1 Barcamp Yangon 2009 တွင် MITR Forum အနေနှင့် အောင်မြင်စွာ Presentation ပြုလုပ်နိုင်ခဲ့သည် 24th January 2010, 2:21 pm
sHa92
Founder
ကျနော်တို့ ဒီနေ့ (တနင်္ဂနွေနေ့)မှာ ကျနော်တို့ရဲ့ ဖိုရမ်ကို အများပြည်သူများ ပိုမိုသိရှိလာစေဖို့အတွက် ၊ ယခုလက်ရှိပြုလုပ်နေတဲ့ Barcamp Yangon 2009 ပွဲမှာ ၀င်ရောက်ပြသဖို့ အတွက် မနေ့ညက တိုင်ပင်ဖြစ်ခဲ့ပါတယ်။
တိုင်ပင်ထားတဲ့ အတိုင်းလည်း အကောင်းဆုံးပြင်ဆင်လိုက်နိုင်ပါတယ်။
မနေ့ညက အချိန်မလောက်တော့တာနဲ့ တိုင်ပင်ရုံတိုင်ပင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှ လုပ်စရာရှိတာ အားလုံးကို အလောတကြီးလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပန်ဖလတ် ဆိုလည်း ကျနော် ရယ် ၊ alt.332 ရယ် ၊ ကျော်ခိုင် (Member တစ်ဦး) ရယ်ကနေပြီးတော့ မနက် ၁၀ နာရီကမှ လှည်းတန်းမှာ သွားရိုက်ခဲ့ရတာပါ။
ပြီးတော့ ပါဝါပွိုင့်များကိုလည်း နေ့လည် ၁၂ နာရီမှ ပြင်ဆင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အချိန်မရလို့ ရသလောက် အခြေအနေနဲ့ ပြင်ဆင်ပြီး အကောင်းဆုံး တင်ဆက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာဆိုရင် အဓိကလိုတာကတော့ Presenter ပါ။
Presenter ကိစ္စကို ကျနော်တို့ အတော်လေးကို ခေါင်းစားခဲ့ရပါတယ်။
ကျနော်ဆိုရင်လည်း ပထမဆုံး အတွေ့အကြုံဆိုတော့ မပြောရဲ ၊ Attacker ဆိုလည်း မပြောရဲနဲ့ တော်တော်လေး ခေါင်းစားခဲ့ရတာပါ။
နောက်ဆုံးမှာတော့ မပြောလည်း မပြီးမယ့်အတူတူ အားလုံး တိုင်ပင် ပြောကြမယ်ဆိုပြီး ဆုံးဖြတ်ချက် ချဖြစ်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ ပွဲလေးဟာဆိုရင် နေ့လည် ၂ နာရီမှာ စတင်ပါတယ်။
ကျနော်တို့ရှေ့မှာဆိုရင် Ubuntu ပွဲပါ။ တကယ့်ကို အောင်မြင်တဲ့ပွဲပါ။ ကြိတ်ကြိတ်တိုး စီကားလှပါတယ်။ မတ်တပ်ရပ်တင် တော်တော်များခဲ့ပါတယ်။
ကျနော်တို့ အတော်ကို ကြောက်နေခဲ့တာပါ။
ကျနော်တို့နဲ့ အချိန် အပြိုင်အဖြစ် MYID မှ WEP Hack (ကို ဇူးဇူး) ၊ Unicode (ကို ငွေထွန်း) စတာတွေ ရှိနေပါတယ်။
သူတို့ဟာဆိုရင် တကယ့်ကို နာမည်ကြီးပြီးသား နာမည်ရှိပြီးသား လူတွေဖြစ်လို့ ၊ သူတို့ပွဲတွေကိုဘဲ လူသွားပြီး ၊ ကျနော်တို့ဆီကို လူမလာမှာ အတော်ကို စိုးရိမ်ခဲ့ရတာပါ။
အဲလိုနဲ့ Ubuntu Show လည်းပြီးရော ကျနော်လည်း စက်ဆင်ဖို့ အပြေးဝင် လုပ်စရာရှိတာ လုပ်နေလိုက်ပါတယ်။ လူလာမယ် မလာဘူး စိတ်မပူအားပါဘူး။
စက် ဆင်ဖို့ ဇော ကပ်နေလို့လေ။
နောက်တော့ စက်လည်း ဆင်ပြီးသွားရော ၊ ဘေးဘီ လှည့်ကြည့်လိုက်တာ ထိုင်ခုံပြည့်ဖြစ်နေပါရောလား။ ကျနော်ဆို တော်တော်တောင် လန့်သွားပါတယ်။ အဲလောက် လူအများကြီး ရှေ့ ငါ ပြောများ ပြောနိုင်ပါ့မလား ဆိုပြီးတော့ပေါ့။ မတတ်နိုင်ဘူး ပြောတော့ ပြောရမှာဘဲဆိုတဲ့ စိတ်နဲ့ ပြန်တင်းနေခဲ့ရပါတယ်။
ဆက်ပါဦးမယ်။ (လောလောဆယ် File တွေ ဒေါင်းလုဒ်ဆွဲနေလို့ ၊ သတင်းဦး ဖတ်ချင်တဲ့သူတွေကို အခု ပြီးပြီးချင်းလာပြောတာ။)
ဆက်ဦးမယ်နော်။ ခဏစောင့်....