1 Please Help Me! [Problem] 27th September 2009, 6:07 pm
kolynn
MITR New User
ကျွန်တော်တို့ ရုံးက စက်တွေမှာ ၀င်နေတဲ့ အကောင်တစ်ကောင်ပါ...
Virus လား, Trojan လား .. ဘယ်လိုနာမည်တပ်ရမလဲတော့ မသိဘူးဗျာ...
အွန်လိုင်းပေးမသုံးတော့ Windows ရဲ့ Messenger ဆားဗစ်ကနေ Internal Communication အတွက် သုံးပါတယ်... အဲဒီကနေပြန့်တတ်သလားတော့ မသိဘူးခင်ဗျ...
သူက စက်ရဲ့ ဖိုဒါတိုင်းမှာ readme.eml တို့ ၊ နောက်တစ်ခါ စက်ရဲ့ Hostname.eml စသည်ဖြင့် ဖိုင်တွေအများကြီးဝင်နေတယ်...
စက်တစ်လုံးဆိုရင် ဗိုင်းရပ်စစ်လိုက်တော့ တင်ထားတဲ့ Application မှန်သမျှရဲ့ EXE ဖိုင်မှန်သမျှကို Antivirus က ဗိုင်းရပ်ပါဆိုပြီး သတ်ပဲ သတ်ခိုင်းနေတယ်... အဲဒါနဲ့ အရင် Avast နဲ့ စစ်ကြည့်တယ်... မဖျက်ပစ်သေးပဲ Avast ကို ဖြုတ်ချပြီး NOD32 နဲ့ ပြန်စစ်တော့လည်း အတူတူပဲ... EXE မှန်သမျှကို ဗိုင်းရပ်ဆိုပြီး သတ်ခိုင်းတယ်...
ဗိုင်းရပ်မသတ်သေးပဲ စက်ရဲ့ Driver အခွေမရှိလို့ Driver Backup လုပ်ပြီး ၀င်းဒိုးအသစ်တင်လိုက်တယ်... နောက်တစ်ခြား Application တွေတင်ပြီး Antivirus နဲ့ Scan ပြန်စစ်တော့ အသစ်တင်ထားတဲ့ Application မှန်သမျှ ခုနလိုပဲ EXE ဖိုင်မှန်သမျှအကုန်လုံးကို Virus Alert တက်လာတယ်.... ဘာဆော့ဝဲလ်မှ သုံးမရတော့ဘူး... မထူးတော့တာနဲ့ စက်ထဲရှိသမျှ .exe ဖိုင်မှန်သမျှ အကုန် စစ်.. ဖျက်ပြီးတော့မှ ဖောမတ်ချ.. ၀င်းဒိုးပြန်တင်လိုက်ရတယ်...
နောက်အလုံးတွေမှာ ဖွင့်ထားတဲ့ Messenger ဆားဗစ်တွေ အကုန် Disabled လုပ်ထားသော်လည်း...
[You must be registered and logged in to see this image.]
ဒီပုံမှာပြထားသလို မက်ဆေ့ခ်ျတွေ ခဏ ခဏ တက်နေတယ်...
ဘယ်လိုရှင်းရမလဲဆိုတာ ကူညီကြပါဦး...