Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကျနော်တို့ ဒီနေ့ (တနင်္ဂနွေနေ့)မှာ ကျနော်တို့ရဲ့ ဖိုရမ်ကို အများပြည်သူများ ပိုမိုသိရှိလာစေဖို့အတွက် ၊ ယခုလက်ရှိပြုလုပ်နေတဲ့ Barcamp Yangon 2009 ပွဲမှာ ၀င်ရောက်ပြသဖို့ အတွက် မနေ့ညက တိုင်ပင်ဖြစ်ခဲ့ပါတယ်။
တိုင်ပင်ထားတဲ့ အတိုင်းလည်း အကောင်းဆုံးပြင်ဆင်လိုက်နိုင်ပါတယ်။
မနေ့ညက အချိန်မလောက်တော့တာနဲ့ တိုင်ပင်ရုံတိုင်ပင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှ လုပ်စရာရှိတာ အားလုံးကို အလောတကြီးလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပန်ဖလတ် ဆိုလည်း ကျနော် ရယ် ၊ alt.332 ရယ် ၊ ကျော်ခိုင် (Member တစ်ဦး) ရယ်ကနေပြီးတော့ မနက် ၁၀ နာရီကမှ လှည်းတန်းမှာ သွားရိုက်ခဲ့ရတာပါ။
ပြီးတော့ ပါဝါပွိုင့်များကိုလည်း နေ့လည် ၁၂ နာရီမှ ပြင်ဆင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အချိန်မရလို့ ရသလောက် အခြေအနေနဲ့ ပြင်ဆင်ပြီး အကောင်းဆုံး တင်ဆက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာဆိုရင် အဓိကလိုတာကတော့ Presenter ပါ။
Presenter ကိစ္စကို ကျနော်တို့ အတော်လေးကို ခေါင်းစားခဲ့ရပါတယ်။
ကျနော်ဆိုရင်လည်း ပထမဆုံး အတွေ့အကြုံဆိုတော့ မပြောရဲ ၊ Attacker ဆိုလည်း မပြောရဲနဲ့ တော်တော်လေး ခေါင်းစားခဲ့ရတာပါ။
နောက်ဆုံးမှာတော့ မပြောလည်း မပြီးမယ့်အတူတူ အားလုံး တိုင်ပင် ပြောကြမယ်ဆိုပြီး ဆုံးဖြတ်ချက် ချဖြစ်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ ပွဲလေးဟာဆိုရင် နေ့လည် ၂ နာရီမှာ စတင်ပါတယ်။
ကျနော်တို့ရှေ့မှာဆိုရင် Ubuntu ပွဲပါ။ တကယ့်ကို အောင်မြင်တဲ့ပွဲပါ။ ကြိတ်ကြိတ်တိုး စီကားလှပါတယ်။ မတ်တပ်ရပ်တင် တော်တော်များခဲ့ပါတယ်။
ကျနော်တို့ အတော်ကို ကြောက်နေခဲ့တာပါ။
ကျနော်တို့နဲ့ အချိန် အပြိုင်အဖြစ် MYID မှ WEP Hack (ကို ဇူးဇူး) ၊ Unicode (ကို ငွေထွန်း) စတာတွေ ရှိနေပါတယ်။
သူတို့ဟာဆိုရင် တကယ့်ကို နာမည်ကြီးပြီးသား နာမည်ရှိပြီးသား လူတွေဖြစ်လို့ ၊ သူတို့ပွဲတွေကိုဘဲ လူသွားပြီး ၊ ကျနော်တို့ဆီကို လူမလာမှာ အတော်ကို စိုးရိမ်ခဲ့ရတာပါ။

အဲလိုနဲ့ Ubuntu Show လည်းပြီးရော ကျနော်လည်း စက်ဆင်ဖို့ အပြေးဝင် လုပ်စရာရှိတာ လုပ်နေလိုက်ပါတယ်။ လူလာမယ် မလာဘူး စိတ်မပူအားပါဘူး။
စက် ဆင်ဖို့ ဇော ကပ်နေလို့လေ။ Very Happy
နောက်တော့ စက်လည်း ဆင်ပြီးသွားရော ၊ ဘေးဘီ လှည့်ကြည့်လိုက်တာ ထိုင်ခုံပြည့်ဖြစ်နေပါရောလား။ ကျနော်ဆို တော်တော်တောင် လန့်သွားပါတယ်။ အဲလောက် လူအများကြီး ရှေ့ ငါ ပြောများ ပြောနိုင်ပါ့မလား ဆိုပြီးတော့ပေါ့။ မတတ်နိုင်ဘူး ပြောတော့ ပြောရမှာဘဲဆိုတဲ့ စိတ်နဲ့ ပြန်တင်းနေခဲ့ရပါတယ်။

ဆက်ပါဦးမယ်။ (လောလောဆယ် File တွေ ဒေါင်းလုဒ်ဆွဲနေလို့ ၊ သတင်းဦး ဖတ်ချင်တဲ့သူတွေကို အခု ပြီးပြီးချင်းလာပြောတာ။)
ဆက်ဦးမယ်နော်။ ခဏစောင့်....

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ပုံတွေတင်နေတာ။
ဒီမှာက ဒေါင်းခွင့်တော့ရှိပြီး အပ်လုဒ်ပေးမတင်ဘူးဂျ။
အပြင်ရောက်မှ တင်ပေးပြီး ဆက်ရေးတော့မယ်။
လောလောဆယ်တော့ လစ်ပြီဗျို့။

အောင်ပွဲခံ စားပွဲလေးကျင်းပရဦးမယ်။ ဟီးဟီး
ဟိုကောင်တွေကတော့ သွားစားနေပြီ။

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
တခြားသတင်း အရင် မရေးခင် ဒီပွဲအပြီးမှာ ဖြစ်ပေါ်လာတဲ့ ကျနော့် ရဲ့ Personal ခံစားချက် ၊ အတွေ့အကြုံလေးကို နည်းနည်းလောက် မျှဝေချင်ပါသေးတယ်။

ဒီပွဲမစခင် ဘာဖြစ်လဲ
၁- ကိုယ့်ကိုကိုယ် မယုံကြည်ဘူး။
၂- ဖိုရမ်အနေနဲ့ ကျနော်တို့ကြောင့် နာမည်မတက်ဘဲ နဲ့ နာမည်ပျက်မှာ ကြောက်နေတယ်။
၃- ဘာမှ အဆင်သင့်မဖြစ်သေးတော့ တော်တော်လေးကို ပျာယာခတ်ခဲ့ရပါတယ်။
၎- မနေ့ကဆို ကျနော် နေမကောင်းပါဘူး ၊ နောက်တော့ ဒီဘက်ကို အပူများသွားတာနဲ့ လူမှာ ပူနေတဲ့ အပူတောင် ဘယ်ရောက်သွားမှန်းမသိရတော့တာပါ.

ပွဲမစခင် ဘယ်လိုကြိုတင်ပြင်ဆင်လဲ
- ဒါကတော့ ရှင်းပါတယ်။ ကျနော်တို့ ဖိုရမ် Admin Team က သူအားလုံး လာရောက်ကူညီပြီး တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ကြရတာပေါ့ဗျာ။

ပွဲစတော့ ဘယ်လိုဖြစ်လဲ
၁- အရမ်းကြောက်တယ်။ လူများတော့ ပိုဆိုးတယ်။ လက်တွေ ခြေတွေ အေးနေတာဘဲ။
၂- စစချင်းကတော့ လူမများဘူး။ နောက်ပိုင်းပိုများလာတယ်။ ထွက်တဲ့သူက ထွက် ၊ ၀င်တဲ့သူက ၀င်နဲ့ ပိုပိုပြီးတော့တော့ များလာပါတယ်။ ထွက်သွားတဲ့သူ ၁ ယောက် ၊ ၂ ယောက် ရှိတာကို မြင်ရတာတော့ ကျနော်လည်း တကယ်စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် အခန်းထဲကလူ ကို ကြည့်တဲ့အခါမှာ ပြန်ပြီးအားတက်လာရပါတယ်။
၃- ပြောရင်းပြောရင်းနဲ့ အရှိန်ရလာတော့ ကြောက်စိတ်လည်း ပျောက်လာပါတယ်။ ပြောချင်တာတွေလည်း အများကြီးဖြစ်လာပါတယ်။ (ဒါပေမယ့် ကံဆိုးတာက အချိန်က သိပ်မလောက်တော့တာ။ Sad)
၎- ပွဲလာတဲ့သူတွေဆီက Feedback ပြန်တောင်းတဲ့အခါမှာလည်း နောက်ထပ်တစ်ကြိမ်လန့်ပြန်ပါသေးတယ်။ Smile
နောက်တော့တော့ ဘာမှ မဖြစ်ဘဲ ပြန်အဆင်ပြေသွားပါတယ်။ Smile

ပွဲပြီးတော့ ဘယ်လိုဖြစ်လဲ
၁- နောက်ထပ် ပွဲတွေကို အရမ်းပြောချင်လာတယ်။ ထပ်ခါထပ်ခါကို ပြောချင်လာတယ်။
၂- ဘယ်ပွဲမှာမဆို ကိုယ်တိုင်ဝင်ပြောချင်စိတ်တွေဖြစ်လာတယ်။
၃- ယုံကြည်မှုအားကောင်းလာတယ်။
၎- တကယ်ဖြစ်တာကတော့ ကိုယ်တိုင်ပါဝင်ဆင်နွှဲတဲ့ ပွဲတစ်ပွဲ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ပြီးသွားတာဆိုတော့ အတိုင်းမသိ ၀မ်းသာ ပီတိဖြစ်ရတာပေါ့ဗျာ။

အဲဒီ့တော့ ကျနော်ပြောချင်တာက
အကယ်လို့ အစ်ကို ၊ အစ်မတို့အနေနဲ့ Presentation ဖြစ်ဖြစ် ၊ အဲလို လူတွေနဲ့ ဆက်ဆံရမယ့် ပွဲတစ်ပွဲပွဲကို မဖြစ်မနေကြုံရတော့မယ်ဆိုရင် မကြောက်ပါနဲ့။
အကောင်းဆုံးပြင်ဆင်လိုက်ပါ။ ပြီးရင် ရင်ဆိုင်လိုက်ပါ။
တကယ်တော့ ပွဲစတုန်းလေးဘဲ ကြောက်စိတ်ဝင်တာပါ။ နောက်ပိုင်း အရှိန်ရလာတာနဲ့ အမျှ စိတ်ပါလာပြီး ပြောလို့ကောင်းလာပါလိမ့်မယ်။
ဒါကတော့ လတ်တလော ကျနော့်ကိုယ်ကျနော် ပြန်သုံးသပ်မိတဲ့ စိတ်လေးပါ။

ကျန်သေးတယ်လို့တော့ထင်တယ်။

http://www.myanmaritresource.info

Min Htun Zaw

Min Htun Zaw
MITR New User



$ƴǩǾ ရဲ့ announcement "http://www.myanmaritresource.info/announcement-f2/barcamp-yangon-2009-mitr-forum--presentation-t2290.htm#11156" ကို ဖတ်ပြီး reply လုပ်ကြည့်တာမရလို့ ဒီမှာ အသစ် ဖွင့်လိုက်တာပါ။

$ƴǩǾ တို့ ပြောတုန်းက ကျွန်တော်ရှိနေပါတယ်။ $ƴǩǾ က ကျွန်တော့်ထက် ငယ်ပေမယ့် ကျွန်တော့်ထက်ပိုလည်း သတ္တိရှိပြီး ပိုလည်း တော်ပါတယ်။ နေ့လည်က ပြောပြသွားတာတွေက အရမ်းကောင်းပါတယ်။ သူငယ်ချင်းကလည်း MITR အကြောင်း အရမ်းစိတ်ဝင်စားနေတာ သတိထားမိတယ်။ ဘားကမ့်ကို ကျွန်တော်လာချင်လို့ သူ့ကို ခေါ်လာတာဆိုတော့ ပျင်းနေမှာစိုးလို့ မေးကြည့်တော့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောတယ်။ MITR ရဲ့ link ကိုလည်း မှတ်သွားတယ်လေ။ ရုံးမှာအားရင် member ၀င်ဖြစ်မယ်နဲ့တူတယ်။

ကျွန်တော်တို့နှစ်ယောက်လုံး အစက MITR ကို ကြားတောင် မကြားဖူးပါဘူး။ နေ့လည်က $ƴǩǾ တို့ knowledge sharing လုပ်တာကောင်းလို့ စိတ်ဝင်စားပြီး ကျွန်တော်ဆို member ၀င်ပြီးသွားပါပြီ။

presentation လုပ်ရတဲ့ feeling နဲ့ experience ကို မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လူကြောက်တတ်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်လေး အကျိုးရှိပါတယ်။ MITR ရဲ့ အသင်းသားဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နောက်ကို volunteer လုပ်နိုင်အောင်လည်း ကြိုးစားသွားဦးမှာပါ။

solakoko

solakoko
Moderator



Moderator
ဟုတ်ပါ့
ကျနော်လဲ ၀မ်းသာကြောင်း reply လုပ်လို့ မရလို့ ..
$ƴǩǾ တင်ပြသွားတဲ့ဟာတွေကို ပဲတစ်ခုပြီး တစ်ခုဖတ်ခဲ့ရတယ်
အခု မှာ ပဲ..
Cheer!


:cheer

mars

mars
Moderator



Moderator
solakoko wrote:ဟုတ်ပါ့
ကျနော်လဲ ၀မ်းသာကြောင်း reply လုပ်လို့ မရလို့ ..
$ƴǩǾ တင်ပြသွားတဲ့ဟာတွေကို ပဲတစ်ခုပြီး တစ်ခုဖတ်ခဲ့ရတယ်
အခု မှာ ပဲ..
Cheer!

:cheer
$ƴǩǾ ညီလေးရေ .... ညီလေးရေးသလို ပွဲမစခင်ကနေစပြီး ဖြစ်သမျှ ကြုံသမျှလေးတွေကို အသေးစိတ်လေးရေးပေးပါ... အကိုတို့လို မလာဖြစ်တဲ့ လူတွေ မလာနိုင်တဲ့လူတွေလည်း ပျော်လို့ရအောင်... ခံစားချက်လေးတွေ မြန်မြန်ဝေမျှပေးပါလို့... အဲဒိပို့စ်ကို ဘယ်တော့ထပ်ပြီးတတ်လာမလဲဆိုပြီး စောင့်ဖတ်နေတာ.. :find :exercise :exercise :clap :clap :group

http://sidnaing.co.cc/

moeyake

moeyake
Moderator



Moderator
$ƴǩǾ ညီလေးရေ .... ညီလေးရေးသလို ပွဲမစခင်ကနေစပြီး
ဖြစ်သမျှ ကြုံသမျှလေးတွေကို အသေးစိတ်လေးရေးပေးပါ... အကိုတို့လို
မလာဖြစ်တဲ့ လူတွေ မလာနိုင်တဲ့လူတွေလည်း ပျော်လို့ရအောင်...
ခံစားချက်လေးတွေ မြန်မြန်ဝေမျှပေးပါလို့... အဲဒိပို့စ်ကို
ဘယ်တော့ထပ်ပြီးတတ်လာမလဲဆိုပြီး စောင့်ဖတ်နေတာ..
ဟုတ်တယ်ဗျို့
အကို $ƴǩǾ တို့၊ ကို attacker တို့ပြန်ဖောက်သည်ချမှ ဖတ်ရမှာ။ နော်....ပါ။ (ဖြစ်နိုင်ရင် ပွဲတစ်ခုလုံးကို မျက်စိထဲမြင်အောင်ရေးပေးပါနော်)

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့။ ပွဲတစ်ခုလုံး မျက်စိထဲမြင်အောင် ဒီ Topic ကော ၊ ကျနော် မနေ့က ရေးခဲ့တဲ့ဟာကောကို ပေါင်းလိုက်ပါမယ်။
ပြီးရင် ပြည်တွင်းသတင်းZone ထဲထည့်လိုက်မယ်။
မနေ့က အပျော်လွန်ပြီးတော့ ကျနော်လည်း ရေးချင်တဲ့ထဲ ကောက်ရေးလိုက်တာဟီး။

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
မနေ့ညက ကျွန်တော်လည်း အပေါ်က သတင်းလေးတွေကို ဟိုကောင်တွေ အောင်ပွဲခံနေတုန်း MCPA ရုံးခန်းထဲမှာ နေခဲ့ပြီး တင်ပေးထားတာ။ နောက်တော့ ကျွန်တော်လည်း သူတို့နောက်လိုက်သွားပြီး မောင် alt လေးနဲ့ ပါသွားလို့ Online ပြန်မ၀င်ဖြစ်လိုက်ဘူး။ ဟိဟိ။

ဒီနေ့တော့ နည်းနည်းချင်းစီ ပြန်တင်ပေးသွားပါမယ်။

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျွန်တော့်အနေနဲ့ အပျော်တွေကို မရေးခင် ၊ တောင်းပန်သင့်တာ တစ်ခုကို အရင်ဆုံးတောင်းပန်ချင်လို့ပါ။

မနေ့ကတော့ Bar Camp မှာ Forum အကြောင်းမိတ်ဆက်တာ အောင်အောင်မြင်မြင်ပြီးသွားလို့ အပျော်လွန်ပြီး ပြောသင့်တာ မပြောမိခဲ့ဘူး။
မနေ့က ကျွန်တော်တို့ Bar Camp မှာ Presentation (Discussion) လုပ်ရာမှာ အစစအရာရာ တော်တော်လေး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ပွဲစတဲ့ အချိန်ကစလို့ ပွဲပြီးတဲ့ အချိန်ထိပေါ့ဗျာ။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုတော့ ဖြစ်ခဲ့ရပါသေးတယ်။
ကျွန်တော်တို့ အနေနဲ့ အဓိကကတော့ မြန်မာလူမျိုးများအားလုံးအတွက် မည်သည့်နည်းပညာကို မဆို လွတ်လပ်စွာ အလွယ်တကူ ရရှိနိုင်စေရန် ရည်ရွယ်ပြီးတော့ လုပ်ဆောင်နေကြတာပါ။
အဲဒီ့ စိတ်ဓါတ်ကြောင့်လည်း မနေ့က Bar Camp မှာ ပြောနေရင်းနဲ့ ကျွန်တော်ကော Attacker ကော ၊ အရှိန်ရလာပြီးတော့ Smile မျှဝေချင်စိတ် ၊ ပေးဝေချင်စိတ်တွေ များပြီး ၊ ဆရာ ဇော်လင်း (Youth) ရဲ့ Website မှ ကျွန်တော်တို့ ၀ယ်ယူထားတဲ့ Premium Account တစ်ခုကို တက်ရောက်လာတဲ့သူတိုင်းကို Password နဲ့ ID မျှဝေဖြစ်လိုက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တကယ်ကို နည်းပညာများကို လွတ်လပ်စွာ ပြန့်ပွားစေချင်တဲ့ စိတ်တစ်ခုထဲနဲ့ ဘာကိုမှ မစဉ်းစားဘဲလုပ်လိုက်တာပါ။ စိတ်တောင် မကူးထား ၊ ပွဲမစခင်ကတည်းက တိုင်တောင် မတိုင်ပင်ထားဘဲနဲ့ ပွဲပြီးခါနီးမှ မျှဝေဖြစ်သွားတာပါ။
ဖြစ်ချင်တော့ ၊ ဟီး ၊ ဆရာ ဇော်လင်း (Youth) ကိုယ်တိုင် ကျွန်တော်တို့ပြောနေတာကို နားထောင်နေပါလေရဲ့ဗျာ။

ကျွန်တော် တကယ်ကို အားနာသွားတာပါ။ တော်တော်လည်း လန့်သွားတယ်။ ကျွန်တော်တို့ကိုများ ထပြီးတော့များ ပြောလေတော့မလား ၊ ဒါမှမဟုတ် ကျွန်တော်တို့ကို စိတ်ဆိုးပြီး ထများ ထွက်သွားလေမလားဆိုပြီးတော့ပါ။
ဒါပေမယ့် ကျွန်တော်တို့ တကယ်ကံကောင်းပါတယ် ၊ ဆရာ က စိတ်ဆိုးတတ်ဘူးဗျ။ သဘောကောင်းတယ်။ ဘာမှ ပြောဘူး ၊ ပြုံးပြုံးလေး ကြည့်နေတာ။ Smile
အဲဒီ့တုန်းကတော့ ကျွန်တော်တို့လည်း ပူထူပြီးတော့ သေချာ မတောင်းပန်ဖြစ်လိုက်ဘူးဗျာ။ စကားနဲ့ တောင်းပန်တယ်ဆိုရုံလောက် တောင်းပန်ဖြစ်ခဲ့တာပါ။
အဲဒီ့အတွက်လည်း ကျွန်တော့်အနေနဲ့ အခု Forum ပေါ်မှာ လူသိရှင်ကြား ထပ်ပြီး တောင်းပန်တာပါခင်ဗျာ။

ကျွန်တော်တို့ရဲ့ ရှေ့နောက်မကြည့်ဘဲ ပညာမျှဝေချင်တဲ့ စိတ်ဓါတ်တစ်ခုတည်းကြောင့် ဆရာ့ ရဲ့ အကျိုးစီးပွား တစ်စုံတစ်ရာများ ထိခိုက်မိလို့ရှိရင် ကျွန်တော်ကဘဲ အားလုံးရဲ့ ကိုယ်စား ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။
ုတကယ်တော့ ကျွန်တော်တို့လည်း အဲလိုလုပ်ဖို့ စိတ်ကူးမရှိဘဲနဲ့ ပွဲပြီးခါနီးမှ လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်။ အဲဒီ့အတွက် ဆရာ့အနေနဲ့လည်း စိတ်မဆိုးဖို့ ထပ်ပြီး တောင်းပန်ပါတယ်။
ဘယ်ကနေ ဘယ်လို ကျွန်တော်တို့ ပွဲအကြောင်းကို ကြားလာတယ်ဆိုတာ မသိပေမယ့် ကျွန်တော်တို့ရဲ့ ပွဲလေးကို အဆုံးထိ တက်ရောက်ပေးလို့လည်း အထူးကျေးဇူးတင်ပါတယ်။

ဒါ့အပြင် အခြားသော Member တွေကိုလည်း ကျွန်တော့်အနေနဲ့ တောင်းဆိုချင်တာ တစ်ခုကတော့ မနေ့က ကျွန်တော်တို့ ပေးလိုက်တဲ့ အကောင့်ကို ထပ်မရှဲပါနဲ့တော့နော် ၊ တစ်ယောက်ထဲ ဒိုင်လျှိုလေး ဖွင့်ပေါ့ နော့်။ Very Happy
ကိုယ်နဲ့ သိတဲ့ မိတ်ဆွေတွေကိုကျတော့ www.myanmaritresource.info မှာ ဘာတွေရတယ်ဆိုတာ ပြောပေးပေါ့။ (ဥပမာ - Downloading Service လိုမျိုး) ပြီးတော့ www.zawlinyouth.com ထဲကို ကိုယ်က Premium Account နဲ့ ၀င်ခဲ့ပြီးတော့ ရလာတဲ့ ပညာတွေ အသိတွေကို ပြောပြ၊ ပြီးရင် အဲဒီ့မှာလည်း အကောင့်ဝယ်လို့ရတယ်ဆိုတာ ပြောပြပေးကြပါလို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။
ပညာရပ်များကိုမျှဝေပေးနေသူများ ကို လေးစားတဲ့ အနေနဲ့ ကျွန်တော်ပြောတာလေးကို မှတ်ထားပေးပါနော်။

ကျွန်တော်တို့အနေနဲ့လည်း ကို ဇော်လင်း (Youth) ကို ထပ်ပြီးတော့ တောင်းပန်ပါတယ်ဗျာ။ (((ရှိနေမှန်းမသိလို့ပါ ဟီး။ ရှိနေမှန်းသိရင် အဲလိုလုပ်ပါဘူး။ Smile)))

ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ကလည်း စေတနာဇောနဲ့ လုပ်ချင်တာလုပ်မိသလို ဖြစ်သွားတဲ့ အတွက် တကယ်လည်း စိတ်မကောင်းပါဘူး။ ပြီးတော့ ပညာရပ်တစ်ခုကို မျှဝေနေတဲ့သူတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားတဲ့အတွက်လည်း တကယ်စိတ်မကောင်းပါဘူး။ တကယ်လည်း တောင်းပန်ပါတယ်ဗျာ။
ကျွန်တော်တို့ကိုလည်း ကို ဇော်လင်း (Youth) အနေနဲ့ ကျွန်တော်တို့ ပြောသွားတာတွေလည်း ပွဲတစ်လျှောက် နားထောင်ခဲ့တာဆိုတော့ ၊ မြန်မာလူမျိုးတိုင်းကို အမှန်တကယ် စေတနာထားပြီးကူညီပေးချင်တဲ့ ကျွန်တော်တို့ရဲ့ စေတနာ ကိုလည်း နားလည်ထားမယ်လို့ ယုံကြည်ပါတယ်။

အကယ်လို့ အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်စေခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ထပ်ပြီးတော့ တောင်းပန်ပါရစေ။

လေးစားစွာဖြင့်
$ƴǩǾ
Myanmar IT Resource Forum

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
မနေ့က ကျွန်တော်တို့ ကောက်ခံရရှိတဲ့ လူစာရင်းကို ပြန်လည်တွက်ကြည့်တဲ့ အခါမှာ ၈၅ ယောက်ရှိပါတယ်။ ထပြန်သွားတဲ့သူတွေပါထည့်တွက်ရင်တော့ ဒီ့ထက်များမယ်ထင်ပါတယ်။

နဂိုကတည်းက ဖိုရမ်အကြောင်းသိပြီးသားသူတွေကော ၊ မသိသေးဘဲ ယောင်ဝါးဝါး လာရောက်နားထောင်တဲ့သူတွေကောကို အထူးကျေးဇူးတင်၇ှိပါတယ်။ Smile

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
လောလောဆယ်တော့ တွေ့တဲ့ပုံ တစ်ပုံဘဲ Link ကို ကော်ပီလုပ် တင်ပေးနိုင်သေးတယ်။
ကျနော်တို့ရိုက်ထားတဲ့ ပုံတွေက စက်ထဲမှာ ကျန်ခဲ့လို့။ Smile
အောက်က ပုံမှာ တားတို့ရဲ့ အချိန်စာရင်းကို ကြည့်လို့ရပါကြောင်း။


Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် DSC04235

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အောက်က ပုံမှာ ကျွန်တော်တို့ ဖိုရမ်က သူတစ်ယောက်ရဲ့ မဟေသီ ပုံ ပါတယ်ဗျို့။ ပိုင်ရှင်ကိုတော့ ဘေးမှာတွေ့ဘူးရယ်။ ဘယ်ပျောက်နေတုန်းမသိဘူး။ ဟိဟိ
ရှာတွေ့တဲ့သူကို ကို Zero က မုန့်ကျွေးမယ်တဲ့။ Razz ဟုတ်တယ်ဟုတ်

Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် Img_00301

http://www.myanmaritresource.info

moeyake

moeyake
Moderator



Moderator
သူများက ဖတ်ချင်နေပါတယ်ဆိုမှ တူက ဆန့်တငင်ငင်ယုတ်ဒယ်
တွားလူချိုး Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 35449

sHa92

sHa92
Founder



Founder
moeyake wrote:သူများက ဖတ်ချင်နေပါတယ်ဆိုမှ တူက ဆန့်တငင်ငင်ယုတ်ဒယ်
တွားလူချိုး Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 35449

အဲ။ အနော် နေမကောင်းသေးလို့ပါ။ Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 994250
မနေ့က အပြောကောင်းတာ ဒီနေ့ နှုတ်ခမ်းကွဲထားတဲ့နေရာက ပြန်ရောင်လာလို့ပါ။ Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 587134 Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 587134 သွားဖုံးတွေလည်း အရမ်းကိုက်နေလို့။ Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 246865
ခုတောင် ပြန်တော့မလို့လေ။ ကို moeyake တင်တဲ့ပိုစ့်တွေ့လို့ ပြန်ဝင်လာတာ။ ဟီး။

စိတ်ဆိုးနဲ့နော်။ ကျွန်တော်မရှိလည်း တခြားသူက ရေးပေးပါလိမ့်မယ်။
တူတို့ မရေးပေးရင်လည်း အနော်ဘဲ ရေးပေးပါမယ်။ ခုတော့ Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 829747 Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 829747 Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 829747

http://www.myanmaritresource.info

C0D3R

C0D3R
MITR Master



MITR Master
ဓာတ်ပုံထဲကဘူလေးလဲဟင် ပြောပြနော်နာကို

http://www.myanmaritresource.info

mars

mars
Moderator



Moderator
Хакер-истребитель wrote:ဓာတ်ပုံထဲကဘူလေးလဲဟင် ပြောပြနော်နာကို
ကိုမင်းကို မသိသေးဘူးလား.... ခေတ်နောက်ကျနေပြီ.. ဘယ်ခေတ်မှာနေနေတာလဲ... :find :find Razz Razz
နာသိတယ် နာသိတယ်... $ƴǩǾ လည်း ပွင့်ပွင့်လင်းလင်း ပြောပြီးပြီလေတွာ... :neener :neener

http://sidnaing.co.cc/

alt.332

alt.332
Administrator



Administrator
ကျွန်တော်မျိုး ၏ ယောက္ခမကြီးပုံပါလား.... Razz

http://www.myanmaritresource.info

kyawmin

kyawmin
MITR Reader



MITR Reader
တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူမိပါတယ်ညီလေး ။ Barcamp လိုပွဲမျိုးကို မတက်ရောက်နိုင်တဲ့အတွက်တော့ အစ်ကို စိတ်မကောင်ဘူး ။ ဘာပဲ ဖြစ်ဖြစ် အခု ညီလေးတို့အောင်မြင်တာကို ကြားသိရတော့ တစ်ကယ်ဝမ်းသာမိပါတယ် ၊ ညီလေးတို့ကိုလဲ လေးစားပါတယ် ။

sHa92

sHa92
Founder



Founder
ဓါတ်ပုံတွေက တင်လို့ရဘူးရယ်။
ကျွန်တော်လည်း ရောက်တိုင်း တင်ပေးနေတာ။

စာအရှည်ကြီးရေးတာထက် ဓါတ်ပုံလေး တစ်ပုံတင်လိုက် ၊ တစ်ကြောင်းပြောလိုက် လုပ်တာ ပိုထိေ၇ာက်မယ်ထင်လို့။
ခုထိကို တင်လို့မရသေးတာ။ Sad


အော်ဒါနဲ့ ကိုဇီးရိုး ရဲ့ အမျိုးသမီး ပုံ က Internet Journal ထိပါလာတာဗျား။
ကိုဇီးရိုး ရေ ၊ ဒီတစ်ပတ် အစည်းအဝေးကျရင် တကာခံပေတော့။ ဟိဟိ

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com