ဟုတ်ပါတယ် ကို Opera
ကျွန်တော့် ညီတော်ပြောသွားတာ နည်းနည်းလိုသွားပါတယ်။ (ကျွန်တော်အပေါ်မှာဖြေတာလည်း လိုသွားတာပါတယ်)
သူပြောချင်တာက သွားသိမ်းတယ်လို့ ပြောချင်တာ မဟုတ်လောက်ပါဘူး။ Element ID မှာ လက်ရှိရောက်နေတဲ့ကောင်ကို ပြန်ပြပေးတယ်လို့ပြောတာ နေပါလိမ့်မယ်။
တကယ်တော့ getElementById လေးက အလုပ်လုပ်ပေးသွားတာပါ
ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုဘဲ အဲဒီ့ကောင်က ကျွန်တော်တို့ လိုချင်တဲ့ ID ကို လှမ်းခေါ်ပေးတယ် ၊ ပြီးတော့ ပြန်ပြပေးတယ်။
ကျွန်တော်တို့ DB ထဲမှာလည်း store လုပ်စရာမလိုသလို ၊ ဘာမှလည်း လုပ်စရာမလိုပါဘူး။
အဲ Code ကို Address Bar မှာထည့်လိုက်တာနဲ့ Page မှာပါတဲ့. ကျွန်တော်တို့လိုချင်တဲ့ ID ကိုရှာပြီးတော့ အဲ ID ထဲမှာ လက်ရှိဝင်နေတဲ့ Value ကို ပြပေးတာဖြစ်ပါတယ်။ သိမ်းထားတဲ့ဟာမဟုတ်ဘူး ၊ အဲဒီ့ထဲမှာ လက်ရှိရှိနေတဲ့ Text ကို ပြတာ။
အဲဒါကိုတော့ နားလည်ပြီထင်ပါတယ်။
အစ်ကိုမေးတဲ့ *** လေးတွေအကြောင်းပြောပါမယ်။
အဲဒီ့ ** လေးတွေက တကယ်တော့ Mask လုပ်ထားတာပါဘဲ။ HTML form ရေးဖူးရင်သိပါလိမ့်မယ်။ ဒါမှမဟုတ်လည်း ရိုးရိုး Windows Program လေးတွေရေးဖူးရင်လည်းသိလိမ့်မယ်။
အဲဒီ့ Google Page ကိုဘဲ Password Box ကို select လုပ် View Source လုပ်ပြီး ပြန်ကြည့်ကြည့်ပါ <input type="password" လို့ပေးထားပါလိမ့်မယ်။ အဲဒီ့ type ကြောင့်ဖြစ်တာပါ။ type မှာ Password လို့ပေးလိုက်တဲ့အတွက် auto mask လုပ်ပေးသွားတာပါ။ ဘယ်မှာမှ မသိမ်းလိုက်သလို ၊ ဘယ်ကမှလည်း ရှုပ်ရှုပ်ယှက်ယှက် ပြန်မသယ်လာရပါဘူး။ JS ကုဒ်ကလည်း Decrypt ပြန်လုပ်တာမျိုးမပါပါဘူး။ HTML form မှာ auto လုပ်ထားတာဖြစ်လို့ *** လေးတွေပေါ်ရတာဖြစ်ပါတယ်။ တကယ်လက်ရှိကတော့ တကယ့်စာလုံးတွေကိုရိုက်သွားတာပါဘဲ။ မျက်စိနဲ့မမြင်ရအောင်ဘဲ လုပ်ထားတာဖြစ်ပါတယ်
ဒီလောက်ဆိုရင်တော့ နားလည်လောက်ပြီထင်ပါတယ်
Form အကြောင်းသိချင်ရင်
- Code:
http://www.w3schools.com/html/html_forms.asp
မှာလေ့လာနိုင်ပါတယ်။
ဒါနဲ့ အစ်ကိုက HTML 5 အကြောင်းတောင် လေ့လာဖူးတယ်ဆိုတော့ ကျွန်တော်တို့ပြောတာတွေ နားလည်ပြီးသားနေမှာပါ. ဘာလို့ JS ကျမှလာတိုင်ပတ်နေတာလဲသိဘူး။ ဟီးဟီး
ဘာဘဲဖြစ်ဖြစ် Forum ကြီး Active ဖြစ်သွားတာပေါ့။ လူ ၃ ယောက်နဲ့။