1 မြန်မာနိုင်ငံ၌ CWNA အောင်မြင်သူထွက်ပေါ်လာ 13th March 2010, 8:27 pm
mars
Moderator
ကမ္ဘာပေါ်တွင် Wireless နည်းပညာနှင့်ပတ်သက်သော ကျွမ်းကျင်အသိအမှတ်ပြု CWNP (Certified Wireless Network Professional) ကို မြန်မာနိုင်ငံတွင် ပထမဆုံးဖြေဆိုအောင်မြင်သူ ပေါ်ထွက်လာကြောင်းသိရသည်။ CWNP ကို ပထမဆုံးဖြေဆိုအောင်မြင်သူမှာ ကိုကျော်မင်းနိုင် ဖြစ်ပြီး M.S.T Computer ၏ ပထမဆုံးတန်းခွဲတွင် တက်ရောက်သင်ယူခဲ့သူဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဖြေဆိုအောင်မြင်ခဲ့သူ ကိုကျော်မင်းနိုင် အောင်မြင်ခဲ့သောဘာသာရပ်မှာ PWO-104 ဖြစ်သည်။ CWNP ဘာသာရပ်များတွင် PWO-104, PWO-070, PWO-200 ဟူ၍ ဘာသာရပ်များရှိပြီး ကြိုက်နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်ဖြေဆိုနိုင်ကြောင်း သိရသည်။ PWO-070 သည် CWTS Technology Specialist, PWO-104 သည် CWNA Network Administrator နှင့် PWO-200 သည် CWSP Security Professional တို့ဖြစ်သည်။ “ယနေ့တိုးတက်ပြောင်းလဲလာတဲ့ ကြိုးမဲ့ Wireless ကွန်ရက်တွေ၊ RF signal, Wireless Architecutre, Standards, Antenna & Wireless Accessories, Wireless Survey အကြောင်းတွေကို အဓိကထားပြီး ဖြေဆိုရတာပါ။ Wireless Security ကိုလည်း အထူးပြုထားတာ တွေ့ရပါတယ်။ M.S.T Computer Centre မှာ စာတွေ့လက်တွေ့သင်ခဲ့ပြီး MCSE နဲ့ CCNA လည်း အောင်မြင်ပြီးပြီဖြစ်ပါတယ်” ဟု ကိုကျော်မင်းနိုင်မှ အင်တာနက်ဂျာနယ်သို့ပြောသည်။ CWNP ဘာသာရပ်မှာ နိုင်ငံတကာအသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း အောင်လက်မှတ်တစ် ခုဖြစ်သလို Wireless နည်းပညာများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ စုံလင်စွာလေ့လာမှသာ ဖြေဆိုနိုင်သည့်ဘာသာရပ်ဖြစ်ကြောင်း သိရသည်။ ကိုကျော်မင်းနိုင်သည် Exam ကို Myanmar Inspirations အွန်လိုင်းစာမေးပွဲစင်တာတွင် ၀င်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။
Ref: myanmarinternetjournal
Ref: myanmarinternetjournal