Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Laptop များဝယ်တော့မယ်ဆိုရင်[Article]

Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator

အခုအချိန်မှာ laptop တွေကလည်း ဒုနဲ့ဒေး ထွက်ပေါ်နဲ့ပြီး laptop, netbook စသဖြင့် အမျိုးအစားတွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီ လို ရှုပ်ထွေးလှတဲ့ ရွေးခြယ်မှုတွေကြားမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ laptop တစ်လုံး ကိုအကောင်း ဆုံး ရွေးခြယ်ဝယ်ယူနိုင်ဖို့အတွက် အခြေခံ အချက်လေးတွေကို စုစည်းပေးလိုက်ပါတယ်။

Laptop တစ်လုံးဆိုရင် ပထမဦးဆုံး စဉ်းစားမိတဲ့အချက်ကတော့ အရွယ်အစားနဲ့ပုံစံပါ။ အရွယ်အစား သိပ်သေးလွန်းရင် စာရိုက်ရတာ နှေးကွေးမယ်။ အလုပ် တွင်မှာ မဟုတ်သလို၊ မလိုအပ်ပဲ ကြီးလွန်းနေပြန်တော့လည်း laptop ရဲ့ ရည် ရွယ်ချက်ဖြစ်တဲ့ အလွယ်တကူ သယ်သွား နိုင်မှုကို ထိခိုက်လာပြန်ပါတယ်။ laptop ကို သာမန် အားဖြစ် screen size နဲ့ ခွဲခြားလိုက်မယ်ဆိုရင် ၁၂ လက်မ နဲ့အောက် တွေကို netbook လို့ ယေဘုယျ သတ်မှတ်နိုင်ပြီး ၁၂ လက်မ အထက် တွေကတော့ laptop အတွက် ရွေးခြယ်လို့ကောင်းတဲ့ အရွယ် အစားပါ။ ၁၆ လက်မ အထက်ဖြစ်လာပြီ ဆိုရင်တော့ desktop ကွန်ပျူတာ အစားထိုး ကွန်ပျူတာ တွေဖြစ်လာပြီး သယ်သွားတာနည်းပြီး အလုပ်မှာ၊ အိမ် မှာ အများအားဖြင့်ထားပြီး သုံးမယ်ဆိုရင် ရွေးခြယ်သင့်ပါတယ်။

ဒုတိယ စဉ်းစားရမဲ့အချက်က processor ပါ။ ထုတ်လုပ်သူတွေက Intel, AMD စသဖြင့် အဓိက ၂ ခုရှိပြီး အမျိုးအစားထဲမှာတော့ Pentium , Core 2 Duo, Athlon, Sempron စသဖြင့် ရှိပါတယ်။ သာမန်အားဖြင့် Core နှစ် core ဆိုရင် multitasking အတွက် အကောင်းဆုံး လုပ်ဆောင်နိုပြီး၊ သုံး core လေး core ဆိုရင် လုပ်ဆောင်ချက် ပိုမို ကောင်းမွန် ပါတယ်။ clock speed ကလည်း စဉ်းစား စရာ တစ်ခုဖြစ်ပြီး သတိထားရမှာက အမြန်နှုန်းမှာ သူ့လိုင်းနဲ့ သူပဲ နှိုင်းယှဉ် နိုင်ပါတယ်။ ဥပမာ အားဖြင့် 2.0 GHz Intel Atom Processor က 1.8 GHz Intel Atom Processor ထက် ပိုမြန်ပေမဲ့ 1.8 GHz Intel Core 2 Duo ထက် ပိုမြန်မှာ မဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ memory ပါ။ သာမန်အားဖြင့် memory များရင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင် ပေမဲ့ ဈေးလည်း ကွာ သွားမှာပါ။ ပြင်ပမှာ memory တွေက အလွယ်တကူ ၀ယ်ယူနိုင်တာကြောင့် laptop ၀ယ်တဲ့ အချိန်မှာ memory ကို လိုအပ်သလောက်ပဲ ၀ယ်ယူပြီး နောက်ပိုင်း အသုံးပြုတဲ့ ပုံစံ၊ ဆော့ဖ်ဝဲတွေရဲ့ လိုအပ်ချက် တွေကြောင့် ထပ်မံ လိုအပ်ခဲ့ရင် ၀ယ်ပြီး တိုးချဲ့တာက ပိုကောင်းတဲ့ အကြံ တစ်ခုပါ။ သတိထားရမှာက memory အတွက် slot အပို ကျန်မကျန်ကို မေးပြီး ၀ယ်ဖို့ပါ။

ဗီဒီယိုကဒ်ကလည်း စဉ်းစားရမဲ့ အချက်ထဲမှာပါဝင်နေပြန်ပါတယ်။ တကယ်လို့ laptop ကို အလုပ်အတွက်လည်း အသုံးပြုချင်တယ်၊ နားနေ ချိန်မှာ ဂိမ်းလည်း ဆော့ ချင်တယ်ဆိုရင်တော့ graphic / video ကဒ် ကောင်းကောင်း ပါတဲ့ laptop ကိုရွေးခြယ်ရမှာပါ။ ဗီဒီယို ကဒ် ကောင်းရင် ကောင်းသလို ဈေးနှုန်းလည်း တက်လာမှာဖြစ်ပြီး ဘက်ထရီ သက်တမ်းမှာပါ သက်ရောက်မှုတွေရှိလာမှာပါ။ သာမန် အားဖြင့် အသုံးပြုဖို့ဆိုရင်တော့ 512 MB ရှိတဲ့ ဗီဒီယို ကဒ်က လုံလောက်ပါတယ်။

နောက်ပိုင်း laptop တွေမှာ optical drive (CD drive) မပါဝင် လာတာတွေတွေ့ရပြီး တကယ်လို့ ကိုယ်က ရံဖန်ရံခါ သာ CD / DVD အသုံးပြု တယ်ဆိုရင်တော့ optical drive မပါတဲ့ ပါးလွာတဲ့ laptop ကိုရွေးခြယ်ပြီး CD / DVD အတွက် external drive ကို ၀ယ်ယူနိုင်ပါတယ်။ Hard Disk မှာတော့ သိုလှောင်စွမ်းအား များတာက ရေရှည် အတွက် စိတ်ချရပြီး သာမန် အသုံးပြု သူများ အတွက်တော့ 250 GB ဆိုရင် လုံလောက်ပါတယ်။ လည်ပတ်နှုန်းမှာ တော့ 5400 RPM ကနေ 1,000 RPM အတွင်းရှိပြီး 7200 RPM လောက်ဆိုရင် အတော် အဆင်ပြေနေပါပြီ။ လည်ပတ် နှုန်းမြင့်ရင် Hard disk ရဲ့ ဖတ်နှုန်းမြန်မှာဖြစ်သလို၊ စက်လည်း စွမ်းဆောင် ရည်လည်း တက်လာမှာ ဖြစ်ပေမဲ့ တစ်ဖက် မှာလည်း လည်ပတ် နှုန်းများလေ ဘက်ထရီ အကုန်မြန်လေဆိုတာလည်း သတိထားရမှာပါ။

Wireless ကလည်း နောက်ဆုံးမှာ 802.11n အထိ ရှိနေပြီး၊ n ဆိုရင်တော့ data တွေကို အမြန်ဆုံး ရွေ့ပြောင်းနိုင်မှာပါ။ ဘက်ထရီ မှာလည်း နောက်ပိုင်း laptop တွေမှာ Apple Mac book တွေလို ကိုယ်တိုင် ဖြုတ်တပ် မလုပ်နိုင်တဲ့ အမျိုးအစားတွေလည်း ထွက်နေတာ ကြောင့် ဘက်ထရီ အပို ဆောင်ထားချင်တဲ့သူတွေ က laptop မ၀ယ်ခင်မှာ ကိုယ်ဝယ်မဲ့ laptop က ဘက်ထရီ ဖြုတ်လို့ ရမရ စစ်ဆေး သင့်ပါတယ်။ Screen မှာတော့ ယေဘုယျ အားဖြင့် နေပူတဲ့ outdoor မှာ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ထုတ်ပေးနိုင်ခြင်းရှိ ၊ မရှိ စတဲ့ အချက်က laptop ၀ယ်ယူရာမှာ စဉ်းစားရမဲ့ အချက်ပါ။


Ref: တူလေး

http://sidnaing.co.cc/
Share this post on: reddit

Core တွေများတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ နည်းပညာက linear scaling မဖြစ်လို့ပဲ ဖြစ်ပါတယ်။ Linear scaling ဆိုတာက ဆိုပါစို့ core ၁ ခုနဲ့ ဆိုရင် ၄ မိနစ် ကြာမဲ့အလုပ်ကို core ၂ ခုဆိုရင် ၂ မိနစ်နဲ့ ပြီးတာမျိုးကို ဆိုလိုပါတယ်။ တကယ်လက်တွေ့မှာကတော့ scheduling and other overhead တွေ ရှိတဲ့အတွက် ၂ မိနစ် ကျော်ကျော် ၃ မိနစ်နီးပါးဆိုတော့ core ၁ ခုစာ ပိုက်ဆံအတွက် ၁ မိနစ်ကျော်ပဲ အမြတ်ထွက်တဲ့ သဘောပေါ့။ core 4 ခုနဲ့လုပ်လို့ ၁ မိနစ်ခွဲကြာမယ်ဆိုရင်လဲ အဲဒီအတိုင်းပါပဲ။

Core 2 Dou မှာလည်းmodel အများကြီးရှိပါတယ်။(ကျွန်တော်ပြောတာ processorနော်)
တစ်ချို့  Core 2 Duo က Core 2 Duo လို့ သာပြောပေမယ့်  processing လုပ်တဲ့ အခါကျတော့  Dual Core
ထက်နဲနဲပဲသာတာကိုတွေရပါတယ်
ဘာပဲ ဖြစ်ဖြစ်လေ Core 2 Duo laptop ဆိုတော့ လရှိန်တာူတော့ အမှန်ပဲဗျ.........

:shout :shout

I don't want to buy IT products.Because I bought Core 2 Duo Laptop about 3 months ago.Now, core i3,i5,i7 appear.I want to sell my laptop.Because I think out of date.So,I suggest that
if u want to buy IT products,don't buy!!!!!
:doit :doit :doit :doit :doit :doit :doit :doit :doit

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com