[You must be registered and logged in to see this image.]
မန္တလေးမြို့မှာဦးဇင်းအနေနဲ့ သံဃာတော်များ အတွက်အခမဲ့ကွန်ပျူတာသင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့တာ အဓိက သင်တန်းချိန်များ စက်များကိုကူညီပေးသူ ဦးရဲဝင်းနောင်(Pro-Tech) ကွန်ပျူတာစင်တာမှဖြစ်ပါတယ်။ ဦးရဲဝင်းနောင် အခုလိုသင်တန်းချိန်များလှူဒါန်းခဲ့တာ
တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သင်တန်းချိန် များနေ့လည် (၁)နာရီမှ(၃) နာရီအထိ သင်တန်းချိန်အဖြစ်သင်တန်းခန်းမဆောင်နှင့် စက်များကိုအသုံးပြုခွင့်ပေးထားခဲ့ပါတယ်။
မီးကမလာတလည့် ပျက်တစ်လှည့်ဆိုတော့ မီးစက်ဆီအတွက်အလှူရှင်များ ကနေပံ့ပိုးပေး
ပြီးသင်ကြားပေးရတာဖြစ်ပါတယ်။ သင်တန်း ဆရာ အဖြစ် မန္တလေးမြို့မြင်းဝံမင်းကြီးတိုက်မှ ဦးပညာဝံသမှ သင်ကြားပေးခဲ့ပါတယ်။ သင်တန်းအမှတ်စဉ်(၅)အတွက်ကတော့ကိုရီးယားနိုင်ငံ မှမစန်းစန်းဝင်းတို့သူငယ်ချင်းတစ်စုမှလှူဒါန်းခဲ့ကြပြီး ယခုအမှတ်စဉ် (၆) လည်ပတ်နိုင်ရန် သင်တန်းသားများအတွက်လိုအပ်သောစာအုပ်များ ကို မနီလာအေး (မန္တလေး)မှလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့ဘယ်လိုအခက်အခဲတွေပဲရှိပါစေ သင်တန်းများကို အချိန်ပေးပြီးကူညီစောင့်ရှောက်ပေးနေကြသော ဦးရဲဝင်းနောင်နှင့် ဦးပညာဝံသတို့အပါအ၀င် အခြားအလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်စွာဖြင့် နေ့စဉ်
ဆုတောင်းမေတ္တာများပို့သလျှက်ရှိပါတယ်။
သင်တန်းအမှတ်စဉ်(၆) အား ၁၃၇၁ ခု နတ်တော်လဆန်း(၁)ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ၁၃၇၁ ခု တပိုတွဲလဆန်း (၆) ရက်အထိသင်ကြားပေးခဲ့ပါတယ်။
Credit to kovida.multiply.com

No Comment.