1 Data တွေခြေရာဖျောက်ကြရာဝယ် [Guide] 27th February 2010, 5:15 pm
mars
Moderator
ဒီဖိုရမ်ရဲ့ သူငယ်ချင်းများအတွက် ကျနော်သိထားတဲ့ အချက်လေးတစ်ချက်ကို ပြောပြပါရစေဗျာ... အဲဒါကတော့ လူတိုင်းသိပြီးသားအချက်တစ်ခုပါပဲ... ဒါပေမယ့် ကျနော်နဲ့ အတူတူတွဲလုပ်နေကြတဲ့ သူငယ်ချင်းတချို့ သတိလက်လွတ်ဖြစ်နေခဲ့တာကို တွေ့လို့ ကျနော်ဒီဖိုရမ်သူငယ်ချင်းများလည်း အဲလိုလူတွေထဲက တစ်ယောက်တစ်လေများပါခဲ့ရင်ဆိုပြီး ဒါလေးကိုရေးလိုက်တာပါ... ဒါကတကယ်တော့ ဘာမှမဟုတ်ပါဘူး... သတိလွတ်ခဲ့ရင်ခံလိုက်ရတာပါပဲ... အရာရာသတိလေးထားတတ်ဖို့ပါ... ကျနော်စကားရှည်နေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး... ကျနော်ပြောချင်တာက ကျနော်တို့ရဲ့ Data တွေကို တခြားသူတွေမသိစေမမြင်စေချင်တာ ကတော့လူတိုင်းပဲထင်ပါတယ်... အေး .. သိစေချင်တဲ့ကိစ္စမျိုးဆိုရင်တော့ တစ်မျိုးပေါ့... အဲဒါကြောင့်လည်း ကျနော်တို့တွေ Hidden လုပ်လို့ရတဲ့ဟာတွေနဲ့ အကုန် လုပ်ပြီးအသုံးပြုလာကြတာပဲလေ... အဲဒိအခါမှ ကိုယ်တိုင်လညး်မသိမ်းချင်သူများသိမှာလညး်စိုးတဲ့အခါမျိုးတွေကျတော့ Delete လုပ်ကြပါတယ်... Delete ဆိုရင် Recyle Bin ထဲမှာသွားပြီးပြန်ရှာလို့ရမှန်းသိကြပါတယ်... အဲဒိအခါကျတော့ ကျနော်တို့က ဘာတွေသုံးလာလဲဆိုတော့ Shift+del ကိုသုံးလာတယ်လေ.. ဒါပေမယ့် အခုနောက်ပိုင်းမှာ shift+del တင်မကဘူး... format ရိုက်ထားတဲ့ထဲကပါ Data တွေကို ကူးလာကြတော့ ကျနော်တို့အတွက ်သိပ်မလုံခြုံသလိုဖြစ်လာတယ်... တစ်ချို့တွေဆို အဲဒိလိုကနေ သတင်းတွေပေါက်ကြားမှုတွေဖြစ်လာတယ်... ဒီဘက်မှာတော့ အများဆုံးဖြစ်တာက ဖုန်းကင်မရာတွေကနေ ကိုယ့်ဘသာကို ပေါက်ကရပုံလေးတွေ ၊ movie တွေအပျော်ရိုက်ရင်းကနေ နောက်တော့ မလိုချင်တော့ Del လုပ်ပြီးထားလိုက်ပေမယ့် software တွေကတဆင့် အွန်လိုင်းတွေပေါ်ကိုရောက်လာကြပါရောဗျာ... တဖြည်းဖြညး် မိုးဟေကိုရောက်တော့မယ်.. ကဲထားပါ... အခုကျနော်ပြောချင်တာကိုပြောတော့မယ်.. ဘာလဲဆိုတော့ အဲလိုတွေမဖြစ်အောင်လုပ်လို့ရတဲ့တစ်နည်းတော့ရှိတယ်.. သူကခြေရာဖျောက်တဲ့ဟာ.. ဒါပေမယ့် ကိုယ့်မှာ လက်ခံတစ်ခုအနေနဲ့ကတော့ သိမ်းဖို့ကတော့ တစ်ခုခုတော့ရှိထားမှရမယ်နော်.. ကိုယ်ပိုင် pc ၊ laptop ၊ Extra HDD ၊ Flash Drive စသည်ဖြင့်ပေါ့... အဲဒါမှရမယ် .. ဘာလဲဆိုတော့ ဟီးဟီး မဆဲကြနဲ့နော်... Cut လုပ်ပါတဲ့ဗျာ... Cut လုပ်ပေးပါတဲ့.. တစ်နေရာကနေတစ်နေရာကို ကူးမယ်ဆို အဲဒိနေရာမှာခြေရာပျောက်အောင် Cut လုပ်လုပ်ပြီး သွားပါတဲ့... သူကနောက်ဆုံးတစ်နေရာအတွက်တော့ သိမ်းစရာလိုမယ်လေ.. ဒါပေမယ့် သူသွားခဲ့တဲ့လမ်းကြောငး်တစ်လျှောက်ကိုတော့ ဘယ်ခြေရာမှမကျန်စေရပါဘူး... ရှာလို့ရတယ်ဆိုတဲ့ software လည်းကျနော်အခုထိတော့မကြားမိသေးဘူးဗျာ.. အကယ်၍ရှိတယ်ဆိုရင်လည်း မျှနော်... ကျနော်ကတော့ မသိသေးလို့... ဒီနည်းလေးကိုတော့ သိပြီးသားလူတွေချညး်ပါပဲ.. ဒါပေမယ့် ပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို့ Post တစ်ခုအနေနဲ့ရေးပေးလိုက်တာပါ...
အဲဒိတော့ ဘယ်လိုတွေရှောင်ရမယ်.. ဘယ်လိုတွေကို ဆောင်ရမယ်ဆိုတာကတော့ သိပြီပေ့ါနော်....
အဲဒိတော့ ဘယ်လိုတွေရှောင်ရမယ်.. ဘယ်လိုတွေကို ဆောင်ရမယ်ဆိုတာကတော့ သိပြီပေ့ါနော်....