1 PHP အကြောင်းအသေးစိတ် [Tutorial] 25th January 2010, 11:26 am
z3r0c00l
Administrator
ကျွန်တော် Personal Home Page (သို့မဟုတ်) Perl Hypertext Preprocessor လို့ခေါ်တဲ့ PHP အကြောင်းကို စတင်သင်ကြားမှာဖြစ်ပါတယ်။
ဒီပို့စ်တွေကို ဦးဌေးဝင်းရေးတဲ့
*******************************************************************************************************
Php ကို Install လုပ်ခြင်း။
ဤ ဆောင်းပါး မှာ Php run နိုင် တဲ့ web sever တစ် ခု ကို သင် ၏ computer တွင် install လုပ် နည်း ကို ဖေါ်ပြ သွား ပါမည်။
စတင် လေ့ လာ သူ များ အတွက် အလွယ် ကူ ဆုံး က EasyPhp Package ကို သုံး ရုံ ပါ ပဲ။
EasyPhp အကြောင်း။
EasyPhp ဆို တာ တွဲဖက် အလုပ် လုပ် ရ တဲ့ Software ၄ ခု ကို Install လုပ် ရ လွယ် အောင် စုထား တဲ့ package တစ် ခု ဖြစ် ပါ တယ်။
ဒီ Software ၄ ခု ကို folder တစ် ခု ထဲ မှာ install လုပ် ပေး ပြီး လိုအပ် တဲ့ configuration ပါ လုပ် ပေး ပါ တယ်။ (လူ က နည်း နည်း တော့ setting လုပ်ရ ပါ တယ်)
EasyPhp မ ပေါ် မှီ က အခက် အခဲ များ။
ယခင် က ဒီ Software ၄ ခု ကို သီး ခြား စီ install လုပ် ရ ပါ တယ်။ နောက် ဒီ ၄ ခု တွဲ အ လုပ်လုပ် နှိုင် အောင် ခက်ခက် ခဲခဲ configuration လုပ် ရ ပါ တယ်။
ဒီ ဆောင်းပါး မှာ EasyPhp ကို download လုပ် ပြီး windows 9x/ ME/ XP ကို အ ပေါ်မှာ install လုပ် နည်း အဆင့် ဆင့် ကို ရှင်း ပြ ထား တာ ဖြစ် ပါ တယ်။
EasyPhp v5.3.0 package မှာ ပါဝင် သော Software များ။
* Php programming language V5.3.0
* Apache Web Server V2.2.13
* MySql Database System V5.1.37
* Php MyAdmin Database GUI interface V3.2.1
Install လုပ် ရန် ပြင်ဆင် ခြင်း။
* Easy Php ကို အောက်တွင် ဖေါ်ပြ ထားသည့် အတိုင်း download လုပ် ပါ။
* ပိတ် လို့ ရ တဲ့ application အားလုံး ကို ပိတ် လိုက် ပါ။
* C drive မှာ 60 meg လောက် free space ရှိ အောင် ရှင်း ထား ပါ။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------
EasyPhp download လုပ်ပုံ နှင့် Install လုပ် ပုံ အဆင့်ဆင့် ကိုအောက် တွင်ဖေါ် ပြထား ပါသည်.
၁. EasyPhp download လုပ်မည့် link ကို Google Search Page ကို အသုံး ပြုပြီး ရှာပါ။
၂. EasyPhp download link ကို click လုပ်ပါ။
၃. နောက်ဆုံး version ကို download လုပ်ပါ။
၎. Desktop ပေါ်သို့ Download လုပ်ပါ။ Download ပြီးသည် အထိ ခေတ္တ စောင့်ပါ။
၅. EasyPHP ကို install လုပ်ခြင်း။
a. Download လုပ်ထား သော EasyPHP5.3.0 setup.exe အိုင်ကွန် (icon) ကို အောက်ပုံ အတိုင်း တွေ့ရ ပါမည်။
b. Install လုပ်ရန် EasyPhp setup icon ကို double click လုပ်ပါ။
၆။ English ကိုရွေးပါ။
၇။ Welcome screen ပေါ်လာမည်၊ Next ကို click လုပ်ပါ။
၈။ License agreement form ပေါ်လာ ပါမည်။
I accept the agreement ကိုရွေးချယ်ပါ။
I accept the agreement ကိုရွေး ပြီးနောက် Next ကို click လုပ်ပါ။
၉။ Information form ပေါ်လာမည်။ Next ကို click လုပ်ပါ။
၁၀။ EasyPHP ကိုဘယ် မှာ install လုပ်ချင် သလဲ မေးပါမည်။
Next ကိုသာ click လုပ်လိုက်ပါ။
၁၁။ ယခု install လုပ်ရန် အဆင်သင့် ဖြစ်နေ ပါပြီး။ Next ကို click လုပ်ပါ။
နောက်ထပ် form တစ်ခု ပေါ်လာ ပါမည်။ Next ကိုသာ click လုပ်လိုက်ပါ။
၁၂. EasyPhp setup.exe bundle သည် အောက်ပါ software များကို install လုပ်ပေး ပါမည်။
၁၃။ Installation စပါမည်။ ပြီးသည့် အထိ စေါင့်ဆိုင်းပါ။
၁၄။ EasyPhp install လုပ်လို့ ပြီးပါပြီး။ Finish ကို click လုပ်ပါ။
၁၅။ ထိုအခါ EasyPHP Help စါမျက်နှာ ပေါ်လာ ပါမည်။ သေသေ ချာချာ ဖတ်ပါ။
၁၆။ Window ၏ task bar တွင် EasyPHP icon ပေါ်နေသည် ကို တွေ့ရ ပါမည်။
၎င်း icon ကို right click လုပ်ပါ။
၁၇။ အောက်တွင် ဖေါ်ပြပါ form ပေါ်ပြီး မီစိမ်း ၂ခု လင်းနေ ပါက EasyPHP အလုပ်လုပ် နေ ပါပြီ။
ဒီပို့စ်တွေကို ဦးဌေးဝင်းရေးတဲ့
- Code:
www.phpmyanmar.com

Last edited by z3r0c00l on 28th April 2010, 9:47 am; edited 1 time in total