1 FTP Server ကိုအသုံးပြုခြင်း 25th January 2010, 1:54 pm
z3r0c00l
Administrator
FTP ဆိုတာဘာလဲပေါ့။ FTP ဆိုတာကတော့ (File Transfer Protocol) လို့ခေါ်ပါတယ်။ FTP Service
ကိုသုံးတော့မယ်ဆိုရင်တော့ ဘာအတွက်အသုံးပြုမယ်ဆိုတာကို အရင်သိထားရမယ်လေ။ ကဲ ......ကျွန်တော်တို့
FTP Service ကို ဘာအတွက်အသုံးပြုမလဲ။ FTP Service ကို အသုံးပြုရတဲ့ အကြောင်းအရင်းကတော့
Computer တစ်လုံးနဲတစ်လုံး Data တွေကို ဖလှယ်ဖို့ရန် အတွက်အသုံးပြုတာဖြစ်ပါတယ်။ ဟ...... Computer
တစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်ဖို့အတွက်များ FTP Service သုံးနေရသေးလား ဒီအတိုင်းပဲ
ကိုယ်ပေးသုံးချင်တဲ့ Data တွေကို Share ပေးလိုက်ရင်သုံးလို့ရပြီမဟုတ်လား။ အဲဒီလိုလဲမဟုတ်သေးဘူးဗျ။ အဲဒီ
FTP Service က Computer တစ်လုံးနဲ့တစ်လုံး Data ဖလှယ်ဖို့အတွက်တင်မကဘူး Platform မတူတဲ့
Computer တစ်လုံးနဲ့တစ်လုံး ကြားမှာပါ Data တွေကို ဖလှယ်လို့ရပါတယ်။ ကျွန်တော်တို့က အဲဒီအတွက် FTP
Service ကို သုံးမှာဖြစ်ပါတယ်။
အခု ကျွန်တော်က FTP (File Transfer Protocol) Server ကို ဘယ်လို Installation လုပ်ရမလဲဆိုတာကို
အဆင့်တစ်ဆင့်ချင်း အလိုက် ရှင်းပြပေးမှာ ဖြစ်ပါတယ်။ FTP Server ကို Installation လုပ်တော့မယ်ဆိုရင်တော့
ပထမဦးစွာ Control Panel ကို သွားရမှာ ဖြစ်ပါတယ်။ Start Menu အောက်က Control Panel ကို
သွားလိုက်ပါ။
[You must be registered and logged in to see this image.]
Control Panel Box ကျလာပါလိမ့်မယ်။

Control Panel Box ကျလာပြီဆိုတော့ ၎င်း Control Panel Box ထဲက Add or Remove Programs ကို
နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ Add or Remove Program ကျလာပါလိမ့်မယ်။

၎င်း Add or Remove Programs Box ထဲကဘယ်ဘက်မှာရှိတဲ့ Add/ Remove Windows Components
ဆိုတာကို နှိပ်လိုက်ပါ။ Please Wait ဆိုပြီး ခဏစောင့်ခိုင်းပါလိမ့်မယ်။

ခဏလောက်ကြာပြီးရင် Windows Component Wizard Box ပွင့်လာပါပြီ။

၎င်း Windows Components Wizard Box ထဲကဒုတိယမြောက်မှာရှိတဲ့ Application Server ကို Select
မှတ်ပြီး Detail ကို နှိပ်လိုက်ပါ။

ဒါဆိုလို့ရှိရင် Application Server Detail Box ပေါ်လာပါပြီ။

၎င်း Application Server Box ထဲက Internet Information Services (IIS) ကို Select မှတ်ပြီး Detail ကို
ထပ်နှိပ်ပါ။

အခုတစ်ခါ Internet Information Services (IIS) Detail Box ကျလာပါပြီ။

၎င်း Internet Information Services (IIS) Box ထဲက File Transfer Protocol (FTP) Service ရဲ့
ဘေးမှာရှိတဲ့ Check Box ကို On ပေးလိုက်ပါ။

FTP Service ကို On လိုက်တာနဲ့ တစ်ပြိုင်တည်း Common File နဲ့ Internet Information Services
Manager နှစ်ခုစလုံးရဲ့ ဘေးမှာရှိတဲ့ Check Box တွေဟာ အလိုအလျောက် On ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၎င်းနောက် OK ကို နှိပ်လိုက်ပါ။

၎င်းနောက် Application Server Box ထဲမှာ ရှိတဲ့ Internet Information Services (IIS) ရဲ့ ဘေးက Check
မှာပါ အလိုအလျောက် On သွားပါလိမ့်မယ်။ ဒီ box မှာဘာမှလုပ်စရာမလိုပါဘူး OK ကိုနှိပ်ထွက်လိုက်ပါ။

နောက်ဆုံး Windows Components Box ထဲက Application Server မှာပါ အလိုအလျောက် On
ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ ၎င်း Box ထဲက Next ကို နှိပ်ပါ။

ကဲ.....FTP Server Installation စတင်နေပါပြီ။

၎င်း FTP Server Installation လုပ်နေစဉ် လိုအပ်တဲ့ File တွေကို Copy ကူးဖို့အတွက် မိမိ computer ရဲ့
Windos OS Installation လုပ်တုန်းက အသုံးပြုခဲ့တဲ့ Windows CD ကို တောင်းပါလိမ့်မယ်။ (ဥပမာ-မိမိစက်က
Windows Server 2003 Enterprise Edition တင်ထားတယ်ဆိုရင် ၎င်း Windows Server 2003
Enterprise Edition CD ကို ထည့်ပေးရမှာပါ။) တောင်းတဲ့ CD ကို CD-ROM ထဲမှာ ထည့်ပြီး OK ကို နှိပ်လိုက်ပါ။

နောက်ဆုံးမှာတော့ Completing the Windows Components Wizard Box ပေါ်လာပါပြီ။

၎င်း Box ထဲက Finish ကို နှိပ်လိုက်မယ်ဆိုရင် FTP Server Installation လုပ်လို့ ပြီးဆုံးသွားပါပြီ။
ကဲ...........အခုဆိုရင် FTP Server ကို Install လုပ်တာတော့ပြီးသွားပါပြီ။
ဟုတ်ပြီ FTP Server ကို Install လုပ်လို့ပြီးသွားရင် Platform မတူတဲ့ Computer ဆီကို
ဘယ်လိုခေါ်ပြီးအသုံးပြုမလဲ။ လွယ်ပါတယ်။ Browser ကိုအသုံးပြုရမှာပေါ့။ Browser ဆိုတော့ IE တို့ Mozilla
Firefox တို့လိုမျိုးအသုံးပြုရမှာပေါ့ဗျာ။ ကဲ အခု Browser ကိုဖွင့်လိုက်ပါ။ ၄င်းနောက် Address Bar မှာ
[You must be registered and logged in to see this link.] လို့ရိုက်ထည့်လိုက်ပါ။ [You must be registered and logged in to see this link.] ရဲ့နောက်က IP Address ဟာ မိမိလှမ်းခေါ်အသုံးပြုချင်တဲ့
Computer ရဲ့ IP Address ကိုရိုက်ထည့်ပေးရမှာပါ။

ကဲ.......ရပါပြီခင်ဗျာ။
Credit to Ko Zaw Lin