1 MCPA အသိအမှတ်ပြုစာမေးပွဲနှင့် ITPEC စာမေးပွဲအောင်မြင်ပြီးသူများ အလုပ်လျှာက်ထားနိုင် [Local News] 11th July 2011, 6:19 am
Htet Naing
Moderator
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ နိုင်ငံတစ်ဝှမ်း ကွန်ပျူတာနည်းပညာပြန့်ပွားတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးထား ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ရည်ရွယ်ချက်အတိုင်း ကွန်ပျူတာ နည်းပညာဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲများ ဖြစ်သော-
(၁) MCPA Certified Fundamental Software Engineer Exam (FSE)
(၂) MCPA Certified Network Associate Exam (NA)
(၃) ITPEC စာမေးပွဲများမှ Fundamental IT Engineer Exam (FE) ကို နှစ်စဉ် စစ်ဆေးလျှက် ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နှင့် အိုင်တီကုမ္ပဏီများပူးပေါင်းပြီး စာမေးပွဲအောင်မြင် ပြီးသူများကို အလုပ်အကိုင်ခေါ်ယူရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါစာမေးပွဲများကို အောင်မြင်ပြီး သူများသည် အလုပ်အကိုင် လျှောက်ထားလိုပါက မိမိတို့၏ CV Form များကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း E-mail office@mapamyanmar.org သို့ ဇူလိုင်လ (၃၀) ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း အဆောင် (၄)၊ အခန်း (၄) ၊ မြန်မာအင်ဖို တက်ခ်၊ လှိုင်မြို့နယ်၊ ဖုန်း ၀၁- ၆၅၂၂၇၆ နှင့် ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။