Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

စာစီစာရိုက်အတွက် အခြေခံမှစပြီးလေ့လာကြအောင်[Article]

Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator

စာစီစာရိုက်အတွက် အခြေခံမှစပြီးလေ့လာကြအောင်


ကျနော်ထင်တယ် စာစီစာရွက်အတွက်ဆို MS Excel နဲ့ Adobe Pagemaker လောက်ဆို တော်တော်အသုံးဝင်ပါပြီ
MS Word နဲ့  Powerpoint ကိုတော့ နည်းန်ညးလောက်သိထားရင်တော်လောက်ပါပြီ
(ကျနော်အထင်နော်)
ကျနော်ကိုယ်တိုင်လည်း Word နဲ့ Powerpoint သုံးတတ်ရုံလောက်ပဲ လေ့လာထားပါတယ်
အခု ဒီမှာ အမြန်ဆုံးစာစီစာရိုက်လုပ်ငန်းနားလည်းအသုံချနိုင်ဖို့ ကျနော်သိသလောက် နေ့စဉ် ရေးသားပါမယ်
ကျနော်အခုရေးတာက တတ်ကျွမ်းသူများအတွက်မဟုတ်ပါဘူး စတင်လေ့လာသူများအတွက် အကျိုးရှိစေဖို့ပါ
ကျနော်လည်း တစ်ဖက်တစ်လမ်းက ကုညီဆောင်ရွက်ပေးတာပါ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Spreadsheet Basics


Column ဆိုတာ ဒေါင်လိုက်ရှိနေတဲ့ အကွက်တွေဖြစ်ပြီး အက္ခရာတွေဟာ ကော်လံအသီးသီးကို ကိုယ်စားပြု ဖော်ပြတာဖြစ်ပါတယ်

Row ဆိုတာ အလျားလိုက် အကွက်တွေဖြစ်ပြီး ဂဏန်းတွေဟာ စာကြောင်းတစ်ခုစီကို ဖော်ပြပါတယ်

Cell ကတော့ စာရင်းဇယားဆော့ဝဲထဲက အကွက်တစ်ကွက်ဖြစ်ပါတယ်။

Active Cell လက်ရှိအသုံးပြုတဲ့ Cell ဒါမှမဟုတ် Active ဖြစ်နေတဲ့ Cell ထဲကိုသာ အချက်အလက်တွေ ထည့်သွင်းလို့ရပါတယ်
Active Cell တွေဟာ ထူထဲတဲ့ အနားသတ်လိုင်း(သို့) မီးခိုးရောင်အရိပ်အဖြစ် တွေ့ရတတ်ပါတယ်

Cell Reference (သှို) စာရင်းဇယားဆော့ဝဲရဲ့ Cell တွေထဲက Cell တစ်ခုရဲ့ တည်နေရာကို ဖော်ပြတဲ့ လိပ်စာဖြစ်ပါတ်ယ
Cell ရဲ့တည်နေရာကို Column နှင့် စတင်သတ်မှတ်ပြီး သူနဲ့ တည့်တည့်မှာရှိတဲ့ Row နံပတ်နဲ့တွဲခေါ်ပါတယ်
ပုံထဲမှာ Column C ရဲ့ Row (2) ဖြစ်တဲ့အတွက် အဲ့ဒီ Cell ကို C2 လို့ခေါ်ပါတယ်။

[You must be registered and logged in to see this image.]

Formula စာရင်းဇယားဆော့ဝဲထဲမှာ Formula ဟာတွက်ချက်တဲ့ အပိုင်းနဲ့ အချက်အလက်တွေကို ဆန်းစစ်တဲ့နေရာမှာ ကူညီဆောင်ရွက်ပေးပါတယ်
Formula တွေကို ထည့်သွင်းတဲ့အချိန်မှာ အချက်အလက် ကိန်းအစစ်ဖြစ်တဲ့ (ဥပမာ 10+30)အစား သူရဲ့ Cell Reference ဖြစ်တဲ့ (A1+A2) ကို ထည့်သွင်းရပါတာ်
မှတ်သားရန်။ =A1+A2

[You must be registered and logged in to see this image.]

http://alinkarnya.blogspot.com/
Share this post on: reddit

မဆိုးဘူးဗျ။
အခြေခံ TuT တစ်ခု ထွက်လာပြီ။ ဟီးဟီး
ဆက်ရေးနော်။

စာရင်းဇယားပရိုဂရမ်ဟာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းအစဉ်အလိုက်တွက်ချက်ပေးအောင်စီစဉ်ထားပါတယ်
၁ (^) ထပ်ကိန်း
၂ အမြှောက်နဲ့ အစား
၃ အပေါင်းနဲ့အနှုတ်

ပုံမှာပြထားတဲ့ cell ဟာ Formula ရဲ့ အဖြေကို ထည့်သွင်းလိုပါက
=A1+A2+A3+A4
=10+20+30+40
100
[You must be registered and logged in to see this image.]

နောက်ဥပမာတစ်ခုအနေနဲံ့
.=A1+A2+A3/A4
.=30+40+100/50
72
လို့တွေ့ရမှာဖြစ်ပါတယ်

[You must be registered and logged in to see this image.]

Formula Tips

Automatic Recalculation တကယ်လို့ Formula ထဲက ကိန်းတွေကို ပြောင်းလဲခဲ့ရင် သင့်အနေနဲ့
အစအဆုံးပြန်ပြီးထည့်သွင်းတွက်ချက်နေစရာမလိုပဲ အဖြေဟာလည်း အလိုအလျောက် ပြောင်းလဲ သွားမှဖြစ်ပြီး အဖြေသစ်ကို တစ်ခါတည်း ဖော်ပြပေးမှာဖြစ်ပါတယ်။
အဲ့ဒီလုပ်ဆောင်ချက်ဟာ ဖြစ်နိုင်ချေရှီတဲ့ နောက်ခံအကြောင်းအရာတစ်ခုရဲ့ တန်ဖိုးတစ်ခုကို အကဲဖြတ်တွက်ချက်ရာမှာ အသုံးဝင်စေပါတယ်

ဥပမာ။။အတိုးနှုန်းကွာဟသွားမှုဟာ အပေါင်ထားတဲ့ ပစ္စည်းအပေါ် ဘယ်လို သက်ရောက်မလဲဆိုတာ တွက်ချက်တာမျိုးဖြစ်ပါတယ်
သင်ဟာ ဂဏန်းတစ်လုံးပြောင်းလဲပြီးတာနဲ့ ချက်ခြင်းအဖြေကို တန်းပြီးသိနိုင်ပါတယ်။
[You must be registered and logged in to see this image.]

Using Parenthese
တကယ်လို့ Formula ထဲမှာ ကွင်းတွေ အသုံးပြုခဲ့ရင်တော့ စာရင်းဇယားပရိုဂရမ်ဟာ ကွင်းအတွင်းမှာရှိတဲ့ ကိန်းတွေကို အရင်တွက်ချက်ပါလိမ့်မယ်

A5 မှာ အဖြေတွက်ချက်မယ်ဆိုပါက
.=A1*(A2-A3)+A4
220
220
အဖြစ်တွက်ချက်ပေးပါဖြစ်ပါတယ်။

[You must be registered and logged in to see this image.]

Copy a Formula စာရင်းဇယားဆော့ဝဲကို Formula တစ်ခုထည့်သွင်းပြီးရင် Cell တစ်ခုထဲကို ကော်ပီသုံးနိုင်ခြင်းဖြင့် အချိန်ကုန်သက်သာစေပါတယ်
စာရင်းဇယားပရိုဂရမ်ဟာ Cell တွေပြောင်းလဲသွားတဲ့အတိုင်း ပြောင်းသွားတဲ့ Cell တွေရဲ့ တည်နေရာကိုလည်း Formula ထဲမှာ အလိုအလျောက် ပြောင်းပေးပြီး
အဖြေထုတ်ပေးမှာဖြစ်ပါတယ်

[You must be registered and logged in to see this image.]

Function တွေဟာ အသုံးပြုနိုင်တဲ့ Formula ဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်စေပါတယ်

Sum ဆိုတဲ့ Function ဟာ ဇယားတွေကို ပေါင်းထည့်ပေးပါတယ်
ပုံမှပါတဲ့ Function ရဲ့ အဖြေဖြစ်ပြီး
ဥပမာအားဖြင့်
.=Sum(A1:A4)
.=A1+A2+A3+A4
.=10+20+30+40
100

Average(ပျမ်းမျှ) Function ဟာ ဇယားထဲက နံပတ်အားလုံးပေါင်းရဲ့ ပျမ်းမျှ တန်ဖိုးတွေကို တွက်ချက်ပေးပါတယ်
A5 ဟာ Function ရဲ့ အဖြေဖြစ်ပါတယ်
.=Average(A1:A4)
.=(A1+A2+A3+A4)
.=(30+40+20+10)/4
25
[You must be registered and logged in to see this image.]
Max ဆိုတဲ့ Function ဟာ ဇယားထဲက အကြီးဆုံးကိန်းကို ဖော်ပြပေးပါတယ်
.=Max (A1:A4)
.=70
[You must be registered and logged in to see this image.]




ကျနော် အလုပ်တစ်ဖက်နဲ့ ရေးရတာမို့ နောက်ကျတာရှိပါတယ်
ကျနော်တတိနိုင်သမျှ နေ့စဉ်တင်ပါမယ်ခင်ဗျာ
ပိုက်ဆံရှိမှစာသင်ရတော့မလားဆိုတာကို MITR က ပြောင်းလဲကြရအောင်ဗျို့

ကောင်းတယ်ဗျာ ကို ET .. ကျနော်လည်း ထပ်ဖြည့်ပြောကြည့်မယ် ..
တကယ်လို့ အဲလို Function အကြီးတွေ ခေါ်သုံးမယ် ကိုယ်ကလည်း မသိဘူး ဆို ဘယ်ကသုံးမလဲ ကြည့်ရအောင်
အရင်ဆုံး ကိုယ်အဖြေထုတ်မယ့် cell အကွက်မှာ နေရာအရင်ချ လိုက်ပါ ..
[You must be registered and logged in to see this image.]
ပြီးရင် ပုံထဲက fx လေး နှိပ်လိုက်ပါ .. insert function လို့လည်း ခေါ်ပါတယ်

[You must be registered and logged in to see this image.]

Select a Function အောက်ဘက်မှာ နေ formula တွေယူသုံးလို့လည်း ရပါတယ် ..
အဲဒီမှာ ကို ET ပြောသွားတဲ့ Average တို့ Sum တို့လည်း ရှိပါတယ် ..


ကျနော်ကတော့ ဥပမာ အနေနဲ့ Min ဆိုတဲ့ formula ယူသုံးလိုက်မယ်ဆိုရင်( သဘောကတော့ အနည်းဆုံး ကိန်းကိုယူချင်တာပါ )
ဟုတ်ပီ ပြီးရင် အောက်က ပုံလေးပေါ်လာမယ် ..


[You must be registered and logged in to see this image.]

ဒါဆို အဲမှာ ဘယ်ကနေ ဘယ်အထိ ရှာမယ်ဆိုတာလေး ထည့်ပေးရပါမယ်
ဥပမာ .. ကျနော်က A2:A9 ဆို၇င် သူက အဲထဲက ဂဏန်းတွေကို အဖြေထုတ်ပေးပါလိမ့်မယ် ..
အဲလောက်ဆိုရင် insert function ကို သုံးတတ်သွားပါလိမ့်မယ်ဗျာ ... :doit
................

(နောက်လည်း ကျနော်သိသလောက်လေး ၀င်ရေးပေးပါမယ်ဗျာ) :clap :clap :exercise :cheer

Great Contribution Bro.
ဆက်ရေးပေးထားပါဦး။

Edit a Spreadsheet

Column width and Row Height
အကယ်၍ Cell ထဲမှာ အချက်အလက်တွေ မဆံပဲ ဖြစ်နေပါက Column ရဲ့ အကျယ်ကိုရော Row ရဲ့ အမြင့်ကိုပါ ပြောင်းပေးနိုင်ပါတယ်

Edit Data
စာရင်းဇယားထဲမှာ အချက်အလက်တွေ ထည့်သွင်းပြီးပါင အချက်အလက်အသစ်တွေထပ်ထည့်ခြင်း၊ ဖျက်ပစ်ခြင်း၊ တစ်ခြားတစ်နေရာကို ရွေ့ပြစ်ခြင်းများ ပြုလုပ်နိုင်ပါတယ်
ပရိုဂရမ်ဟာ နောက်ဆုံးပြောင်းလဲ တည်းဖြတ်တာကို မှတ်ထားပြီးဖြစ်လို့ Undo လို့ ခေါ်တဲ့ ပြောင်းလဲ မှုကို မပြောင်းလဲချင်ရင် မူလအခြေအနေ အတိုင်း ပြန်ရှိစေနိုင်ပါတယ်။

Complete a Series
အဲ့ဒီလုပ်ဆောင်ချက်ကတော့ 12 လစာစာရင်းတွေ တွက်ချက်မယ်ဆိုရင် ဇန်န၀ါရီ ဖေဖော်ဝါရီ ဆိုပြီး တစ်ခုခြင်းဆီ တည့်သွင်းစရာမလိုပဲ
သူနဲ့ သက်ဆိုင်တဲ့ အတွဲလိုက်ကြီးကို တစ်ခါထဲ ထည့်သွင်းပေးနိုင်ပါတယ်
စာတွေသာမက၊ ဂဏာန်းတွေ အချိန်အပိုင်းအခြားလိုက် သတ်မှတ်ထားတာကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Rows and Column
အချက်အလက်အသစိတွေကို Row အလိုက် Column အလိုက် ထည့်သွင်းနိုင်သလို မလိုအပ်တဲ့ Column
အချက်အလက်တွေကိုလည်း Row အလိုက် Column အလိုက် ဖျက်ပစ်လို့ရပါတယ်.

Working with Cell Ranges

Ranges ဆိုတာကတော့ Cell တစ်ခုထဲ ထက်ပိုတဲ့အစီအရင်အလိုက် လေးထောင့်ပုံလေးကို ခေါ်ဆိုပါတယ်
[You must be registered and logged in to see this image.]

စာစီစာရိုက်သင်တန်းတက်စရာမလိုတော့ဘူးပေါ့ ဟုတ်လား

ဆက်ရေးနော် ကျွန်တော်လည်းလေ့လာနေတယ် သင်တန်းတော့တက်ဘူး

ကျနော် ခရီးလွန်နေတဲ့အတွက် ပိုစ်တင်တာ နောက်ကျသွားပါတယ်
အခု ပြန်ေ၇ာက်ပြီဆိုတော့ ကျနော်နေ့စဉ်ပုံမှန်ပြန်တင်သွားပေးပါမယ်

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com