဒါ့ကြောင့်
အနာဂတ်မှာတော့ ABE စာမေးပွဲအတွက် အရည်အသွေး ရှိတဲ့ သင်တန်းကျောင်းတွေ
အစီအရီပေါ်လာမယ်လို့လည်း မျှော်လင့်ရပါ တယ်။


ABE ဟာ ပရိုဖက်ရှင်နယ် Certificate အတွက်ဖြေရတဲ့အတွက် ဖြေရ တာမှန်ပေမယ့်
ဖြေရတဲ့ဘာသာရပ်တွေက စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့
ဘာသာရပ်တွေဖြစ်နေလေတော့ စာမေးပွဲဖြေတဲ့သူအနေနဲ့ စာကိုအလွတ်ကျက်ပြီး
ဖြေတာထက် သီအိုရီကို နားလည်ကျေညက်အောင် လုပ်ပြီးတော့ ကိုယ်ပိုင်Óဏ်နဲ့
ထိုးထွင်းစဉ်းစားတတ်ဖို့ ပိုပြီးလိုအပ်ပါတယ်။ စာမေးပွဲမှာ
တကယ်ဖြေရတဲ့ပုံစံတွေက သီအိုရီကိုအခြေခံပြီး Case Study လို
မေးခွန်းမျိုးဖြစ်လို့ သီအိုရီတစ်မျိုးတည်းကို စာကျက်သလိုကျက်ပြီး
ဖြေလို့မရပါဘူး။ ပြဋ္ဌာန်းစာအုပ်တွေမှာ ချပေးတဲ့သီအိုရီတွေကို
အလွတ်ကျက်လို့ရနိုင်ပေမယ့် ဒီသီအိုရီတွေဟာ ကိုယ်ကြုံတွေ့နေရတဲ့ လက်တွေ့
နယ်ပယ်တွေမှာ ဘယ်လောက်အတိုင်းအတာအထိ အသုံးကျသလဲဆိုတဲ့
နားလည်သဘောပေါက်မှုမျိုးကိုတော့ ဖြေဆိုသူရဲ့ အလုပ်အတွေ့အကြုံအလိုက်
ဘက်ပေါင်းစုံကနေ ဖြန့်ကျက်စဉ်းစားနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင်
ရွေးကျက်တာတို့၊ မှန်းကျက်တာတို့မျိုးတွေကလည်း စာမေးပွဲဖြေ သူအတွက်
ကောင်းကျိုးထက် ဆိုကျိုးက ပိုများပါတယ်။ ABE Advanced အဆင့်မှာတော့
ဘွဲ့လွန်အဆင့်ကိုပြင်ဆင်တဲ့ အခြအနေမျိုးရှိနေတဲ့အတွက် စာမေးပွဲအတွက် Study
Material အပြင် အကြုံပြုထားတဲ့ Additionl Reading စာအုပ်တွေကို
ဂရုတစိုက်နဲ့ ဖတ်ဖို့လည်း လိုအပ်ပါတယ်။


ABE စာမေးပွဲဟာ နိုင်ငံရပ်ခြားကစာမေးပွဲဖြစ်လို့ ငွေကြေးကုန်ကျစရိတ်နဲ့
ပေးဆပ်ရမယ့်အချိန်တွေ ရှိပါတယ်။ Business Management Studies
ဘာသာရပ်တွေဖြစ်တဲ့အတွက် သင်ရတဲ့ စာတွေ့အကြောင်းတရားနဲ့ ကိုယ်ရဲ့
စီးပွားရေးပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေနေရတဲ့အခြေအနေတွေကို ချိန်ထိုး
လေ့လာစဉ်းစားတဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိနိုင်သူအတွက် ABE
စာမေးပွဲတွေဟာ အောင်လက်မှတ်အတွက် ဦးတည်တဲ့ ကြိုးစားအားထုတ်မှု
မျိုးတင်သာမကဘဲ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာကို
လေ့လာသင်ယူချင်တဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါကြောင်းနဲ့ မြန်မာ
လူငယ်လူရွယ်များ နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှုပညာတတ်များ ဖြစ်နိုင်
ပါစေကြောင်း ဆန္ဒပြုရင်း....။

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com