Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

bluehack

bluehack
Moderator



Moderator
Barcamp Yangon 2011 ကို ၂၀၁၁ ခုနှစ် အစောပိုင်း ဇန်နဝါရီလမှာလုပ်မယ်လို့
ကြေငြာထားပါတယ်။ အဲဒီ့အတွက် မင်မင်များ၊ မော့မော့များ ဘာတွေလုပ်မယ်လို့စိတ်
ကူးထားကြပါသလဲ။ အခုလောလောဆယ်တော့ သူတို့ကို ကူညီညာလုပ်ပေးဖို့အတွက်
စာရင်းတောင်းနေပါတယ်။ ကျွန်တော်တို့ ဖိုရမ်ကဘာလုပ်ကြမလဲဆိုတာကို အားလုံးဝိုင်း
ဆွေးနွေးကြပါအုံးဗျို့....................................

အစဉ်အလာလေးဖြစ်သွားအောင်လုပ်ကြရင်ကောင်းမလားလို့တော့တွေးမိတယ်။
Register Link ကတော့
Code:
 http://www.barcampyangon.org

Naythuerin

Naythuerin
MITR New User



BarCamp Yangon 2011 ကို Feb 19 မှာ ကျင်းမယ်လို့ သတင်းထုတ်ပြန်ထားးပါတယ် ၊
ကျနော တစ်ခုမေးချင်တာက ကျနောတို့ MITR အနေနဲ့ BarCamp Yangon 2011 ကို Member တွေ စုပီးသွားမှာလား ?
နောက်ပီး မနှစ်ကလိုပဲ Presention ကော ၀င်လုပ်ကြဦးမှာလား ?
အဲ့ဒါလေးကို သိချင်ပါတယ်ခင်ဗျာ။
ကျနော အကျြံပေးချင်တာကတော့ ကျနောတို့ MITR အနေနဲ့ Member တွေ တစ်နေရာရာမှာ စုပီး သွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ Member အဟောင်းတွေနဲ့ အသစ်တွေလည်း ရင်းနှီးမှု ရတယ် ပီးတော့ သီးခြား Greeting လုပ်ဖို့လည်းမလိုတော့ဘူးပေါ့ ။ (အကြံပေးတာပါနော )

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဟုတ်တယ်ကျွန်တော်လဲအဲ့လိုလေး ဖြစ်စေ့ချင်နေတာ။ ဖိုရမ်အနေနဲ့ လူစုပြီးတော့တက်စေ့ချင်တယ်။ ဒီအကြောင်းကို
ဒီမှာပဲဆက်ဆွေးနွေးကြစို့။ ကျွန်တော်တင်ထားတဲ့ ပိုစ့်ကို ဖျက်လိုက်တော့မယ..........

bluehack

bluehack
Moderator



Moderator
အဲဒီ့အကြံမဆိုးပါဘူး...........ကျန်တဲ့မော့ဒ်မင်များ ဘယ်လိုသဘောရကြပါသလဲ......
အားလုံး......ဝိုင်းဝန်းဆွေးနွေးတိုင်ပင်ကြရအောင်လားဗျ...................

Naythuerin

Naythuerin
MITR New User



MIRT က ကျန်တဲ့ ညီတော် နောင်တော်များ အားလုံးပဲ BarCamp 2010 ကို ကျနောတို့ MIRT အနေဖြင့် ဘယ်လို သွားကြမလဲဆိုတာ ဆက်ပီး ဆွေးနွေး ကြပါ စို့

လင်းထက်

လင်းထက်
MITR Reader



MITR Reader
မင်မင်နဲ့မော့်မော့်တွေရေ လုပ်ကြဦးလေ......
အော်ရက်က 2လပိုင် ၁၉-၂၀ ဟုတ်ပါတယ်နော်....

Naythuerin

Naythuerin
MITR New User



ဟုတ်ကဲ့ပါ Date ကတော့ Feb 19-20 ပါ
ကဲ ပွဲကတော့ နီးနေပီနော MITR Member တွေရေ ၀ိုင်းပီး ဆွေးနွေးကြပါဦးဗျ

solakoko

solakoko
Moderator



Moderator
ဒီလိုပွဲက အတွေ့ အကြုံရှိခဲ့ကြတာပဲ ဆိုတော့ သိပ်တော့ မခက်ခဲတော့ဘူးထင်ပါတယ်..
ကျန်ရှိနေသေးသော နောင်တော်တို့  ရဲ့အကြံပေးဆွေးနွေးချက်လေးတွေ ကြည့်လိုက်ပါဦးမယ်..

Naythuerin

Naythuerin
MITR New User



ဒီလိုပွဲမျိုးကို အတွေ့အကြုံ ရှိခဲ့ကြတာတော့ဟုတ်ပါပီ မနှစ်က ပွဲ မတတ်ဖြစ်လိုက်တဲ့ သူတွေကိုလည်း မနှစ်က တတ်ခဲ့တဲ့ သူတွေက သူတို့ ရဲ့ တတ်ခဲ့တဲ့ မနှစ်က BarCamp Yangon 2010 အတွေ့ အကြုံ တွေကို နည်းနည်း လောက Sharing လုပ်ပေး ရင်ကောင်းမယ်ထင်တယ် ။ ဒါမှ BarCamp ပွဲအပေါ် စိတ်ဝင်စားမှု နည်းနည်းတိုးတက်လာမယ်ထင်တယ်

solakoko

solakoko
Moderator



Moderator
မှန်ပါတယ်....
စိတ်ဝင်စားလာအောင်ပြောပြဖို့ အတွက်..အတွေ့ အကြုံမရှိလို့  စိတ်မကောင်းပါ

Naythuerin

Naythuerin
MITR New User



ကဲ မနှစ်က BarCamp Yangon 2010 ကဲ ပွဲတတ်ဖြစ်လိုက်တဲ့ MITR Member များ သင်တို့ ရဲ့ မနှစ်ကပွဲ အတွေ့ အကြုံလေးကို နည်းနည်း sharing လုပ်ပေးလိုက်ကြပါဗျာ

Naythuerin

Naythuerin
MITR New User



ကဲ Naythuerin ကပဲ အရင် Sharing လုပ်မယ်နော

မနှစ်က မီဒီယာ တွေမှာ (online မီဒီယာ) တွေမှာကောပေါ့ဗျာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံး BarCamp Yangon 2010 ပွဲကို ကျင်းပမယ်လို့ ကြေငြာတယ်ဗျ၊

အဲ့ဒီမှာ ကျနော အရမ်းစိတ်ဝင်စားသွားတယ် BarCampဆိုတာဘာလဲ?

အဲ့ဒီပွဲကို ဘယ်လို လူမျိုးတွေ တက်ရောက်ခွင့် ရှိလဲ ?

အဲ့ဒီပွဲကို တတ်ရောက်ရင် ဘယ်လို အကျိုးကျေးဇူး ရမလဲ ?


အဲ့ဒါတွေကို ကျနော စဉ်းစားမိတယ်ဗျာ။ ဘာလို့လဲ ဆိုတော့ BarCamp ဆိုတဲ့ ဝေါဟာရ က မြန်မာနိုင်ငံ မှ အဲ့ဒီပွဲစလုပ်မှ ကြားဖူးကြတာ မှတ်လား ။ နှိမ်တာတော့မဟုတ်ဘူးနော ကျနောတို့ ဆီမှာက အခုမှ ဖွံ့ ဖြိုးဆဲ ဆိုတော့ မကြားဖူးကြတာလည်း မဆန်းပါဘူး။ အဲ့လိုနဲ့ ပွဲကို တတ်ရောက်နိုင်တဲ့ သူတွေ စာရင်းပေးသွင်းလို့ ရပီ ဆိုတဲ့ အကြောင်းကို အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်ရတယ် ။ သူက အဲ့ဒီတုန်းက online registration လုပ်ရတယ်ဗျ ။ အခုလည်း အဲ့ဒီစနစ်ပါပဲ ။ ဒါနဲ့ ကျနောလည်း မှတ်ပုံတင်လိုက်တယ်ပေါ့ဗျာ အဲဒီပွဲလာမယ်လို့ ။ အဲ့ဒါနဲ့ ကျနောလည်း ကျနောတို့မြို့က လိုက်မယ့်သူတွေ ကျနော့ဘော်ဒါတွေကို လိုက်မလားလို့မေးတယ်ဗျ ။ သူတို့ ဘာပွဲလဲတဲ့ BarCamp ကိုနားမလည်ဘူး တဲ့ ။ အဲ့ဒါနဲ့ ကျနောလည်း ခေါ်လို့ရသလောက်ခေါ်သေးတယ် ခေါ်လို့မရတော့ ကျနော တစ်ယောက်တည်း ရန်ကုန်ကို ယောင်လည်လည်နဲ့ ရောက်သွားတာပေါ့ဗျာ ။ ဒီလိုနဲ့ BarCamp Yangon 2010 ကျင်းပတဲ့ Myanmar Info-tech ထဲကို ရောက်သွားတာပေါ့ဗျာ။ ရောက်လည်းးပီးရော ပွဲကျင်းပတဲ့ ခန်းမ အ၀င်ဝမှာ တန်းစီပီး survey form ဖြည့်ရတယ်ဗျ ။ ပီးတော့ BarCamp လက်ဆောင်တွေ သွားထုတ်တာပေါ့ဗျာ ။ BarCamp Yangon 2010 logo ပါတဲ့ T-shirt ရယ် ၊ဘောပင်ရယ်၊ စာအုပ် ရယ်၊ သောက်ရေခွက် တစ်ခွက်ရတယ်ဗျ ။ အဲ့ဒါနဲ့ ပွဲကျင်းပတဲ့သူတွေက နယ်က လာတဲ့သူတွေကို စာရင်းကောက်တယ်ဗျ ။ ကျနော လည်း စာရင်းပေးလိုက်ရတာပေါ့ဗျာ ။ ဒါပေမယ့် မနှစ်က BarCamp မှာ အဝေးဆုံးက လာတဲ့သူ ကို ကြေငြာတယ်ဗျ ။ ပခုက္ကူ က ကောင်လေးတစ်ယောက် က စံချိန်တင်သွားတယ် ။ အဲ့ဒီကောင်လေးက အသက် 14 နှစ်ပဲ ရှိသေးတယ်ဗျ ။ 3D animation မှာတော့ ဆရာလေးပဲ ။ နောက်ပီး အသက်အငယ်ဆုံး BarCamper ကို ကြေငြာတယ်ဗျ သူကတော့ ရန်ကုန်ကပဲ အသက်က 12 နှစ်ပဲ ရှိသေးတယ် ။ သူက Webdesigner ပေါက်စလေး ဗျ ။ အဲံဒါနဲ့ မနက် 9 နာရီလောက်မှာ အခမ်းအနား စ တင်ကြောင်းကြေငြာတယ်ဗျ ။ နောက်ပီး အခမ်းအနား အစီအစဉ်တွေကို ဖတ်ပြတယ်ဗျ ။ နောက်ပီး မနှစ်ကပွဲကို RedLink က wifi ကို free ပေးသုံးတယ်ဗျ ။ အဲ့ဒီတုန်းက internet connection က တော့ မြန်မာနိုင်ငံမှာ တစ်ခါမှတောင်မရဖူးတဲ့ speed ကော connection ဗျ ကြိုက်တဲ့ဆိုဒ်ကို ဖွင့်ကြည့်လို့ ၇တယ် လုံးဝ Banning မလုပ်ထားဘူး ။ ကို့ မှာ ကိုယ်ပိုင် Laptop ပါတဲ့သူကတော့ ကို့ ဟာနဲ့ ကိုပေါ့ဗျာ ။ Laptop မပါတဲ့သူတွေကို ASUS ကလား Acer ကလားမသိဘူး Desktop အလုံး 20 နီးပါး လာချပေးသွားတယ် အဲ့ဒီကနေ သုံးပေါ့ဗျာ အလှည့်ကျ ။ 11 နာရီလောက်မှာ အခမ်းအနား ကို ခဏရပ်နားတယ် ထမင်းစားချိန်ပေါ့ဗျာ ။
(ကဲကျနောလည်း ထမင်းတီးလိုက်ဦးမယ် ပီးမှာ ထပ်ပီး Sharing ထပ်လုပ်မယ်နော)
Laughing

Htet Naing

Htet Naing
Moderator



Moderator
အတူတူစုပြီးသွားဖို့ ကိုသဘောတူပါတယ်။ Forum အနေနဲ ဘာလုပ်ဖြစ်မလဲဆိုတာတော့မသိသေးပါဘူး။
လုပ်ဖြစ်ရင်တော့ Member တွေစည်းစည်းလုံးလုံးနဲ့ လုပ်ကြမယ်လေ။

အဲ..ဒါနဲ့ BarCamp 2010 တုန်းကလိုတော့ ပုံပြင်မပြောနဲ့ တော့နော်။
Very Happy

Naythuerin

Naythuerin
MITR New User



နေ့လည် 1 နာရီမှာ အခမ်းအနားပြန်စတယ်ဗျ ။ အဲ့ဒီမှာ Presention လုပ်မယ့်သူတွေက စာရွက်တွေသွားထုတ်ပီး ကိုဟောပြောမယ့် အခန်း နံပါတ် နဲ့ ဘာဟောပြောမလဲ ဆိုတာကို board ပေါ်မှာ သွားကပ်ထားတယ်ဗျ ။ ကျနော ကတော့ အခန်း 105 မှာလား မသိဘူး (အခန်းနံပါတ် မေ့နေပီ ) ကိုကိုရဲ က Ubantu အကြောင်း သွားနားထောင်တယ်ဗျ။ Linux အကြောင်းကော ပေါ့ ။ ကျနော က အဲ့ဒါ ကို စိတ်ဝင်စားလို့ သွားနားထောင်တာ အရမ်းကောင်းတယ်ဗျာ ။ လူတွေ က အများကြီးပဲ လာနားထောင်တာ ကျနော ဆို ခုံနေရာမရလို့ မတ်တပ်ရပ်ပီးနားထောင်ရတယ် ။ ကျနော လည်း ပီးတာနဲ့ပြန်လာတာပေါ့ ဗျာ ။ မနှစ်က BarCamp ပွဲမှာ ပွဲလာတဲ့ BarCamper အချင်းအချင်း သိပ်ရင်းနှီးတာမျိုးမတွေ့ရဘူးဗျ ။ သူ့အဖွဲ့ နဲ့သူနေကျတာ ။တကယ်ဆို အခုဖိုရမ်ထဲမှာလိုစုပီး discuss လုပ်ရင်း မိတ်ဆွေဖြစ်အောင်လုပ်ကြရမှာဗျ ။ အဲ့လို မျိုးမတွေ့ရဘူး presention လုပ်တဲ့သူကလည်းသူလုပ်စရာ ရှိတာကိုလုပ်တယ် ။ နားထောင်တဲံသူကလည်း ပြန်မေးတာမျိုးမရှိဘူး။ အဲ့ဒီ အားနည်းချက်ကိုတွေ့ရတယ်ဗျ ။ ဒီနှစ် BarCamp Yangon 2011 မှာတော့ဘယ်လို အစီအစဉ်တွေ လုပ်ထားမလဲတော့ ကျနောလည်း မပြောတတ်ဘူး ။ ထူးထူးခြားခြား လေး လုပ်မယ်လို့တော့သိထားတယ် ။

ကဲ ကျနော့ အတွေ့အကြုံ ကို sharing လုပ်ထားးပီးပီနော

bluehack

bluehack
Moderator



Moderator
ထက်နိုင် wrote:အတူတူစုပြီးသွားဖို့ ကိုသဘောတူပါတယ်။ Forum အနေနဲ ဘာလုပ်ဖြစ်မလဲဆိုတာတော့မသိသေးပါဘူး။
လုပ်ဖြစ်ရင်တော့ Member တွေစည်းစည်းလုံးလုံးနဲ့ လုပ်ကြမယ်လေ။

အဲ..ဒါနဲ့ BarCamp 2010 တုန်းကလိုတော့ ပုံပြင်မပြောနဲ့ တော့နော်။
Very Happy
အဲဒါက အစပထမဦးဆုံးမို့လို့ပါ...
ဒီနှစ်အဲလိုဖြစ်မှာမဟုတ်ပါဘူး .... ဟုတ်တယ်မဟုတ်လား....
ဝိုင်းတော်သားများဗျား............... cheers


ဟုတ်ပါတယ်ဗျို့.............................................. cheers

Naythuerin

Naythuerin
MITR New User



BarCamp Yangon2011 ကို လူစုပီး သွား သင့်မသွား သင့် Forum အနေနဲ့ Vote ကောက်ကြည့်ပါလား
တကယ်လို့ လူစုပီး သွားမယ်ဆိုလည်း ဘယ်နေရာမှ လူစုမယ် ဘယ်အချိန်ထိ စောင့်မယ် စတာတွေကို ပွဲမစ ခင် 4 ရက် 5 ရက်လောက်ထဲက ကြို ပီး ကြေငြာထားစေချင်ပါတယ်

nGr69

nGr69
MITR Reader



MITR Reader
လူစုပြီးမသွားကြဘူးလားဗျာ
ဖိုရမ်က ညီအကိုတွေကို တွေ့ ဘူးချင်ပါတယ် ချိုမှ Sad

Naythuerin

Naythuerin
MITR New User



nGr69 ငါလည်း Barcamp ပွဲလာမလို့ ဖိုရမ်က လူတွေ မတတ်ကြဘူးလားမသိဘူး

bluehack

bluehack
Moderator



Moderator
လူစုကြလေ သွားကြမယ်လေ။
ဘယ်မှာစုံကြမှာလဲ

rat

rat
MITR Reader



MITR Reader
ဘားကန့်မှာ လက်ဆောင်လိုချင်လို့ register လုပ်တာနောက်ကျသွားတယ်ဗျာ Register လုပ်ပြီးလက်ဆောင်မလိုချင်သူများ သနားကြပါခင်ညာ.... ကျွန်တော်တို့ လူစုပြီးသွားမယ်ဗျာ ဘယ်သူမှမစလို့ကျွန်တော်စလိုက်ပြီ ...... စနေနေ့ ၁၉ ရက်နေ့တွင် MIT ဂိတ်ဝရှေ့တွင် နံနက် ၇း၃၀ တိတိတွင် ကျွန်တော်နှင့် ဖိုရမ်အတွင်းမှ သူများဖြစ်ကြသော ကို nGr69 နှင့် ကိုဆက်မော် တို့နှင့်အတူ အကျီအဖြူ ၀တ်ရ်ျစောင့်ပါမည် လိုက်ပါဆုလိုသူများ [You must be registered and logged in to see this link.] သို့မေးပို့ရ်ျဆက်သွယ်ပါ ခင်ဗျာ.... ဖြစ်နိုင်လျှင် ၁၈ ရက်နေ့ မနက်ဖြန် ညနေ ၄ နာရီ နောက်ဆုံးထားပြီးမေးပို့ပေးကြပါခင်ဗျာ... ဖြစ်နိုင်လျှင် ၀တ်လာမည့် အကျီအရောင် ကို အဖြူဘဲ ၀တ်လာစေချင်ပါသည် ဖုန်းနံပါတ်. ကိုယ်ပိုင်ကားဖြင့်လာမည်ဆိုပါက ကားနံပါတ် ထင်ရှားသည့် အမှတ်အသားတို့ကို ပြောစေချင်ပါသည်... ရှာမလို့ လွယ်အောင်လို့ပါ...

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်ကတော့ စနေနေ့ တက်ဖြစ်မှာ မဟုတ်လောက်ပါဘူး။
တနင်္ဂနွေနေ့ လည်းနေ့ လည်လောက်မှပဲ လာနိုင်ပါလိမ့်မယ်။ သင်တန်းတစ်ခုရှိလို့ ပါ။ ဘာသာစကားသင်တန်းဆိုတော့ ပျက်သွားရင် ပိုရှုပ်ကုန်ပါလိမ့်မယ်။

Member တွေနဲ့ အမှတ်အသားတစ်ခုခုလုပ်ထားကြရအောင်။ ဖုန်းနံပါတ်လေးပေးထားခဲ့ကြရင် ကောင်းမယ်နဲ့ တူပါတယ်။ 09-5107137 က ကျွန်တော့ဖုန်းနံပါတ်ပါ။

ပြီးတော့ ကိုယ်နားထောင်တဲ့ အကြောင်းအရာတွေကို record လုပ်ပြီးတော့ပဲဖြစ်ဖြစ် ဖိုရမ်မှာ ပြန်မျှကြမယ်လေ။

အဲ...ကျွန်တော်ကတော့ Dell Laptop မှာ MITR ဆိုတဲ့စာတန်းလေးကပ်ထားမယ်ဗျာ။



Last edited by ထက်နိုင် on 17th February 2011, 2:53 pm; edited 1 time in total

Htet Naing

Htet Naing
Moderator



Moderator
rat wrote:ဘားကန့်မှာ လက်ဆောင်လိုချင်လို့ register လုပ်တာနောက်ကျသွားတယ်ဗျာ
ကျွန်တော်လည်းနောက်ကျသွားတယ်ဗျ။ 10 ရက်နေ့ နောက်ဆုံးဆိုလားပဲ။ အဲ့ဒါကို ကျွန်တော်က ၁၁ ရက်မှ register လုပ်တာကို...တစ်ရက်ထဲပဲဗျာ။ မနှစ်ကတော့ လုပ်ထားရဲ့ သားနဲ့ မရတာ..
register လုပ်ထားတဲ့လူတွေဆီက CD/DVD စတာတွေ ပြန်ကူးရမှာပေါ့။

mr.devil.1994

mr.devil.1994
MITR New User



ကျွန်တော်ကတော့မွေးရပ်မြေကိုအလည်ပြန်နေလို့မရောက်ဖြစ်တော့ဘူးဗျာ
register တော့လုပ်ပြီးပါပြီ
အင်္ကျီမရနိုင်တော့ဘူးဗျာ
ဝမ်းနည်းစရာပဲ....
Crying or Very sad

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ကိုကြွက်ကတော့ ပို့လိုက်ပြီ........ အားလုံးအလုပ်တွေ အကိုင်တွေနဲ့ ဆိုတာနားလည်ပါတယ် ဒါပေမယ့် အားလုံးကိုလာစေချင်ပါတယ် ပြီးတော့ဒီ forum ထဲကလူတွေဘဲ အားလုံးရင်းနှီးသွားရင် ပိုကောင်းပါတယ်, ....မနှစ်က Red Link က ချပေးတဲ့ မြန်မာနိုင်ငံမှာမရဘူးတဲ့ cOnnection က သွားဖူးတဲ့လူတွေ သိပါတယ်....၁၅ မိနစ်ဘဲရတာပါ ပြီးတော့ လည်းကျသွားရော....မကောင်းပြောတာဟူတ်ဘူးနော် ကောင်းတာက အကျီလေးခုထိရှိသေးတယ် (မတော်လို့ မ၀တ်တာ)..........

nGr69

nGr69
MITR Reader



MITR Reader
လာဖို့ အဆင်ပြေမယ့်သူတွေ အကုန်လာစေချင်ပါတယ်
19ရက်နေ့  မနက် 7:30 ဂိတ်ဝကနေစောင့်နေမယ်နော် cheers

အရပ်ရှည်ရှည် ခပ်၀၀ ရိုက်မလွဲ ပုံဆို ကျွန်တော်လို့ သာမှတ် Razz

လက်ဆောင်မလိုချင်တဲ့ သူများရှိပါက
ကိုယ်စားလက်ခံ ပေးမည် ဖြစ်ပါကြောင်း Wink
(ဘယ်သူကမလိုချင်ဘဲ နေမလဲနော် အမှတ်တရဘဲဟာ)

sHa92

sHa92
Founder



Founder
ထက်နိုင် wrote:အဲ...ကျွန်တော်ကတော့ Dell Laptop မှာ MITR ဆိုတဲ့စာတန်းလေးကပ်ထားမယ်ဗျာ။
ကိုထက်နိုင် Forum နာမည်နဲ့ စတစ်ကာပါလုပ်ထားတာလား..
အဲလောက် ချစ်တယ်လား... ဖိုရမ်ကို... အဟိ...

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Registration က မနေ့ကတော့ ပြန်ဖွင့်ထားတယ်လို့ ကြားပါတယ်...
၇ ခွဲဆိုတော့ မစောလွန်းဘူးလား... (အဲအချိန်ဆို မနိုးဘူးဗျ.... ကျွန်တော်က Early Bird မဟုတ်ဘူး... Owl ဖြစ်နေလို့)
စမှာတောင် ၉ ဆိုပေမယ့် ၁၀ လောက်မှ တကယ်စဖြစ်တာ...
ကျွန်တော်ကတော့ ၈ ခွဲလောက်မှ လာမယ်လို့ စဉ်းစားထားပါတယ်...
ဒါပေမယ့် စောစောသွားရင် Register မလုပ်ထားလည်း ၊ လက်ဆောင်ရမယ်လို့ ဗော်လွန်တီယားကြီး တစ်ယောက်ဆီက သတင်းရထားပါတယ်.

http://www.myanmaritresource.info

nGr69

nGr69
MITR Reader



MITR Reader
sHa92 wrote:Registration က မနေ့ကတော့ ပြန်ဖွင့်ထားတယ်လို့ ကြားပါတယ်...
၇ ခွဲဆိုတော့ မစောလွန်းဘူးလား... (အဲအချိန်ဆို မနိုးဘူးဗျ.... ကျွန်တော်က Early Bird မဟုတ်ဘူး... Owl ဖြစ်နေလို့)
စမှာတောင် ၉ ဆိုပေမယ့် ၁၀ လောက်မှ တကယ်စဖြစ်တာ...
ကျွန်တော်ကတော့ ၈ ခွဲလောက်မှ လာမယ်လို့ စဉ်းစားထားပါတယ်...

ကိုဆိုက်ကို ဘာမှဝင်မပြောလို့ မလာတော့ဘူးမှတ်နေတာ
လာဖြစ်အောင်လာနော်

7:30 ကစောတော့စောပါတယ်
ဒါပေမယ့်လူစုမိအောင် ကြိုစောင့်နေမယ့်သဘောပါ
နောက်ပြီး မစခင် ဖိုရမ်ကလူတွေကြီးဘဲ ဆွေးနွေးစရာရှိတာဆွေးနွေးရအောင်ပါ

(လက်ဆောင်ကတော့ကံတရားပေါ့နော် ရရင်တော့ ကောင်းလေစွ ကောင်းလေစွ)

sHa92

sHa92
Founder



Founder
ဟီးဟီး... ပြောပါတယ်ဗျ...
ကိုလူပြို ဒီ တော့ပစ်ကို ဆွဲခေါ်လာကတည်းက ကြည့်နေတာပါ... ဟိုတစ်ခါက ဒီတော့ ပစ် ပြန်ပျောက်သွားလို့လေ... ခုမှ ပြန်ပေါ်လာလို့ ၀င်ပြောတာ...
၇ ခွဲဆိုတော့ မဆိုးတော့မဆိုးပါဘူး... လက်ဆောင်အတွက်တော့ စိတ်ချရမှာပါ...

http://www.myanmaritresource.info

rat

rat
MITR Reader



MITR Reader
ကောင်းတယ်ဗျာ ဒါဆိုရင် လူဆုံဖို့ရှိတယ် စောင့်မယ်ဗျာ ဆက်သွယ်ကြပါအုံး မင်ဘာများ......

nGr69

nGr69
MITR Reader



MITR Reader
ကံကောင်းလို့ လက်ဆောင်ရပါတယ်ဗျာ
ကွန်ကတော့ပြောမနေနဲ့ ကောင်းတာ
အရှည်ကြီးမရေးတော့ဘူးဗျာ ရေးနေရင်းနဲ့ ကျသွားမှာစိုးလို့  Razz Razz

Htet Naing

Htet Naing
Moderator



Moderator
nGr69 wrote:ကံကောင်းလို့ လက်ဆောင်ရပါတယ်ဗျာ
ကွန်ကတော့ပြောမနေနဲ့ ကောင်းတာ
အရှည်ကြီးမရေးတော့ဘူးဗျာ ရေးနေရင်းနဲ့ ကျသွားမှာစိုးလို့  Razz Razz
ဘာတွေရလဲဆိုတာလဲ ပြောဦးလေ။ ကျွန်တော်ကခုမှရောက်လို့ ပါ။

sHa92

sHa92
Founder



Founder
Native Speaker တွေကိုတော့ လက်လန်တယ်....
Foreign Speaker တွေကြောင့် တော်သေးတယ်ပြောရမယ်... (သို့ပေမယ့် နားထောင်တဲ့သူထဲမှာ တကယ့် great တွေ မပါတော့ ပြန်မဆွေးနွေးနိုင်ဘူး။) All are Users!

http://www.myanmaritresource.info

nGr69

nGr69
MITR Reader



MITR Reader
ကျွန်တော်က ဘာမှမသိသေးတဲ့ သူဆိုတော့
နားထောင်ခဲ့ရတာ တော်တော်ကောင်းပါတယ်
နောက်နှစ်မှာဒီထက် ကောင်းတာတွေနားထောင်ရမယ်လို့ 
မျှော်လင့်မိပါတယ် cheers

z3r0c00l

z3r0c00l
Administrator



Administrator
၁၉ ရက်နေ့က ရုံးမပိတ်ဘူး။ ၂၀ ရက်နေ့ MD ပြန်မှာမို့ တစ်နေကုန် Meeting ရှိနေတာနဲ့မရောက်ဖြစ်တာပါ။ ဓါတ်ပုံလေးဘာလေး တင်ကြပါဦးဟ။ နာလဲကြည့်ချင်တာပေါ့။ နာ Register တောင်လုပ်ထားတယ်။
ငါ့သမက်လေးနှစ်ယောက် (alt & dr.burma) နဲ့လဲ တွေ့ရမယ်ဆိုပြီးတော့ ငါပျော်နေတာ။ ခုတော့ မရောက်ခဲ့ပါဘူးကွယ်။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com