1 လွယ်ကူလေ့လာသင်ခန်းစာ [Tutorial] 28th September 2009, 1:56 pm
sHa92
Founder
လွယ်ကူလေ့လာ HTML သင်ခန်းစာ
HTML နဲ့ ပါတ်သက်ပြီးတော့ အလွန်ကောင်းမွန်တဲ့ မြန်မာလို Tutorial တွေလည်း ထွက်ရှိပြီးသားပါ။ ဒါပေမယ့် သူတို့ ရေးထားတာတွေမှာ လိုအပ်နေတာလေးတွေလည်း ရှိပါတယ်။
ကျနော့်အနေနဲ့ ဒီနေရာမှာ အဲလို စာအုပ်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ရင်းနဲ့ ကိုယ်သိသလောက်လည်း မျှဝေရင်း HTML အကြောင်းရေးကြဖို့ စိတ်ကူးမိပါတယ်။
အရင်ကတော့ ဖိုရမ်ထဲမှာဘဲ ကိုဧပရယ်ကောင်လေး စထားတဲ့ Topic တစ်ခုရှိတယ်ဗျ။ ဒါပေမယ့် လုပ်ချင်တဲ့ရည်ရွယ်ချက်က အဲလိုမဟုတ်လို့ ခွဲထုတ်လိုက်တာပါ။
ဒီနေရာမှာ ကျနော်လိုချင်တာက ပုံမှန်ရေးနေကြ Tutorial တွေ စတိုင်လိုမျိုး တစ်ယောက်ထဲက ရေးသွားတာမျိုး မလိုချင်ပါဘူး။ အားလုံး ပေါင်းစည်းပြီးတော့ ဆွေးနွေးပေးသွားတာမျိုး ၊ တစ်ယောက် လိုအပ်ချက် တစ်ယောက်က ဖြည့်ပြောပေးသွားတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးကြပါမယ်။
ကျနော်ကိုယ်တိုင်လည်း ဆွေးနွေးပေးမှာ ဖြစ်သလို MITR အဖွဲ့သားများ အနေနဲ့ လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ HTML အပိုင်းဆိုတော့ လွယ်လည်း လွယ်လို့ သိတဲ့ သူတော်တော် များတဲ့ အတွက် ၀ိုင်းဝန်းဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်။ Batch File Programming တုန်းကလိုတော့ ကျနော်တစ်ယောက်ထဲ မရေးတော့ဘူးနော်။ သိတဲ့သူက ၀ိုင်းရေးပေးကြဦး။ တော်တော်လေး စုံလာတော့မှ PDF ပြောင်းကြတာပေါ့။
အားလုံးက ၀ိုင်းဝန်းဆွေးနွေးကြမယ့် ပုံစံနဲ့ ရေးမှာဖြစ်တဲ့ အတွက် ဟိုရောက်ဒီရောက် မဖြစ်ရလေအောင် ရေးမယ့် သင်ခန်းစာခေါင်းစဉ် အစီအစဉ်တွေတော့ လိုပါလိမ့်မယ်။ ဘာအကြောင်းပြီးရင် ဘာလာမယ်ဆိုတာမျိုးပေါ့။ သင်ခန်းစာ (၁) ၊ (၂) စသည်ဖြင့် အရင် သတ်မှတ်ကြတာကောင်းပါလိမ့်မယ်။
အဲဒီ့လိုမှ သင်ခန်းစာ (၁) ကို ကျနော်ကနေ စဆွေးနွေးတယ်ဆိုပါတော့ ၊ အဲဒီ့ သင်ခန်းစာ (၁) မှာ ကျနော် ပြောသွားတာ လိုနေတယ်ဆိုရင် နောက်လူတွေက ၀င်ပြော ၊ ဖြည့်ပြောကြပါမယ်။ သင်ခန်းစာ (၁) ရဲ့ ခေါင်းစဉ်နဲ့ ပတ်သက်လို့ တော်တော် စုံပြီဆိုရင် ၊ နောက်ထပ် တစ်ခန်းကို အဆင်သင့်တဲ့ သူက အရင်တင်သွားပါမယ်။ အဲဒီ့ တင်သွားတဲ့ သူရဲ့ ဆွေးနွေးချက်မှာ လိုနေတာကိုမှာ ကျန်တဲ့သူတွေက ထပ်ဖြည့်ကြပါမယ်။
အဲလိုသာ ပုံမှန် လုပ်လာမယ်ဆိုရင်တော့ ကောင်းမွန်ပြည့်စုံတဲ့ HTML စာအုပ်တစ်အုပ် ရရှိလာမယ်လို့ယုံကြည်ပါတယ်။ Tutorial တစ်ခုကို ခေါင်းတစ်ခေါင်းထဲက ထုတ်ပြီးတော့ ရေးမယ့်အစား ၊ခေါင်းတွေပေါင်းပြီး ရေးကြမှာပါ။ ဒါကတော့ ကျနော် လုပ်ချင်တဲ့ ရည်ရွယ်ချက်ပါ။ ကျနော့် ရည်ရွယ်ချက် အကောင်အထည်ပေါ်ပြီးတော့ ဖြစ်မြောက်လာအောင်ကတော့ MITR အဖွဲ့သားတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ် ခင်ဗျာ။
ပထမအဆင့်အနေနဲ့ သင်ရိုးမာတိကာ သတ်မှတ်ကြပါမယ်။
ကျနော်က စပြီးတော့ သတ်မှတ်ကြည့်ပါ့မယ်။ လိုအပ်တာ ရှိကိုရှိမှာပါ။ ဖြည့်စွက်ပေးကြပါ။
ခေါင်းစဉ်ကြီးအောက်မှာတော့ အဲဒီ့ သင်ခန်းစာ တစ်ခုမှာ ယေဘုယျအားဖြင့် ပါ၀င်နိုင်တဲ့ အကြောင်းအရာတွေပါ။
ခေါင်းစဉ်ကြီးကို လည်း အတည်တကျ သတ်မှတ်ထားတာမဟုတ်ဘူးနော်။ ကျနော် စာအရေးအသား ၊ ခေါင်းစဉ်ပေးတာတွေ အကုန် ညံ့တယ်။ ကျနော်က လိုချင်တာကို ရောက်အောင်ဘဲ ရေးထားတာ။
ခေါင်းစဉ်တွေကို ထိထိမိမိနဲ့ တိုတိုလေး ဖြစ်အောင် ပြင်ပေးပါဦး။ ပြီးတော့ လိုနေတာတွေလည်း ဖြည့်ပေးကြပါဦး။
.......................$ƴǩǾ ၏ HTML နှင့် ပတ်သက်သော သင်ရိုးမာတိကာ.....................
သင်ခန်းစာ (၁) ။ ။ HTML မိတ်ဆက်
HTML ဘယ်ကနေ ဘယ်လို ပေါ်ပေါက်လာတာ။ HTML ဆိုတာ ဘာ။ HTML နဲ့ ဘာတွေလုပ်လို့ရတယ်။ ယနေ့ခေတ်မှာ HTML ကို ဘာကြောင့်အသုံးပြုသေးတယ်။ HTML ကို ဘယ်လို Tools တွေ သုံးပြီးတော့ ရေးနိုင်တယ်။ HTML ရဲ့ Concept ၊ Webpage တစ်ခုရဲ့ ယေဘုယျအားဖြင့် ရှိနိုင်တဲ့ Structure ၊ HTML ရှိသလို XHTML ရှိတဲ့အတွက် သူတို့ ၂ ခုရဲ့ ကွာခြားချက်။ သူတို့ ၂ ခုလုံးရဲ့ ရေးသားပုံ Syntax ။
စတာတွေကို ရေးသားပါမယ်။
..............................................XXXX......................................................
သင်ခန်းစာ (၂) ။ ။ HTML ရေးရာတွင် မပါမဖြစ်ပါလေ့ရှိသော code များ
html ဆိုတာ? blockquote ဆိုတာ? body တို့ header တို့ဆိုတာ? br နဲ့ div ဆိုတာ? h1 ကနေ h6 အထိ က ဘယ်နေရာမျိုးမှာ သုံးတဲ့ ဘယ်လိုဟာမျိုးတွေဆိုတာ? hr ဆိုတာက?
အဲဒါတွေ အကြောင်းအသေးစိတ်နဲ့ သုံးပုံသုံးနည်းများကို ရေးသားကြပါမယ်။

သင်ခန်းစာ (၃) ။ ။ HTML ရေးရာတွင် ထိပ်ဆုံး၌ ပါလေ့ရှိသော code များ
base? link? meta? script? style? title? စတာတွေ အကြောင်းအသေးစိတ်ဆွေးနွေးကြပါမယ်။

သင်ခန်းစာ (၄) ။ ။ List လုပ်ရာတွင် သုံးလေ့ရှိသော code များ
dl? dd? dt? dir? li? menu? ol? ul? စတဲ့ Code တွေ အကြောင်းဆွေးနွေးကြတာပေါ့။ ကျနော် မသိလို့ ကျန်နေတာတွေလည်းရှိနိုင်ပါတယ်။

သင်ခန်းစာ (၅) ။ ။ စာသားများ၏ Format တစ်ခုခုကို သတ်မှတ်ပေးချင်လျှင်သုံးလေ့ရှိသော code များ
a, abbr, acronym, address, b, basefont, bdo, big, blink, center, cite, code, comment, del, dfn, em, font, i, ins, kbd, marquee, nobr, noscript, plaintext, pre, q, rb, rbc, rp, rt, rtc, ruby, s, samp, small, span, strike, strong, sub, sup, tt, u, var, wbr, xmp
စသော မကုန်မခမ်းနိုင်သော Text Formatting နဲ့ သက်ဆိုင်တာတွေ အကြောင်းဆွေးနွေးပါ့မယ်။ ကျန်သေးရင် လည်း ဖြည့်ပေးသွားဦးနော်။

သင်ခန်းစာ (၆) ။ ။ Form တစ်ခု တည်ဆောက်ရင် သုံးလေ့ရှိသော Code များ
button, fieldset, form, input, isindex, label, legend, optgroup, option, select, textarea
ဒီအခန်းမှာ စတာတွေ နဲ့ ပတ်သက်ပြီးဆွေးနွေးကြပါ့မယ်။

သင်ခန်းစာ (၇) ။ ။ Media ပိုင်းဆိုင်ရာနဲ့ ပတ်သတ်သော Code များ
ဒီအခန်းမှာ ဓါတ်ပုံများ ၊ သီချင်းများ ထည့်ချင်ရင် သုံးလေ့ရှိတဲ့ Code တွေကို ရှင်းပြကြပါမယ်။
အဲဒါတွေထဲမှာ applet, area, bgsound, embed, img, map, noembed, object, param, တွေလည်းပါမယ်ထင်ပါတယ်။ လိုတာရှိရင် ဖြည့်ပေးပါ။

သင်ခန်းစာ (၈) ။ ။ Table တည်ဆောက်ရင် သုံးလေ့ရှိသော Code များ
caption, col, colgroup, table, tbody, td, tfoot, th, thead, tr
စတာတွေ ပါမယ်ထင်ပါတယ်။

သင်ခန်းစာ (၉) ။ ။ Frame နှင့်ပတ်သက်သော Code များ
frame, frameset, iframe, noframes စတာတွေ ပါလာပါလိမ့်မယ်။

သင်ခန်းစာ (၁၀) ။ ။ ကျန်ရှိသည့် အခြား Code များ
id, lang, onblur, onchange, onclick, ondblclick, onfocus, onkeydown, onkeypress, onkeyup, onload, onmousedown, onmousemove, onmouseout, onmouseover, onmouseup, onreset, onselect, onsubmit, onunload, style
စတာတွေကို ဆွေးနွေးသွားပါ့မယ်။ အခြား code များဟု သာ ဤ အပိုင်းသည် အမည်တပ်ထားရတယ်။ တကယ်တော့ သိပ်မထည့်ပေးချင်ဘူး။ ဘာလို့လဲဆိုတော့ WebPage ကို Virus အသွင်ဖန်တီးနိုင်တာ ဒီ Code တွေနဲ့ အများဆုံးဖြစ်လို့ပါ။ ဒါပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ လေ့လာနိုင်စေရန် ရည်ရွယ်လို့ပါ။ လိုနေတာလေးတွေရှိရင်လည်း ဖြည့်ပေးပါဦးနော်။

ကျနော် အခု ပုံစံချလိုက်တာ ၁၀ ခန်းရှိပါတယ်။ ကျနော်လည်း ကိုယ့်ဟာကိုယ် မာတိကာတွေ ကို ဟိုကူးဒီကူးနဲ့ လျှောက်ထုတ်လိုက်ပြီးတော့ နောက်မှ ပြန်ဖတ်မိတယ် တော်တော်ရှည်တာဘဲ ၊ ဒီပုံအတိုင်းဆို တော်တော်ရေးရမှာနော့်။ ဖိုရမ်မင်ဘာတွေအနေနဲ့ ဇွဲကောင်းကောင်းနဲ့ ရေးနိုင်ပါ့မလားလို့တောင် စိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ အခု ကျနော် ထုတ်လိုက်တဲ့ သင်ရိုးမာတိကာ တောင်မှ ၁၀ ခန်းရှိနေပြီ။ နောက်လူတွေသာ ထပ်ဖြည့်လိုက်ရင်တော့....
ဘာဘဲဖြစ်ဖြစ်ပါဗျာ။ မြန်မာလူမျိုးတွေ အိုင်တီပညာကို အခက်အခဲမရှိ မြန်မာလို လွယ်ကူစွာ လေ့လာစေချင်ကြတာ ကျနော်တို့ အားလုံးရဲ့ ရည်ရွယ်ချက်ပါ.... အဲဒီ့ရည်ရွယ်ချက်လေးနဲ့ စိတ်ရှည်ရှည်ရေးသွားမယ်.... Member များအနေနဲ့ လည်း တက်ကြွစွာ ညီညီညွတ်ညွတ် ပူးပေါင်းဆွေးနွေးသွားမယ် ဆိုရင်တော့ ဒီ Tutorial ဟာ အောင်မြင်စွာပြီးသွားမယ်လို့ ယုံကြည်ပါတယ်။
ကျနော့် သင်ရိုးမာတိကာ ကို ပြင်ရုံလေး ဖြည့်ရုံလေး မဟုတ်ဘဲနဲ့ လုံးဝမတူသော သင်ရိုးမာတိကာမျိုးကို လည်း လက်ခံပါတယ်။ အဓိကကတော့ သင်ရိုးကို မြန်မြန်ထုတ်ပြီးတော့ မြန်မြန်စပြီးဆွေးနွေးကြဖို့ပါ။

Last edited by $ƴǩǾ on 21st February 2010, 5:28 pm; edited 2 times in total