1 Create Edit With Notepad In Send To [Problem] 12th April 2010, 10:55 am
ko htet
MITR Reader
Send to မှာ Edit With Notepad ထည့်တဲ့နည်းလေးပါ...အသုံးဝင်မယ်ထင်လို့တင်လိုက်တာပါ..။
Forum မှာအရင်တင်ပြီးသားရှိရင်လည်း ကျွန်တော့ကို အသိမပေးဘဲ ဖျက်လိုက်လို့ရပါတယ်...။
Forum မှာအရင်တင်ပြီးသားရှိရင်လည်း ကျွန်တော့ကို အသိမပေးဘဲ ဖျက်လိုက်လို့ရပါတယ်...။
- Code:
လုပ်နည်း
(1) Desktop ပေါ်မှာ R-click နှိပ်ပြီး New >> Shortcut တခု ယူလိုက်ပါ။
(2) Type the location of the item: နေရာမှာ "notepad" လို့ရိုက်လိုက်ပါ..။ပြီးရင် Next ကိုနှိပ်လိုက်ပါ..။
(3) Type a name for this shortcut နေရာမှာ "Edit with notepad" လို့ရိုက်လိုက်ပါ..။ ပြီးရင် Finish ကိုနှိပ်လိုက်ပါ။
Desktop ပေါ်မှာ Edit with notepad ဆိုပြီး shortcut တခုပေါ်လာပါလိမ့်မယ်..။
(4) ပြီးရင် Desktop ပေါ်မှာရှိတဲ့ shortcut ကို R-click ထောက်ပြီး Properties >> Shortcut ကိုသွားလိုက်ပါ..။
"Target:" နဲ့ "Start in:" မှာ "%windir%\system32\notepad.exe" ဆိုပြီးရိုက်ထည့်လိုက်ပါ..။
(5) ပြီးရင် win+R >> "%UserProfile%\SendTo" ဆိုပြီး ရိုက်ထည့်လိုက်ပါ..။
C:\Documents and Settings\Administrator\SendTo လမ်းကြောင်းအောက်ကိုရောက်သွားပါလိမ့်မယ်..။
(6) Desktop ပေါ်မှာရှိနေတဲ့ shortcut ကို copy လုပ်ပြီး C:\Documents and Settings\Administrator\SendTo အောက်မှာ past လုပ်လိုက်ပါ..။
(7) လုပ်ပြီးရင် .nfo (or) .eml (or) .diz (or) .bat စတဲ့ file တွေပေါ်မှာ R-click ထောက်ပြီး send to မှာကြည့်ကြည့်လိုက်ပါ "Edit with notepad" လို့ပေါ်နေပါလိမ့်မယ်..။