it copy and paste
mgy.exe ကြောင့် အဆင်မပြေဖြစ်နေသူများ ခင်ဗျာ အောက်တွင် ဖော်ပြထားသောနည်းအတိုင်း ဖြေရှင်းကြည့်ကြပါအုန်း။ ကျွန်တော့်စက်မှာလည်း mgy.exe ဝင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီလိုဖြေရှင်းခဲ့ပါတယ်။
mgy.exe ဗိုင်းရပ်စ် ဝင်ရောက်လာပါက။
အရင်ကြုံဖူးသမျှ ဗိုင်းရပ်စ်တွေ၏ လုပ်ရိုးလုပ်စဉ်အတိုင်း Task Manager, Folder Options, registry, command prompt, Search Menu တို့ကို ဝင်လို့မရအောင် ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် msconfig ကိုခေါ်လိုက်ပါက System Configuration Box ကျမလာဘဲ Windows Log အဖြစ် ကျသွားပါသည်။ သူချမ်းသာပေးထားတာဆိုလို့ Group Policy (gpedit.msc) တစ်ခုကိုပဲ ချန်ထားခဲ့ပါတယ်။ အဲဒါနဲ့ gpedit.msc ပွင့်နေရင် အပေါ်က ပိတ်ထားတာတွေ အေးစေးပဲ ငါပြန်ဖွင့်နိုင်မှာပါဆိုပြီး gpedit ကနေ အကုန်လိုက်ပြင်ပါတယ်။ ပြင်ဆင်မှုက လုံးဝ အကျိုးသတ်ရောက်မှု မရှိပါ။ အဲဒီမှာပဲ တေပြီ ဆရာ... ဖြစ်ခဲ့ရပါတယ်။
Anti-Virus Killer များဖြင့် စစ်ဆေးသည့် အခါ။
mgy.exe ကို Symantec, Norton, Kaspersky နဲ့ တခြား Anti-Virus Killer တော်တော်များက သူ့ကို ဗိုင်းရပ်စ်အဖြစ် မသိသေးကြပါဘူး။ (ချွင်းချက်- ယခု ကျွန်တော် စာရေးသားနေသည့် အချိန်အထိပေါ့)။ ဒါကြောင့် mgy.exe က ပြည်တွင်းလုပ် ဗိုင်းရပ်စ် အမျိုးအစားဖြစ်လောက်တယ်လို့ပဲ ထင်မှတ်ရပါတယ်။
mgy.exe ဝင်ရောက် သွားသော နေရာများ။
mgy.exe သည် HardDisk Partition (C:,D:,E:) ပိုင်းထားသည့် အပိုင်းတိုင်းတွင် autorun.inf, autorun.inf.vir, mgy.exe ဆိုပြီး Run နေပါလိမ့်မည်။ Windows ၏ System32 အောက်တွင်လည်း mgy.exe နှင့် C:\WINDOWS\system32\{271287-000021-100287-705016} အောက်တွင်လဲ smss.exe, crss.exe နှင့်တခြား system file များ run နေပါသည်။
ဒါဆို ဒီ mgy.exe ကို ဘယ်လိုရှင်းမလဲ။
ကျွန်တော် ကတော့ အရင်ဦးဆုံး စက်ကို Safe Mode နဲ့တက်ပါတယ်။ အထက်တွင် ရေးပြခဲ့သော နေရာများတွင် mgy.exe တွေကို မြင်နိုင်ဖို့အတွက် Folder Options ကို အရင်ဦးဆုံး ဖော်ပေးရပါတယ်။ Folder Options ကို gpedit ထဲကနေ ဖော်ကြည့်ပါတယ်။ အဆင်မပြေပါ။ အဲဒါနဲ့ Registry ထဲကို ဆက်နိုက်မယ်ဆိုပြီး start ထဲက run မှာ regedit လို့ရိုက်လိုက်ပါတယ်။ အဲဒီမှာ ကျလာတဲ့စာက - >>>
Registry Editor has been disabled by administrator.
တဲ့...... အဲဒီတော့ တခါပြန်ပြီး gpedit ထဲကနေ registry ကို ပြန်သုံးလို့ရအောင် ပြင်ကြည့်ပါတယ်။ ဘာမှ ထူးမလာပါ။ တွားပြီ။ ဘာဆက်လုပ်ရမလဲ။ မသိတော့ဘူး။ အဲဒီတော့ လုပ်စရာတစ်ခုပဲ ရှိတော့တယ်။ မသိရင် မေးနေကြ Google ကိုပဲ အားကိုးပြီး ရှာလိုက်ပါတယ်။ တွေ့ပါပြီ.... တကယ်လို့များ registry ကို gpedit ထဲကနေ ပြန်ဖွင့်ကြည့်လို့မရရင် start ထဲက run ထဲမှာ -
REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f
လို့ရိုက်ထည့်လိုက်ပါတဲ့။ ပြီးရင်တော့ run ထဲကနေ regedit လို့ရိုက်ပြီး Registry ထဲကို ဝင်ပြင်လို့ရပါပြီ။
Folder Options ပြန်ဖော်ဖို့အတွက် Registry မှာ အောက်တွင် ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း သွားပေးပါ။ >>>
HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\Explorer
ရောက်လျင်ဖြင့် သူ၏ Right-Side Panel ဘက်တွင် NoFolderOptions ဆိုတဲ့ DWORD Value Name ကို တွေ့ပါမည်။ အဲဒါကို Delete လုပ်ပြစ်ပါ။ ပြီးရင်တော့ Tools Menu ထဲတွင် Folder Options ပြန်ပေါ်နေပါပြီ။
Folder Options ထဲက ဗိုင်းရပ်စ်ဝင်လျင် ဖော်နေကြအတိုင်း Show Hidden, Hide extension, Hide Protected Operating System တို့ကို အမှန်ခြစ်တွေ ဖြုတ်ထားလိုက်ပါ။ ပြီးရင် C:, D:, ရှိသမျှ partition တွေထဲမှာ autorun.inf နှင့် mgy.exe ကိုတွေ့မြင်ရပါပြီ။
mgy.exe ကိုမြင်ရပြီးဆိုတော့ သတ်ဖို့ပဲ ကျန်တယ်။ ဒီတိုင်းတော့ သတ်လို့မရဘူး။ သူတို့တွေရဲ့ process တွေကို လျင်လျင်မြန်မြန်ပိတ်နိုင်မှ ရမယ်။ Run နေတဲ့ Process တွေကို ကြည့်ဖို့အတွက် Task Manager က ဗိုင်းရပ်စ်ကြောင့် ခေါ်လို့မရဘူး။ အဲဒီအတွက် တခြား Thirt Party Software တစ်ခုကို အသုံးပြုရပါတယ်။ ကျွန်တော်ကတော့ Task Killer ကို အသုံးပြုပါတယ်။
စာဖတ်သူလည်းလိုအပ်ရင် ဒီကနေ ယူပါ။
Task Killer ကို Install လုပ်လိုက်ရင် အရိုးခေါင်းပုံစံ Icon လေးကို Double Click နှိပ်ပြီး Run လိုက်ပါတယ်။ Task Bar ရဲ့ ညာဘက်ခြမ်းမှာ run နေတာကို တွေ့ရပါမယ်။ အဲဒီ အရိုးခေါင်းပေါ်မှာ Click နှိပ်။ Process ကိုရွေးကြည့်လိုက်ရင် Run နေတဲ့ Process တွေထဲမှာ mgy.exe, smss.exe, crss.exe စတာတွေကို Right Click နှိပ်ပြီး Unload လုပ်ပြစ်ရပါမယ်။ ဤလုပ်ဆောင်ချက်ကို လျင်မြန်မြန်ပြုလုပ်ပေးဖို့တော့ လိုပါတယ်။ ထိုသို့ ပြုလုပ်ပြီးတာနဲ့ တပြိုင်နက်ထဲ C:\, D:\ အောက်တွေမှာ run နေတဲ့ autorun.inf နှင့် mgy.exe ကို သေသေချာချာ ဖျက်ပါ။ ပြီးတော့ C:\WINDOWS\system32\mgy.exe နဲ့ C:\WINDOWS\system32\{271287-000021-100287-705016}\ အောက်မှာ ရှိတဲ့ system files တွေ အားလုံးကို ဖျက်ပြစ်လိုက်ပါ။ ဒီထက်ပိုပြီး သေချာသွားအောင် Registry ထဲရှိ Find ကတဆင့် mgy.exe လို့ရိုက်ပြီး ရှာပါ။ ပြီးရင် Delete လုပ်ပါ။ ဆက်ပြီးတော့ run တွင် msconfig လို့ရိုက်ပါ။ System Configuration ကျလာရင် Startup Tab ထဲက mgy.exe ကို ရှာပြီးဖြုတ်ပါ။ စက်ကို Restart ချပေးလိုက်ပါ။ ကဲ... ဘယ်လိုလဲ.... mgy.exe နဲ့ပတ်သက်ပြီး ခေါင်းခဲစရာလိုသေးလား... မြန်မာအိုင်တီမန်း(မန္တလေး)
Reference By:
- Code:
http://nyinyi.myanmarbloggers.org and http://www.askvg.com and [You must be registered and logged in to see this link.]