1 Creating your own TAG with Javascript!!! 18th April 2010, 6:44 pm
sHa92
Founder
CSS လုပ်ရင်းက JS ဘက်ရောက်သွားပြန်ပီလို့ ပြောကြတော့မယ်။
Forum ရဲ့ Template အသစ်အတွက် ကိုယ်ပိုင် Tag တစ်ခုကို ဘယ်လိုဖန်တီးရမလဲ လေ့လာကြည့်ရင်းနဲ့ အောင်မြင်သွားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကိုယ်ပိုင် HTML Tag တစ်ခုဖန်တီးတာ တကယ်တော့ လွယ်လွယ်လေးပါ။
အပေါ်က javascript code နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် HTML Tag ကို ထောက်လှမ်းလိုက်မယ်လေ။ (တကယ်တော့ ဒီနည်းကို ၊ ဟိုရက်က ကိုC0D3R ရဲ့ JS Post လေးကို ကိုOpera က ရစ်နေတုန်းမှာ ပြန်ဖြေပေးရင်းနဲ့ Idea ရလိုက်တာ။ )
ပြီးရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် Tag က ဘာအလုပ်လုပ်မယ်ဆိုတာကိုတော့ ကြိုက်တဲ့ Function ကို ရေးပြီး ခေါ်သုံးရင်ရပြီပေါ့။
အဲဒီ့ Tag အလုပ်လုပ်မယ့် Function တွေလည်း ရေးပြီးရင် <mytag>...</mytag> ကဲ ဘယ်လောက်လွယ်လဲ။
ကိုယ်ပိုင် Tag ကို လိုသလို ဖန်တီးနိုင်ပြီနော်။
javascript က ဒီလိုတော့လည်း မိုက်သား။
တော်တော်များများက ဒီနည်းကို မသုံးကြဘူး။ သိကို မသိတဲ့သူတွေလည်း တော်တော်များများရှိတယ်။
ကျွန်တော်လည်း အစက Forum အတွက် ကိုယ်ပိုင် BBCodes တွေ ဘယ်လိုဖန်တီးရမလဲမသိခဲ့ဘူး။ (HTML က ပိတ်ထားတော့လေ)
အခုတော့ HTML Tag လမ်းစရပီဆိုတော့ BBCode လည်း ထပ်ထည့်လို့ရအောင် စဉ်းစားလိုက်ဦးမယ်။
အစ်ကိုတို့ ၊ အစ်မတို့ များ ဒီ Tricks နဲ့ ပတ်သက်ပြီးတော့ ဒီ့ထက်ပိုပြီးသိခဲ့တာလေး ရှိရင် ပြန်လည်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
ကျွန်တော်က javascript နဲ့ ပတ်သက်လို့ ဘာမှတော့သိပ်မသိဘူး။ ဒါပေမယ့် Programming Concept နဲ့ နည်းနည်းပေါင်းစပ်ပြီးတော့ လုပ်နေရတော့ အခက်အခဲအများကြီးရှိနေသေးလို့ဗျ။ အစ်ကို ၊ အစ်မတို့ က ၀ိုင်းဝန်းဆွေးနွေးပေးတော့ ကျွန်တော်လည်း မြန်မြန်နဲ့ အဖြေရတာပေါ့။
ဒီ Forum ပေါ်မှာ ကျွန်တော်နဲ့ အတူ ဆွေးနွေးပေးမယ့်သူတွေ ရှိလာရင်တော့ သိပ်ကောင်းမယ်ဗျာ.......

- Code:
var tagname=document.getElementsByName('mytag');