1 Net send command အကြောင်း 21st April 2009, 8:44 pm
sHa92
Founder
net send အကြောင်း ကျနော် သိသလောက် နည်းနည်း ပြောကြည့်ချင်ပါတယ်။
ကျနော်တို့တွေ Network ချိတ်ထားတဲ့ PC တွေ အချင်းချင်းကို Message ပို့မယ်ဆိုပါတော့ဗျာ
အဲဒီလို ပို့တော့မယ်ဆိုရင် တော့ ဒီ net send ဆိုတဲ့ command လေးက တော်တော် အသုံးဝင်ပါတယ်ဗျာ
[You must be registered and logged in to see this image.]
Message ပို့လိုက်ပြီဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်းလေး Message က ပြပါတယ်
အဲဒီ net send ဆိုတဲ့ command ကို သုံးဖို့ရာအတွက် service တစ်ခု ဖြစ်တဲ့ messenger service ကို သုံးချင်တဲ့ PC တိုင်းမှာ ဖွင့်ပေးထားရပါမယ်။
start > run > services.msc ကနေ messenger ဆိုတာရဲ့ Properties မှာ auto လို့ဖွင့်ပေးလိုက်ပါ
ပြီးရင် start>run>cmd ကိုရိုက်ပြီးတော့ net start messenger ဆိုပြီးရိုက်ထည့်ပေးပါ
net send ရဲ့ အသုံးပြုရမယ့် syntax ကို သိချင်ရင်တော့ DOS ထဲမှာဘဲ net send ? ဆိုပြီးရိုက်ထည့်ကြည့်ပါ
အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်

ဥပမာ ပို့မယ့် စက်နံပါတ်က PC1 ဆိုပါတော့
PC1 ဆိုတာရဲ့နေရာမှာတော့ ကိုယ်ပို့မယ့် စက်ရဲ့ နာမည်
Hello!!! ဆိုတာရဲ့နေရာမှာ ကိုယ်ကြိုက်တဲ့ စာသား
အဆင်ပြေမယ်လို့ထင်ပါတယ်
Note: the option "NET SEND" is NOT available in Windows 95, Windows 98, Windows Me And Windows Vista.

- Code:
net send PC1 Hello!!!